အပိုင်း ၄၈

144 8 0
                                    

                      သူမက သူနှင့်အတူ camp တဲထဲမှ တစ်ခြားသွားရန် ညဝတ်အင်္ကျီလေးပေါ်ပင် ခဲရောင် ခေါင်းအုပ်ခြုံထည်ရှည်( Red riding hood )လိုမျိုး ဆောင်းထွက်လာတော့ အပြင်မှ သူမလိုပင် ကိုယ်ပိုင် တဲလေးတွေနှင့် နေထိုင်နေကြသော အမျိုးသမီးတွေက ယဉ်ကျေးဖွယ်ရပ်တံ့ သူ့အရိုအသေပေး နှုတ်ဆက်ကြသည်။
               သူက သူမလက်ပင် ဆွဲကိုင် သူမ camp တဲထဲမှ ယူလာသော မီးအိမ်ကိုပင် အမျိုးသမီးတစ်ဦးထံ ကမ်းပေးလိုက်ရင်း
              'ဒါကို camp တဲတွေရဲ့အလယ် အမြင့်ဆုံး မီးတိုင်မှာ ချိတ်ဆွဲထားလိုက်။´
              ဟု ဆို၍ အမျိုးသမီးက သူပြောသည့်အတိုင်းပင် သူမ မီးအိမ်ကို camp တဲတွေ၏ အလယ်ဗဟို မီးအိမ်များချိတ်ဆွဲထားရာ အမြင့်ဆုံးတိုင်မှာ ချိတ်ဆွဲလိုက်တော့ သူကကျေနပ်ဟန် မော့ကြည့်လိုက်သည်။
              သူမ၏ မီးအိမ်မှ အလင်းက တစ်ခြားမီးအိမ်တွေမှ ထွက်နေသော အလင်းတွေနှင့်မတူ။ လ၏ အလင်းရောင်လို အေးမြနေမှု့ကြောင့် ထိုအနား လူအများက စုရုံးရောက်လာတော့သည်။

                    သူက ထို စုဝေးရောက်လာသော အမျိုးသမီးများကိုပင် ကြည့်
               'အမတို့ ညီမတို့။ ခုချိန် မင်းတို့ရဲ့ mate တွေ ဒါမှမဟုတ် မင်းတို့ရဲ့ အစောင့်အရှောက်တွေ မပါပဲ ဒီ စာအုပ်ခန်းထဲက တစ်လှမ်းမှ ထွက်မသွားမိစေပါနဲ့။
                ညက ကျွန်တော်တို့ကြောင့် စည်းပေါက်သွားပြီး အခွံလွတ်တွေက ဒီအထဲထိ တိုးဝင် လာနိုင်ခဲ့ကြတယ်။
               အမတို့ ညီမတို့ကို တစ်စုံတစ်ရာ ထိခိုက်မှု့ မရှိခဲ့လည်း ကျွန်တော်က Beta ကို ဒီစာအုပ်ခန်း ဖွဲ့စည်းပုံ နည်းစနစ် ပြောင်းလဲခိုင်းလိုက်လို့ ခု ကျွန်တော့် mate အပါအဝင် အမတို့ရဲ့ camp တွေက ဒီအထဲ ပိုလုံခြုံစိတ်ချမှု့ ရှိသွားပါပြီ။
               ခုဆို အခွံလွတ်တွေက ဒီနေရာ လုံးဝ ကျူးကျော် ရောက်မလာနိုင်တော့ပါဘူး။´
              သူမ သူပြောနေ၍ ပတ်ဝန်းကျင် ကြည့်လိုက်မိတော့ တစ်ကယ်ပင် သူမနှင့် အမျိုးသမီးများ camp တွေက အရင်လိုမဟုတ် စာအုပ်ခန်း အလယ်ဗဟိုမှာပင် စုရောက်နေကြသည်။
              နောက် ထူးခြားနေတာက အရင် သူမတို့ camp တဲတွေနှင့် ခပ်ဝေးဝေး ခပ်လှမ်းလှမ်းတွင် ရှိနေခဲ့သော စာအုပ်စင်တွေက သူမတို့ကိုပင် ဗဟိုပြု ဒေါင်လိုက်ရပ်တည်နေကြသော နံရံမြင့်ကြီးတွေလိုပင် ဝိုင်းပတ် ကာရံထားကြသည်။
              ခုဆို သူမတို့က ဝင်္ကပါ၏ အလယ်ဗဟိုမှာ ရောက်နေသလို..

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now