Chapter 43

4K 770 7
                                    

Unicode

ဘာလဲ ကိုယ့်ကိုလွမ်းလို့လား
_______________________________

ဝေ့လန်ကတော့ ထိုစကားတွေကြားကြားချင်းနေရာမှာပဲ မှင်သက်နေခဲ့သည်။ ဝေ့ရွှင်းသူ့အပေါ်ဘယ်လောက်ကောင်းပြီး ဘယ်လောက်အထိကာကွယ်ပေးချင်မှန်း သူကောင်းကောင်းနားလည်သည်။ ထို့ကြောင့်လည်း တဖက်လူရဲ့ဂရုစိုက်မှုနဲ့ကြင်နာမှုတွေကို မငြင်းဆန်ခဲ့သလို တောင့်လဲမတောင့်ခံခဲ့ပေ။ ဝေ့ရွှင်းကမ္ဘာထဲမှာရှိနေတဲ့လူကသူတစ်ယောက်ထဲ၊ ဝေ့ရွှင်းအတွက်အရေးကြီးဆုံးလူကလည်း သူတစ်ယောက်ထဲပဲဟု အမြဲလိုလို ကိုယ့်ကိုကိုယ်သတိပေးနေတတ်တာကြောင့် ဝေ့ရွှင်းအပေါ်ပိုကောင်းပေးရမယ်၊ ဝေ့ရွှင်းသဘောကျတဲ့အရာဆို လက်ခံပေးတာ ဒါမှမဟုတ် ဦးစားပေးတာတွေ လုပ်ပေးရမယ်ဟု စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သို့သော်လည်း ဝေ့ရွှင်းက သူ့အတွက်ကြောင့်နဲ့ ဒီလောက်အထိလုပ်ပေးလာလိမ့်မည်ဟု မထင်ထားခဲ့မိပါ။

'' သူက ဘာလျှို့ဝှက်ချက်တွေသုံးပြီး အဖိုးရဲ့ယုံကြည်မှုနဲ့လဲထားတာလဲ '' ဝေ့လန်မှာစိတ်မပူပဲမနေနိုင်ခဲ့။

ဝေ့ရှီးကခေါင်းခါပြကာ

'' မားမကြည့်လိုက်ဘူး ''

'' အဲ့တော့သူက မားကိုလည်းပေးတယ်လား ''

'' ငါကမင်းအမေလေ ပုံမှန်ဆို မင်းထမ်းတင်ရမဲ့တာဝန် ဒါပေမဲ့ သူက အစားတာဝန်ယူပေးချင်နေတာ ကျိန်းသေပေါက်ငါ့ခွင့်ပြုချက်ယူမှဖြစ်မှာပေါ့ ''

'' အဲ့လိုဆိုတိုင်း မားလက်ခံလိုက်လို့မရဘူးလေ '' ဝေ့လန်အလောတကြီးထပ်ပြောလာသည်။ '' သူ ကျွန်တော်အတွက်လုပ်ပေးနေတယ်ဆိုတာကို မားလည်းသိရက်သားနဲ့ ဘာလို့လက်ခံလိုက်ရတာလဲ သူရောပဲ မားကိုပေးတော်ရောပေါ့ ဘာလို့အဖိုးကိုပါပေးလိုက်ရတာလဲ တစ်ခုခုပေါက်ကြားပြီး သူတစ်ခုခုဖြစ်သွားမှာကိုမကြောက်ဘူးလား! ''

'' အဲ့ဒါတော့ မင်းစိတ်ပူစရာမလိုပါဘူး မားလက်ထဲရှိနေတဲ့ဟာကို ဖျက်ဆီးပြီးသွားပြီ မင်းအဖိုး​လက်ထဲရှိနေတဲ့ဟာကတော့ '' သူမ ခဏရပ်သွားကာ '' သူ့ဘာသာကြည့်လုပ်ပါလိမ့်မယ် ဝေ့ရွှင်းဘက်က သူကတိပေးထားသလို မင်းအဖိုးရဲ့ကိစ္စတွေကို လိုလိုလားလားလုပ်ပေးနေသရွေ့ မင်းအဖိုးဘက်ကလည်း သူ့ကိုလုံးဝထိမှာမဟုတ်ဘူး အဲ့ဒါကြောင့်အဆင်ပြေမှာပါ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now