Chapter 42

4.4K 882 19
                                    

Unicode

ဝေ့ရွှင်းက မင်းကိုမသိစေချင်ဘူး၊ ဒါပေမဲ့ ငါကတော့ မင်းသိသင့်တယ်လို့ထင်တယ်
_________________________________

ဝေ့ရွှင်းက ခေါင်းငြိမ့်ပြလာကာ

'' ကျွန်တော်ခဏနေ ဝေ့မင်ကိုသွားရှာမှာ ''

ဝေ့ရှီးရဲ့ မြှားလို့အကြည့်တွေက ဒိုင်းကနဲဝင်ရောက်လာပြီး

'' ငါခုနကဘာပြောလိုက်လဲ ''

ဝေ့ရွှင်းက ချက်ချင်းပြန်ပြင်လေသည်။

'' ကျွန်တော်ခဏနေ ဝေ့လန်ရဲ့အဖိုးကိုသွားရှာမှာ ''

'' မင်းအဖေရော မင်းအတွေးတွေကိုသိလား ''

'' သိတယ် ''

'' သူဘာပြောလဲ ''

'' သူပြောတာက ' တကယ်လို့ မင်းသာ ဝေ့အိမ်ကိုလက်ခံလာအောင်လုပ်နိုင်စွမ်းရှိရင် ငါလည်းသဘောတူပေးမယ် ' ''

'' ဒါဆိုရှောင်လန်ရောသိလား ''

'' သူ မသိဘူး ''

'' မင်းသူ့ကိုမပြောပြထားဘူးလား အဖေသဘောတူလို့ ငါတို့အိမ်ကကိစ္စတွေကို မင်းရုတ်တရက်ကြီး လက်ဝင်လျှိုလာခဲ့ရင် ရှောင်လန်ဘယ်လိုထင်သွားမလဲ အပြင်ကဘာမှမသိတဲ့လူတွေကရော ဘယ်လိုမြင်ကြမလဲ ''

'' အပြင်ကလူတွေ ဘယ်လိုထင်ထင် ကျွန်တော်ဂရုမစိုက်ဘူး ဒါကသူတို့အမြင်နဲ့ သူတို့ထင်ချင်ရာထင်မှာမှာမို့ ကျွန်တော်ကိစ္စမဟုတ်ဘူး ရှောင်လန်ကတော့ '' ဝေ့ရွှင်းခဏရပ်သွားကာ '' သူနည်းနည်းလေးကြီးတဲ့အထိစောင့်ပါဦး ဝေ့အိမ်ကကိစ္စတွေသန့်ရှင်းသွားတဲ့အချိန်ကျရင် သူပိုင်ရမဲ့အရာအားလုံးက သူ့အပိုင်ပါပဲ ခင်ဗျား သူ့ကိုမပြောပြသရွေ့ ကျွန်တော်ဘာတွေလုပ်နေလဲ သူမသိလောက်ပါဘူး ဒါတွေက အဲ့လောက်လည်းအချိန်မကုန်ပါဘူး '' ဝေ့ရွှင်းမှာအစီအစဥ်တွေရှိနေသလိုမျိုး '' ကျွန်တော်သိနေတယ် အချိန်အများကြီးမလိုအပ်ဘူး ''

'' တကယ်လို့ရှောင်လန်သိသွားရင်တောင် မင်းကိုကျေးဇူးတင်မှာမဟုတ်ဘူးနော် ''

'' ကျွန်တော်လည်း သူ့ကျေးဇူးကိုမလိုအပ်ပါဘူး ''

'' သူကတော့ မင်းသူ့အပေါ်မလေးစားဘူးလို့ပဲထင်လိမ့်မယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now