Chapter 47

4.5K 761 19
                                    

Unicode

မင်းရဲ့တည်ရှိမှုက အကောင်းဆုံး သောကမျှဝေခြင်းပဲ
________________________________

ထိုနေ့ညမှာ ဝေ့ရွှင်းအိမ်မက်တစ်ခုမက်ခဲ့သည်။ အိမ်မက်ထဲတွင် ဝေ့လန်က အခုလိုပဲ စင်ပေါ်မှာသီချင်းဆိုနေခဲ့ပြီး စင်အောက်မှာတော့ သူတစ်ယောက်ထဲပဲရှိလေသည်။ ဝေ့လန်က သူ့ကိုကြည့်ကာ သီချင်းဆိုလာသည်။

'' ကျွန်တော့်အဆိုးအကောင်းမှန်သမျှ အကုန်လုံးကိုချစ်ပေးစေချင်တယ် ''

ဝေ့လန်က ထိုသို့ဆိုအပြီး စင်အောက်ကို ခုန်ဆင်းလိုက်ကာ သူ့ဆီပြေးလာရင်း အမောတကောမေးလိုက်သည်က

'' ကော ကျွန်တော့်ကိုချစ်လား ''

သူ့ဆီကနေဘာစကားသံမှမထွက်လာပေ။

သို့သော်လည်း ဝေ့လန်ကပြုံးပြပြီး သူ့လည်ပင်းကိုတွယ်ဖက်ကာ သူ့နှုတ်ခမ်းကိုဖွဖွနမ်းရင်း

'' ကော ကျွန်တော် ခင်ဗျားကိုချစ်တယ် ''

ဝေ့ရွှင်းရုတ်တရက်ကြီး မျက်လုံးပွင့်လာခဲ့သည်။ အိမ်မက်ကြောင့်မငြိမ်မသက်ဖြစ်နေသည့်သူ့ရဲ့စိတ်အစုံဟာ အချိန်အကြာကြီး အံ့သြမှင်သက်နေခဲ့သည်။ သူ ဘေးကို သတိလက်လွတ်လှမ်းကြည့်မိချိန် ဝေ့လန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုမြင်လိုက်ရပြီး တဖက်လူရဲ့ငယ်ရွယ်ချောမောသည့်မျက်နှာလေးက မျက်စိပဒေသာဖြစ်လှလေသည်။

ဝေ့ရွှင်း ဝေ့လန်ကို ထိုအတိုင်းလေးပဲ အချိန်အကြာကြီးငေးကြည့်နေခဲ့ပြီး အိမ်မက်ထဲကအကြောင်းအရာများကို ပြန်မြင်ယောင်လာပြန်သည်။ သို့သော် သူမျက်နှာပေါ်မှာ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်းမရှိပဲ ရေသေလိုတည်ငြိမ်နေလေသည်။ သူ ဝေ့လန်ကို စောင်ပုံထဲပြန်ထည့်ပေးလိုက်ကာ သူကတော့ ရေချိုးခန်းထဲဝင်ပြီး အလုပ်များသည့်နေ့သစ်တစ်နေ့ကိုစတင်လိုက်သည်။

ဝေ့လန်နိုးလာတော့ မနက်၁၀နါရီတောင်ကျော်နေပြီဖြစ်သည်။ သူ အိပ်ယာပေါ် အိပ်ချင်မူးတူးရုပ်ဖြင့်ခဏငိုင်နေလိုက်ကာ ဝေ့ရွှင်းအိပ်နေကျနေရာကိုလှမ်းကြည့်ပြီး ဘယ်သူမှမရှိတော့တာကိုမြင်တော့ သူနိုးလာတဲ့အထိတောင်မစောင့်ပေးဘူးဟု စိတ်ထဲကနေအပြစ်တင်လိုက်လေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now