အပိုင်း ၇၀

119 6 0
                                    

                 🔞

                 သူမ နိုးလာတော့ လူက ဝတ္ထုထဲရှိ ရှင်းကိုယ်လေးထဲ ပြန်ဝင်နေပြန်တော့သည်။လူက ကိုက်ခဲနာကျင်နေလည်း ထမင်းဟင်းချက်ရန် ထလာခဲ့ရသည်။အမှန်တော့ သူမ မထချင်။ဒါပေမဲ့ ဒီအိမ်မှာ သူမမှ မထလျင် မည်သူမှ ထမင်းဟင်းချက်မည့်သူ မရှိ။
            အကိုကြီးက ပေါင်းအိုးနှင့်ပင် ထမင်းအိုးမတည်တတ်။ပေါင်းအိုးထဲ ဆန် ဘယ်နှစ်လုံးဆိုလျင် ရေ ဘယ်နှစ်လုံးထည့်ရမည်ပင်မသိ။ဖေကြီးဆို ဝေလာပင်ဝေးလို့။ဆန်ပင်မဆေးတတ်။ဒီအိမ်ကတော့ သူမ မရှိလျင် ခက်နေတော့မည်။
           ' ဟော သမီး မနက်စာလုပ်တော့မလို့လား ? မလုပ်ချင် မလုပ်တော့နဲ့ လေ။ဒီမှာဖေကြီး အီကြာကွေးတွေဝယ်လာခဲ့တယ်။´
           'ဟင် ! ဖေကြီး ဘယ်က ဝယ်လာတာလဲ ? ကားနဲ့သွားဝယ်လာတာလား ? ကားစက်နှိုးသံလည်း မကြားလိုက်ပါလား။´
           ' ကားနဲ့ သွားဝယ်လာတာ မဟုတ်ဖူး သမီးရဲ့။လမ်းလျှောက်ရင်း လက်ဖက်ရည်ဆိုင်ဖက် ပတ်လျှောက်ဝယ်လာခဲ့တာ။အဲ့မှာ စမူဆာတွေလည်း ပါတယ်။နောက်ရက် သမီးတို့မောင်နှမ စားချင်တာရှိလည်း မှာထား။ ဖေကြီး ဝယ်လာခဲ့ပေးမယ်။´
           'ဟုတ်..´
            သူမက မနက်စာမလုပ်ရတော့၍ ဝမ်းသာသွားလည်း မျက်နှာလေးက အရင်လို သိပ်မလန်းတော့ ဖေကြီးက
           'သမီး နေသိပ်မကောင်းသေးလဲ အိပ်ရာထဲပြန်သွား လှဲနေလေ ? ဘာလို့ ထလာရတာလဲ ?
            သမီး အကိုကြီးက ထမင်းဘူးယူမသွားလည်း မှာစားလို့ ရပါတယ်။ဖေကြီးတို့လည်း အနီးနားက စားသောက်ဆိုင်က တစ်ခုခု ဝယ်စားလိုက်ကြတာပေါ့။
            စားခါနီးမှ ဖေကြီး သမီးကြိုက်တဲ့ ဝက်သားလုံးချိုချဉ်ကြော် သွားဝယ်ပေးမယ်။ချက်မနေ နဲ့တော့။´
           '..အဲ့ဒီလို လုပ်လို့ရမလား ?´
           'ရတာပေါ့ သမီးပင်ပန်းနေရင် မချက်နဲ့။ထမင်းလည်း ဖေကြီးပဲ ချက်လိုက်မယ်။
          သွားသွား ငါ့သမီး သွားအိပ်နေ။´

              'ဖေကြီးက ထမင်းချက်တတ်လို့လား ? ´
             သူမတို့ သားအဖ ပြောနေကြစဉ် အကိုကြီးက ရောက်လာ မေးလိုက်သံကြောင့် သူမလည်း ပြုံးလိုက်မိရသည်။
           'အံမယ် ငါမနေ့က ရှင်းဆက်ကို မေးထားပါတယ်။သမီး ဒါဆန် ၂လုံး မဟုတ်လား။ဒါဆို ရေ ၃လုံး။ ရပြီလေ။´
        ဟု  ဖေကြီးက သူမလက်ထဲမှ ထမင်းအိုးပင်ယူ ရေချိန်ထည့် အိုးဘေး အောက်မှ ရေတွေပင် အဝတ်နှင့်သေချာသုတ် ပေါင်းအိုးထဲထည့် ခလုပ်နှိပ်တည်လိုက်တော့ အကိုကြီးလည်း တွေသွားရသည်။ သူမလည်း
            ' ဒါဆိုဖေကြီး သမီးပြန်လှဲနေလိုက်ဦးမယ်နော်။ကိုယ်တွေ လက်တွေ မအီမသာ ဖြစ်နေသေးလို့။´
           'အေးအေး သွား ဒါတွေထားခဲ့။ဟဲ့ မနက်စာတော့ စားသွားဦးလေ။´
          'ဟင် နောက်မှ..´
          'ဟဲ့ ညီမလေး နင်ကောင်းကောင်း မကောင်းသေးဘူးလား။မှန်း မျက်နှာကအတော်ဖျော့နေပါလား ? ရာသီလာလို့ မပြီးသေးဘူးလား ? ကိုယ်တွေလက်တွေက ကိုက်ခဲနေတုန်းပဲလား ?´
           'အင်း.. ဒါပေမဲ့ ရပါတယ် ဘာမှမဖြစ်ဖူး။ခဏပဲ ဖြစ်ဖြစ် ပြန်လှဲနေချင်လို့။´
           'ဪ အေး အေးပါ။ကောင်းကောင်း နားလိုက်။မကောင်းလဲ ငါ့ပြောဦးနော်။
          ဒါနဲ့ဖေကြီး။ခုန ဝက်သားလုံး ချိုချဉ်ကြော်ဆိုတာ..´
           ဟု အစားသောက်ကြောင်း ဆက်ပြောကျန်ခဲ့ကြတော့ သူမလည်း အိပ်ခန်းလေးထဲရှိ အိပ်ရာလေးထဲပြန်ဝင် ငြိမ်သက်မိနေလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now