Unicode
လူငယ်လေး ဝေ့လန် ရန်ဖြစ်နေပြီ
_______________________________ဝေ့လန် ထိုနေရာကို ရောက်သွားတော့ ကောင်လေး သုံးလေးငါးယောက်က ယွီလင်ကို အရှေ့မှာရော အနောက်မှာပါ ဝိုင်းထားလေသည်။
ဝေ့လန် သုံးလေးလှမ်းလောက် ခြေလှမ်းကျဲကြီးများဖြင့်လျှောက်သွားပြီး ရုတ်တရက်သူပေါ်လာတာကြောင့် ထိုလူတွေ ကြောင်အနေကြသည်ကို အခွင့်ကောင်းယူကာ ယွီလင်ရှေ့က သကောင့်သားနှစ်ကောင်ကို ကော်လံကဆွဲ၍ နောက်ပို့လွှတ်လိုက်သည်။ ထို့နောက် သူ ယွီလင်ကို သူ့နောက်မှာထား၍ ရှေ့ကနေ ကာကွယ်လိုက်လေသည်။
ယွီလင်လည်း ဝေ့လန်ရောက်လာတာကိုမြင်တာနဲ့ တစ်ချိန်လုံးတင်းထားသည့်စိတ်ကပြေလျော့သွားကာ သူမရှေ့က လာကာကွယ်ပေးသည့် သူငယ်ချင်းလေးကိုကြည့်ပြီး
'' ငါ အဆင်ပြေပါတယ် ''
ဝေ့လန်က '' အင်း ''ဟု အသံပြုပြီး သူ့ရှေ့ကလူတွေကိုပြန်ကြည့်လိုက်သည်။
'' ယိုး! သူရဲကောင်းက အလှလေးကိုလာကယ်တယ်ပေါ့ '' ဝေ့လန်တို့သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း သူတို့ဘေးနားရပ်နေသည့် ကတုံးဆံပင်ပေါက်နဲ့ကောင်က ရိသဲ့သဲ့ပြောလာသည်။ '' နှမြောစရာက မင်းဆီမှာအဲ့လိုအစွမ်းအစမျိုးရှိမနေတာပဲ ''
ဝေ့လန်က အသံထွက်၍ လှောင်ရယ်လိုက်ကာ
'' မင်းဆီမှာရော အဲ့လိုအစွမ်းအစရှိရဲ့လား ကိုယ့်ကိုကိုယ်အရင်ဆုံးပြန်မေးကြည့်ပါဦး ''
နှစ်ယောက်သား အမြင်မတူတော့တာနဲ့ ရန်ပွဲကစတော့သည်။ ဝေ့လန်ရဲ့ ထိုးကြိတ်တဲ့စတိုင်က ဝေ့မင်ဆီကနေသင်ယူခဲ့ရတာကြောင့် ဒီလိုဇိုးလုပ်ချင်နေသည့် အလယ်တန်းကျောင်းသားတစ်စုနဲ့ထိုးကြိတ်ဖို့အတွက် အားသိပ်မကုန်လိုက်ပါ။ ထို့အပြင် ရန်ပွဲစတာနဲ့ သူ့နောက်အမောတကောပြေးလိုက်လာသည့် ယွမ်ရှောင်ဖန့်ပါ တွေ့ရာလူကောက်ထိုးပြီး ရန်ပွဲထဲပါလာတာကြောင့် အချိန်ခဏလေးအတွင်းမှာတင် ဒီအုပ်စုကို အမှောက်သိပ်နိုင်ခဲ့သည်။
ယွမ်ရှောင်ဖန့်က မြေကြီးပေါ်လူးလှိမ့်ပြီး နာလို့အော်နေသည့်အလယ်တန်းကျောင်းသား တစ်စုကိုကြည့်ရင်း ဝေ့လန်ဘက်လှည့်ကာ
![](https://img.wattpad.com/cover/338313138-288-k319774.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့