အပိုင်း ၄၇

313 14 2
                                    

                    ..ဒေါက်ဒေါက်! ဒေါက်ဒေါက် ဒေါက်ဒေါက် ဒေါက်..
               တံခါးခေါက်သံ။ဘယ်သူတွေက သူမအိမ်နောက်တံခါးလေးကို ကြမ်းကြမ်း လာခေါက် သူမနှိုးနေရတာလဲ ?
                သူမ အိပ်နေရာမှ ထကြည့်လိုက်မိသည်။ရုတ်တရက်
                  ..ငါ ဘယ်ရောက်နေသည်လဲ ?
                 ဒီလိုပင် တွေး ပတ်ဝန်းကျင် ကြည့်မိတော့ မြင်လိုက်ရသော အခန်းအပြင်အဆင်ကြောင့်
                 ..ဪ ငါ နယ်ကအိမ်မှာ ပြန်ရောက်နေတာပဲ။
                  အတွေးဖြင့် ထလိုက်သည်။သူမ camp တဲလေးထဲမှ ညဝတ်အင်္ကျီလေးနှင့်ပင် camp တဲနား အသင့်ရှိနေသော မီးအိမ်ငယ်လေး ကိုင်ဆွဲ ထွက်လာခဲ့လိုက်သည်။
   
                   ဒေါက်ဒေါက် .. ဒေါက်ဒေါက် ဒေါက်ဒေါက် ဒေါက်

                  တံခါးခေါက်သံက ပို၍ ကြမ်းတမ်းလာနေသည်။သူမ နယ်ကအိမ်ရှိ အိမ်နောက် တံခါးရှိရာပင် ချဉ်းကပ်လာရင်း မဝံ့မရဲဖြင့်
                 'ဘယ်သူလဲ ? ဘယ်သူက လာခေါက်နေတာလဲ ?´
                 ဖြေသံမရ။သူမ မီးအိမ်လေးမြှောက် အတန်ပင် စောင့်ကြည့်နေတော့
                 .. ဒုန်းဒုန်း !

                 'အမေ့ !´
                တံခါးခေါက်နေရာမှ ပြောင်း အတန်ပင် ပြင်းပြင်း ထုရိုက်လိုက်သံကြောင့် သူမ တုန်ခနဲဖြစ် နောက်ခုန်ဆုတ်မိလိုက်လေတော့သည်။
  
                 သူမ ထိုအိပ်မက်မှ လန့်နိုးလာပြီး သူ့ကြည့်မိတော့ သူက သူမအနား မရှိတော့။ညက တစ်ညလုံးလိုလို ထွန်းထားသော မီးအိမ်ကလည်း အလင်းသေနေသည်။
                  သူမ သိလိုက်ပြီ။ ထို မီးအိမ် အလင်း မရှိတော့၍ သူမ အိပ်မက်ဆိုးမက်သည်ဟု..
                  သက်ပြင်းလေးချပြီး အတန်တုန်ယင်နေသော ရင်လေးဖိ စိတ်ငြိမ်အောင် လုပ်နေရတုန်း ဘေး အိပ်ရာခင်းလေးပေါ် စာအုပ်တစ်အုပ် ချထားတာ တွေ့လိုက်ရသည်။
                  Sins of chocolate !
                 သူရေးခဲ့သည်ဆိုသည့် စာမူကြမ်း ဝတ္တုပင်။မျက်လှည့်ဆရာလေးက သူ့ဂတိတော့တည် သူမ စာအုပ်ပေးသွားချင်းပင်။ဒီစာအုပ်အတွက် အဖိုးအခကတော့ သူမအတွက် များလွန်းခဲ့သည်။
                 သူမ ဒီလိုပင်တွေး မျက်ရည်လေးတွေ အတန်ဝဲလာကာ စာအုပ်ပင် ငြိမ်သက်ထိကိုင် ကြည့်နေမိသည်။
                 'အမ မေသက်တို့ ဝင်လာမယ်နော်။´

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now