အပိုင်း ၅၁

151 16 1
                                    

        🔞 🖊️

                      ' ကို ! ကို ?´
                      သူမ အခန်းကျဉ်းလေးထဲရှိ ကုတင်လေးပေါ်ပင် ဘာစိတ်ခံစားချက်မှ မရှိ တွေတွေကြီး ထိုင်နေသော သူ့မြင် အပြေးအလွှား သွားဖက်ခေါ်လိုက်ရသည်။
               သူ။ သူမချစ်ခဲ့ရသူက ဒီလို ဘာခံစားချက်မှ မရှိ၊ ဘာအမြင် အာရုံမှလည်း မရှိ၊ ဘာ အတွေး အခေါ်မှ မရှိပဲ ဒီလို ထိုင်နေပုံက သူမ အသည်းကိုပင် ကွဲသွားနိုင်စေသည်။
              ..ဟင့် ကို ကို.. ချစ်လေ ကြည့်ပါဦး။ချစ်ကို မမြင်ရဖူးလား ?
                ဒီမှာလေ ချစ်ရှိနေတယ်လေ ကိုရဲ့  ချစ်ကို ထိထားတာ မခံစားရဖူးလား ?
               ကို ထပါ ထ။ အီးဟီး.. ဒီလိုကြီး မနေပါနဲ့ ထ ..
               ချစ်ကြောက်လို့ပါ။ ချစ် ကို' ဒီလိုပုံကြီးဖြစ်နေတာ ကြောက်တယ်လို့ အင့် ဟင့်ဟင့် ...´
               သူမ ဘယ်လောက်ပင် သူ့လှုပ်နှိုးနှိုး ခေါ်ခေါ် ရိုက်ရိုက် သူကလုံးဝ မလှုပ်တော့ စက်ရုပ်ကြီးတစ်ရုပ်လိုပင် ရှေ့တူယူ မလှုပ်တမ်းစိုက်ကြည့်နေတော့သည်။
               သူမ ကြည့်တော့ ဘေးမှာလည်း စားကြွင်းစားကျန်တွေနှင့်..
     
               'ဟဲ့ နင်က 031 ရဲ့ mate လား ?´
               အပေါက်ဝမှ တစ်ယောက်က လာ မေးလိုက်၍ သူမလှည့်ကြည့်လိုက်လျင် တွေ့လိုက်ရသော သူကြောင့် အတန်ပင် ကြက်သေ သေသွားရသည်။
               ထိုမိန်းကလေးက ဒီဝင်္ကပါ ဝင်စ သူမတို့နှင့်အတူ ပါလာပြီး မျက်နှာဖုံးည ပွဲတော်တွင် ပြန်ကွဲသွားသော ကြောင်နက်မပင်။သူမ သူ့နာမည် အရင်းပင် မသိ။
               ထိုမိန်းမက သူမမှတ်မိပုံတော့ မရပဲ
              ' အလတ်က ခိုင်းထားလို့ သူ့ အစာတော့ ငါနဲနဲ​ ကျွေးထားပေးတယ်။ဒါပေမဲ့ အခွံလွတ်တွေထဲ သူ့အစာကျွေးရတာ အကြာဆုံးပဲ။ငါ့မှာ အချိန်မရတဲ့ကြားထဲ သူ့ကိစ္စတွေ လာလာ လုပ်ပေးနေရတာ။
              ဒီလူကြီးက အစာ စားချင်စိတ်တောင် မရှိတော့ပဲ။ ခု သူက နင့်တာဝန် ဖြစ်သွားပြီနော်။ငါ့ တာဝန်လုံးလုံး မဟုတ်တော့ဘူး။အဲ Alpha !´
               ဟုဆို သူရှိနေသော နေရာပင် လှမ်းကြည့် လစ်ထွက်သွားတော့ သူမလည်း သူ့လှည့်ကြည့်လိုက်ရသည်။
               သူက စာပွဲပေါ် စားလက်စ ပန်းကန်ပင် သူ့ဟာသူ အေးအေး ခပ်စားနေတာ မြင်တော့ ဝမ်းသာ သွားရလျက်
             ..ကို !
               ဟု ခေါ်မိပြီးမှ alpha က သူ့ကိုယ်ထဲဝင် သူ့ကိုယ်စား စားပေးနေမှန်းသိ ဝမ်းနဲ၍ပင် ကြည့်မိရပါလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now