Chapter 53

3.8K 757 34
                                    

Unicode

အခုအချိန်အထိ ခင်ဗျားဘက်ကစကြိုက်တဲ့လူ မရှိဖူးသေးဘူးလား
________________________________

'' သိပ်နားထောင်လို့မကောင်းတဲ့ စကားတစ်ခွန်းနှစ်ခွန်းပါပဲ ''

'' ဘာပြောတာလဲ ''

ဝေ့လန်လည်း ကူကယ်ရာမဲ့နေသည့်မျက်နှာလေးဖြင့်

'' ဘာလို့ပြောကိုပြောပြမှဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးကြီးလုပ်နေရတာလဲ ''

ဝေ့ရွှင်းတုံ့ခနဲရပ်သွားကာ ဝေ့လန်ကိုပြန်ကြည့်ပြီး လေးနက်သည့်လေသံဖြင့် '' ဝေ့လန် '' သူ ထိုကဲ့သို့မခေါ်လာတာ တော်တော်လေးကြာနေပြီဖြစ်သည်။ '' သူစိမ်းတွေဘာပြောပြော မင်းပိုင်ရမဲ့အရာတွေအကုန်လုံးက တစ်သက်လုံးမင်းအပိုင်ပဲဆိုတာကိုသိထားရမယ် ဘယ်သူမှမင်းလက်ထဲကနေယူခွင့်မရှိဘူး အဲ့ထဲမှာကိုယ်လည်းပါတယ် ''

ဝေ့လန် ထိုအခေါ်အဝေါ်ကြောင့်ကြောင်အသွားကာ ပြီးကာမှ တဖက်လူရဲ့လေးနက်သည့်စကားတွေကိုနားထောင်ရင်းပြုံးမိသွားသည်။ သူတဖက်လူရဲ့လက်ကိုပြန်ဆွဲကိုင်လိုက်ကာ ညင်သာသည့်လေသံဖြင့်

'' ခင်ဗျားဘာတွေပြောနေတာလဲ သူ ကျွန်တော့်ကိုစိတ်ဆိုးအောင်လုပ်တဲ့အကြောင်းအရင်းက အဲ့ကိစ္စမဟုတ်ဘူး သူကကျွန်တော့်အဖိုးရဲ့အသက်ကိုကစားစရာလိုပြောနေလို့ စိတ်ဆိုးသွားတာ ''

ဒါကတော့ ဝေ့ရွှင်းမမျှော်လင့်ထားသည့်အကြောင်းပြချက်ဖြစ်လေသည်။ ဝေ့လန် သူမကြားသင့်တဲ့စကားတွေကြားပြီး စိတ်တိုသွားတယ်ဟုထင်လိုက်သော်ငြား အကြောင်းအရင်းက ဝေ့မင်ဖြစ်နေခဲ့မည်ဟုမထင်ထားပါ။

ဝေ့လန်ရဲ့အသံမှာနူးနူးညံ့ညံ့

'' ကျွန်တော့အဖိုးကို တခြားသူတွေလိုက်ဝေဖန်နေတာမျိုးကိုမကြိုက်ဘူး ကျိန်းသေပေါက် မားနဲ့ကောကိုလည်း တခြားလူတွေရဲ့ ပါးစပ်ထဲသွားပုပ်လေလွင့်လျှောက်ပြောနေတာမျိုးတွေမကြိုက်ဘူးပေါ့ အဲ့ဒါကြောင့်စိတ်တိုသွားတာ ကျွန်တော်က အနုပညာရှင်တစ်ယောက်ပါ ကျွန်တော်မကြားဖူးတဲ့အတင်းအဖျင်းသတင်းတွေမရှိပဲနေမလား ကြားတိုင်းသာလိုက်စိတ်တိုရကြေးဆိုကျွန်တော်အသက်ထွက်နေလောက်ပြီပေါ့ ကျွန်တော်ရယ်စရာတစ်ခုပြောပြမယ် အခုကျွန်တော်လင်ရှီးကျယ်ရဲ့မျက်နှာသာပေးမှုခံနေရတာကို အပြင်လူတွေကမသိတော့ ကုမ္ပဏီBossရဲ့အသက်ကိုကယ်ထားလို့အဲ့လောက်မြှောက်စားခံနေရတာလို့ ထင်ကြေးပေးခံနေရတယ် ကဲ ရယ်စရာမကောင်းဘူးလေ ခင်ဗျားကလေ '' သူ ဝေ့ရွှင်းရဲ့ပုခုံးကိုပုတ်လိုက်ကာ '' သိပ်အတွေးများလွန်းတာပဲ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now