အပိုင်း ၆၀

267 9 0
                                    

                သူမ အခန်းထဲပြန်ရောက် တံခါးသေချာ Lock ချ ပိတ်လိုက်ကာ ဝတ်ရုံခွာ အခန်းဝ တိုင်မှာချိတ်ပြီး သူမက သူ့အစာကျွေးရန် လုပ်ရသည်။
        သူကတော့ ဒီအတိုင်း ကုတင်ပေါ်မှာပင် ပုံမပျက် ထိုင်နေသည်။
        'ကို ဆာနေပြီလားဟင် ? ခဏလေးနော် ရှင်း coffee လေး ပူအောင်လုပ်လိုက်ဦးမယ်။´
        သူမ အခန်းကျဉ်းလေးထဲရှိ မီးဖိုလေးပေါ်မှ gus ပင်ဖွင့် ရလာသော coffee လေးကိုလည်း ရှိသော ရေနွေးကရားလေးနှင့်တည် ပြန်မြည်းကြည့်ရသည်။
        အလတ် coffee က သူတို့ပြောသလို ဒီလောက် အဆိုးကြီးတော့မဟုတ်။ဒါပေမဲ့ ပုံမှန်ထက်တော့ ခါးတူးနေသည်။ဒါကို ရေလေးနဲနဲ သကြားလေးနဲနဲ ထည့် ပြန်ပြင်နိုင်ရင် ပိုကောင်းသွားမည်။
         ဒါပေမဲ့ သူမ မီးဖိုလေးတင်ထားရာ ဘီဒိုပုလေးအောက်နှင့် နံရံကပ် အပေါ်ဘီဒိုလေးထဲ တံခါးတွေဖွင့် ရှာကြည့်လည်း ဘာမျှမတွေ့။
        မီးဖိုလေးနားတော့ ဆားပုလင်းလေး တစ်ပုလင်းသာတွေ့သည်။
        သူမ သက်ပြင်းချရင်း အတန် ပူလာပြီဖြစ်သော coffee လေးပင် ပြန်ငှဲ့ယူ သူ့ထံ ထမင်းပန်းကန်လေးနှင့် ရောက်လာရလျက် coffee လေး အတန်ပင်ပြန်မှုတ်ပေးလိုက်ကာ
       'ကို ဒါလေးအရင်သောက်လိုက်နော်။ နွေးသွားအောင်..
     ..ကို ! နဲနဲချင်း အရင်သောက် ..ဟုတ်ပြီ ပူနေသေးလား ?
        ရှင်းထပ်မှုတ်ပေးမယ်..ကို ဒီမှာ ထပ်သောက်။
        ခါးတယ်မဟုတ်လား ? နောက်ရက်မှ ရှင်းသကြားလေးရှာ..
        ဟယ် ! သကြားမရှိလဲ ချိုတာလေးတော့ ရှိတယ်။ကို ခဏ ခဏ..´
        သူမ သူသောက်နေသည်ကိုပင် နှုတ်ခမ်းမှ ခွက်ဖယ် သူမ ခြုံထည်ရှိရာ အပြေးလာခဲ့မိသည်။

             ခြုံထည်အတွင်းအိတ်ထဲမှ သူမနှိုက်ယူလိုက်တာကတော့ အပေါ် camp တဲထဲမှ သူမ လိုလိုပိုပို ထုတ်ယူလာခဲ့သော အစားအသောက် မုန့် သီးနှံလေးတွေ။
        ထို အစားအသောက်လေးတွေနှင့်အတူ ပါလာတာက သူရေးထားသော Sins of chocolate စာအုပ်မူကြမ်း..
       သူမ အပျော်ကြီး ပျော်သွားရလျက် စာအုပ်လေး အနီးရှိ စာပွဲပေါ်ပင် တင်လိုက်ကာ အချိုမုန့်လေးတွေ ထုပ်လာသော ပုဝါစထုပ်လေးပင် သူ့ထံယူလာလျက်
       'ကို ဒီမှာကြည့် ဒါတွေက ဘာလဲ သိလား ? မုန့်လေးတွေ။ရှင်းအပေါ်က ယူလာခဲ့တာ။
       တော်သေးရဲ့ ဒီလိုစားဖို့လေးတွေ ထုပ်ယူလာခဲ့မိလို့.. ကို ဟ အာ..´
       သူမက အချိုမုန့်တစ်ခုပင် သူ့ပါးစပ်နားထိ ကလေးလိုပင် ခွံ့ချော့ကျွေးနေတော့ သူက အတန်ဟ၍ သူ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
       သူက အချိုမုန့်ကို ကိုက်လိုက်တော့ ဝမ်းသာ သွားရင်း
      'ကို ဝါး ပြီးမြိုချ..ဟုတ်ပြီ ..ရော့ coffee လေး နဲနဲသောက်။ဒါဆိုအဆင်ပြေသွားပြီမဟုတ်လား ..
       ဒါဆို ထမင်းလေးလည်း နဲနဲစားကြည့်မယ်နော်။မှန်း ရှင်းနဲနဲ မြည်းကြည့်လိုက်မယ်..
       အင် နဲနဲလေးတော့ ပေါ့နေသလိုပဲ အာလူးထောင်းကြော်က ..
       ဒီလိုလုပ် ဆားလေးနဲနဲဖြူး စားလိုက်မယ်။ ဟုတ်ပြီ။
       ကို ဟ ..အာ.. ဟုတ်ပြီ။ သိပ်တော့ စားမကောင်းဘူးမဟုတ်လား ။ဒါပေမဲ့ များများစားရမယ်နော်။ဒါမှ ရှင်းတို့ အသက်ရှင်မှာ..
      နောက် ဒီထဲက အတူတူ ထွက်ကြမယ်နော်။အာ..
      အချိုလေးတစ်လှည့် အခါးလေးတစ်လှည့် အဆိမ့်လေး တစ်လှည့်နဲ့ စားလို့ကောင်းလာပြီ မဟုတ်လား ?
      ပြီး သစ်သီးလေးတွေလည်း ပါလာသေးတယ်။ရှင်းက ဒါတွေစားပြီးရင် ကျွေးမယ်။ အမယ် ပန်းသီးလှီးဖို့ ဓားတော့ မရှိပါလား..
     ..ဒါပေမဲ့ ဘာအရေးလဲ။ရှင်းက ကိုက်ကျွေးမှာပေါ့။´

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now