အပိုင်း ၅၆

131 7 0
                                    

                     ကလေးက သူ့ဒီလို တတ်သလောက် မှတ်သလောက်လေး ကြံဖန်ဆဲရည်တိုင်း သူ ကလေးကိုယ်လေးဖြစ်ညှစ် ကလေးနှုတ်ခမ်းဖူးလေးလည်း အတင်းထိကပ် ဖိကပ်နမ်းရှိုက်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာရသည်။ဘယ်လိုများဖြစ်သည် မသိတော့။
              ကလေးက ဒီလိုဆဲတိုင်းလည်း သူ့မှာ မနာနိုင်။ခုဝေးနေတော့ ပို၍ပင် မြန်မြန်တွေ့ချင်လာ၍ ဇေကြီးလာခိုင်းသော အချိန်ထက် ပိုစောစောထွက်လာခဲ့မိလိုက်သည်။
              ဒါပေမဲ့ ခြံရှေ့ရောက်တော့လည်း အရင်လို တည်တည်တံ့တံ့ အိမ်ထဲမဝင်ရဲပြန်။

              ဦးက သမီးဖြစ်သူကို သူနှင့် သဘောမတူနိုင်တာသိ အတန်ပင် စိတ်လေးနေတော့သည်။
             သူက ဦးကိုလည်း အဖေတစ်ဦးလိုပင် ချစ်ခင်လေးစားသည်။ဦးကလည်း သူ့အပေါ် ဘယ်လိုပင် သားတစ်ဦးလို ချစ်ခင် အလေးပေးခဲ့သည် ဆိုစေဦးတော့ သမီးဖြစ်သူလေးနှင့် သဘောမတူနိုင်တာ အဆန်းမဟုတ်။
             သူ့မှာသာ ဦးလိုပင် ဒီလိုသမီးမျိုးလေးရှိပါက ဘာပဲဖြစ်နေနေ အူတိုမိလိမ့်မည်။ကလေးကိုလည်း သူလိုကောင်မျိုးနှင့် ပေးစားနိုင်လိမ့်မည် မဟုတ်။
              ဦးနေရာကိုလည်း သူကိုယ်ချင်းစာကြည့်လို့ ရနိုင်နေသည်။

            'ဟီး ကိုကြီးရှင်း !´
            'ဟာ ဒီကလေး !! လန့် ? ´
              သူမက တံခါးနားပင်ရောက် မျက်နှာလေး မှန်မှာကပ် ကြည့်နေတော့ ပြုံးမိရကာပင် တံခါးမှ မှန်ချလိုက်ရလျက်
           'ကလေး ? ဘယ်သွားပြီး ပြန်လာတာလဲ ? ခုထိတောင် အဝတ်အစား မလဲရသေးဘူးလား ? ပြောတော့ ၆နာရီ သွားကြမယ်ဆို !!´
           'မသွားဖြစ်တော့ဖူး။ကိုကြီးက အရေးပေါ် လူနာရောက်လာလို့ ခုတင်အပြေးထွက်သွားရတယ်။´
           'ဟင် ကိုယ့်တောင် လှမ်းမပြောဘူး။´
          'တမင်မပြောတာ။ဒီလို မျက်နှာလေး တစ်ဝကြည့် စကားပြောချင်လို့...´
            သူမက သူ့ပင် တစ်လွမ်းတစ်ဆွေးလေးကြည့် ပြောလာတော့ သူနေရခက်သွားလျက်
          'ဒါဆို ကလေးအင်္ကျီသွားလဲ လိုက်လေ။ကိုယ်တို့နှစ်ယောက်ပဲ သွားကြတာပေါ့။ကိုယ်အိမ်ထဲဝင် ကလေးအပြင်ခေါ်သွားဖို့ ဦးခွင့်တောင်းကြည့်လိုက်မယ်။´
          'အဲ့ဒီလိုလုပ်မလား ? ဒါပေမဲ့ ဖေကြီးက သဘောမတူရင်ကော ? ကိုကြီးမပါရင် ရှင်းတို့နှစ်ဦးပဲ လွှတ်မယ်မထင်ဘူး။မနက်ကပဲ ဟိုကျက်သတုံးအုပ်စုလာ သောင်းကျန်းသွားလို့..
           အကိုကြီးက ကိုကြီးရှင်းကို ​အဲ့အကြောင်း ပြောပြသေးတယ်မဟုတ်လား ?´
           'အင်း..´
           သူ နဲနဲပင် ဖူးယောင်သမ်းနေသေးသော သူမပါးလေး ဖွဖွကိုင် ရင်နာနာပြောလိုက်မိရသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now