Unicode
ဝေ့လန် Hot Search ပေါ်ရောက်နေတယ်
__________________________________နောက်တနေ့ ဝေ့လန် ကျောင်းကိုပြန်ရောက်,ရောက်လာချင်း သူ့အခန်းဖော်က သူ့ဆီအတင်းပြေးလာကာ ဖုန်းကိုထောင်ပြရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လာသည်။
'' ငလူး ဝေ့လန် မင်းတော့နာမည်ကြီးပြီ ''
ဘာပြောနေမှန်းနားမလည်သည့်ဝေ့လန်လေးကတော့
'' လူစကားပြော ''
သူ့အခန်းဖော်က ဖုန်းscreenမှာပေါ်နေသည့် Weiboရဲ့ Hot Searchကို သူ့ဘက်ထိုးပြလာသည်။
ဝေ့လန်လည်း တစ်ခုချင်းစီလိုက်ကြည့်နေသော်ငြား အခုထိ တဖက်လူက ဘာကိုဆိုလိုချင်မှန်းနားမလည်တာကြောင့်
'' ဒါကငါနဲ့ဘာဆိုင်လို့လဲ ''
'' ဒီဟာလို့! '' ဝေ့လန်ရဲ့အခန်းဖော်က စိတ်မရှည်တော့သည့်အဆုံး သူကိုယ်တိုင်ပဲ နံပါတ် 8ရှာဖွေမှုအများဆုံးနေရာမှာရောက်နေသည့် 《 သူများအိမ်က ဂျူနီယာတွေများ 》ဆိုသည့် ခေါင်းစဥ်ကိုနှိပ်ပြီး ပြလိုက်တော့သည်။ ဝေ့လန် ထိုအကြောင်းကို တစ်ချက်ကြည့်လိုက်တာနဲ့ လက်ရှိမှာ ဘာတွေဖြစ်နေမှန်းနားလည်သွားတော့သည်။
ထိုနေ့က သူသီချင်းဆိုနေချိန်မှာ စင်အောက်ကနေကြည့်နေသည့်စီနီယာကျယ်ကျဲတစ်ယောက်က သူဆိုနေတာကိုဗီဒီယိုရိုက်ပြီး Weiboပေါ်တင်လိုက်သည်။
《 ကျောင်းက ထိပ်တန်းအဆိုတော်၁၀ယောက်ရဲဲ့ သီချင်းဆိုပြိုင်ပွဲ! ပထမနှစ်မောင်လေးက ရုပ်လည်းချောသလို သီချင်းဆိုတာကလည်းကောင်း ရုပ်ရှိငွေလျှံ လူတိုင်းနဲ့ဆက်ဆံရေးကောင်းပြီး ပြုံးလိုက်တိုင်းချစ်စရာလေးရယ် သိပ်မကြာခင် ဘွဲ့ရတော့မှာကိုတောင် နောင်တရမိနေပြီ 》
ထို့နောက် Weiboကဆယ်လီတစ်ယောက်က ဘယ်လိုကနေဘယ်လို မြင်သွားတယ်မသိ ထို postကို Forward လုပ်ပြီး Captionမှာရေးလာသည်က :
《 သူများအိမ်ကဂျူနီယာလေးများ အားကျဖို့ကောင်းလိုက်တာ 》ဟုပင်။ ထိုသို့ Foward ခံလိုက်ရသည့် Weibo Postက ဖြတ်လျှောက်တွေရဲ့အာရုံကိုဖမ်းစားနိုင်သွားကာ Commentဝင်မန့်သူများ Fowardထပ်လုပ်သူများနှင့် လူမသိသူမသိPostလေးက စည်ကားသွားလေသည်။ ထိုအခြင်းအရာကိုမြင်သည်နှင့် အခြားနာမည်ကြီးဆယ်လီတွေကပါ ထိုVideoကို Forwadဝိုင်းလုပ်ကြတော့သည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့