Chapter 40

4.2K 838 28
                                    

Unicode

သူမ ဝေ့လန်ကို ပိုတိုးချစ်ရမယ်
_________________________________

ဝေ့ယဲ့ချန်ဆိုတဲ့လူမျိုးက ကြိုက်ပြီဆိုကြိုက်ပြီပဲ၊ မကြိုက်ဘူးဆိုလည်း ဘယ်လောက်အတင်းအဓမ္မကြိုက်ခိုင်းခိုင်း လှည့်တောင်ကြည့်တတ်သည့်လူမျိုးမဟုတ်ပါ။ အခု သူ ဝေ့ရှီးကို ကြိုက်နှစ်သက်တဲ့အတွက် သူမကိုလိုချင်လာသည်။ နှစ်ယောက်အတူပါဝင်နိုင်မည့် အနာဂတ်တွေရှိချင်လာသည်။ ထို့ကြောင့် သဘာဝအတိုင်း လက်ထပ်ချင်လာသည်။

ဝေ့ရှီးက ထိုတောင်းဆိုချက်ကိုသဘောမတူတာကြောင့် နှစ်ယောက်သား စကားများကြသေးသည်။ ဝေ့ရှီးဘက်ကကြည့်လျှင် ဝေ့ယဲ့ချန်က ခံစားချက်ကိုဦးစားပေးပြီး လုပ်သင့်လုပ်ထိုက်တာကိုမလုပ်ဘူးဟု တွေးသည်။ ဝေ့ယဲ့ချန်ဘက်ကကြည့်လျှင်တော့ ဝေ့ရှီးက ဦးနှောက်ကိုဦးစားပေးလွန်းပြီး သူ့ကို သူ့လောက်မချစ်ပေးနိုင်ဘူးဟု တွေးသည်။ ထိုသို့ဖြင့် နှစ်ယောက်သား စစ်အေးတိုက်ပွဲဆင်နွှဲခဲ့ကြကာ သုံးလေးရက်အကြာမှာတော့ ဝေ့ယဲ့ချန်ကပဲ အရင်ဆုံးဦးညွတ်ပြီး သူ့အမှားတွေကိုဝန်ခံကာ တောင်းပန်လာသည်။ ထို့အပြင် ဝေ့ရှီးဘက်ကလည်းတစ်ထစ်လျှော့ပေးဖို့နဲ့ သူ့ရဲ့လက်ထပ်ခွင့်တောင်းခံတာကို ချက်ချင်းသဘောမတူရင်တောင် စဥ်းစားပေးဖို့တောင်းဆိုလာခဲ့သည်။

'' ရှင် ကျွန်မအဖေကိုယုံလို့လား '' ဝေ့ရှီးမေးလိုက်သည်။

ဝေ့ယဲ့ချန်က ခေါင်းခါပြလာတော့မြင်တော့

'' အတူတူပဲ ကျွန်မအဖေကလည်းရှင့်ကိုမယုံဘူး ရှင့်ကိုတခြားလူတွေထက်ပိုလို့တောင်မယုံသေးဘူး ဝေ့ယဲ့ချန် နိုင်နိုင်ခြေမရှိတဲ့ ဒီလောင်းကစားပွဲကိုဘဝနဲ့အလဲအထပ်လုပ်ဖို့ ကျွန်မဘက်ကမဖြစ်နိုင်ဘူး ကျွန်မတို့လက်ထပ်ပြီး အတူတူနေဖြစ်ကျရင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု၊ အတူတူကုန်ဆုံးကြမဲ့အချိန်တွေက သူ့ဟာငါ့ဟာသဘောမထားပဲ အလွယ်တကူဝင်စွက်ဖက်လို့ရသွားပြီ အဲ့အချိန်ကျ တဖက်အိမ်တော်ကအကြောင်းကိုလည်း တဖက်က spyလုပ်ဖို့လွယ်သွားပြီ ကျွန်မတို့လက်ထပ်လိုက်ပြီပဲထား လက်ထပ်ပြီးသွားရင် ကျွန်မတို့နှစ်ယောက်ရဲ့ပိုင်ဆိုင်မှုက နှစ်ဦးနှစ်ဖက်မျှဝေရတော့မှာ အဲ့အချိန် ကျွန်မငေါက်ခနဲသေသွားခဲ့ရင် ကျွန်မအမွေတွေကို တရားဝင်ဆက်ခံခွင့်ရှိတဲ့လူက ရှင်ဖြစ်သွားပြီ တကယ်လို့သာ ကျွန်မကတစ်ကိုယ်တည်းသမား ဆက်ခံမဲ့ရှောင်လန်လည်းမရှိဘူး ဒီပိုက်ဆံတွေကလည်း ကျွန်မတစ်ယောက်ထဲရှာထားတာသာဆို ဒီလိုအခြေအနေမျိုးကို ခြေစုန်ပစ်ဝင်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး ဒါပေမဲ့ ကျွန်မအဲ့လိုလုပ်လို့မရဘူး ဒီစည်းစိမ်တွေက ကျွန်မအဖေ သွေးတွေချွေးတွေနဲ့ရင်းပြီး ရှာထားရတာ ဒါတွေအားလုံးကို ရှောင်လန်ကိုပဲလွှဲပေးချင်တယ် ကျွန်မရှင့်ကိုမယုံတာမဟုတ်ပေမဲ့ မယုံရဲတာပါ ကျွန်မတို့ ဒီအခြေအနေမရောက်လာခင်အထိ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုးတိုက်ခိုက်လာခဲ့ကြတာ ရှင်ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်မမသိပဲနေပါ့မလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now