ဒေါက်ဒေါက် ဒေါက်ဒေါက်..
ခေါက်လိုက်သော တံခါးသံကြောင့် သူမက သူ့ထမင်းကျွေးပြီး ပိုသော အစားအသောက်လေးများစားကာ ပန်းကန်ဆေးကြောနေစဉ် လှည့်ကြည့်လိုက်မိရသည်။
သူက ထို တံခါးခေါက်သံကြောင့် ကုတင်ပေါ်တွင် ငူငူကြီးထိုင်နေရာမှ ဖြုန်းခနဲ ထရပ်လိုက်ကာ တံခါးကိုကိုယ်တိုင်သွားဖွင့်တော့သည်။
..ကို !?
သူမက အံ့ဩ ခေါ်လိုက်လည်း သူက လှည့်၍ပင်မကြည့်။အခန်းထဲမှ ထွက်ခွာသွားသည်။
သူမလည်း ဘာဖြစ်မှန်းမသိ ပန်းကန်ပင် မြန်မြန်ထားလိုက်ရကာ တံခါးဝရှိ ခြုံထည်ပင် ကိုယ်ပေါ်ပြန်ဖုံးလွှမ်းလိုက်ရင်း အပြင်ထွက် ကြည့်မိသည်။
သူက သူ့အလိုလို တစ်ယောက်ချင်း တန်းစီ၍ပင် သွားနေသော လူတန်းရှည်ကြီးနောက် လိုက်ပါသွားတော့ သူမလည်း လိုက်မည်ပြုလျင် တစ်စုံတစ်ယောက်က နောက်မှ လက်ဆွဲလိုက်ရင်း
'နင်က သူတို့နဲ့ ဘာလိုက်လုပ်မှာလဲ ? သူတို့က သူတို့ဟာသူတို့ ခန္ဓာကိုယ် လေ့ကျင့်ဖို့ သွားရတာ။နင်က ငါတို့နောက်လိုက်ခဲ့။´
ဟု ဆို၍ သူမလည်း မိန်းမတွေနောက်ပင် လိုက်လာခဲ့ရသည်။ဒီလိုပင် သွားနေကြရင်း မိန်းမတစ်ချို့က အခန်းတွေထဲ ကိုယ်စီဝင်သွားကြ၍ သူမမြင်ကွင်းထဲ ပျောက်ကွယ်သွားကြသည်။
သူမကို ခေါ်လာသော ကြောင်နက်မက
' နင့် အလတ်က ခေါ်ထားတယ်မဟုတ်လား။ဒီအခန်းထဲဝင်သွားလိုက်။´
ဟု ဆို ရှေ့ဆက်သွား၍ သူမလည်း ကျန်ခဲ့ရကာ တံခါးရှေ့ရပ် ခေါင်းအုပ်ပင် မျက်နှာရှေ့ ပိုငိုက်ငိုက်ဆောင်း တံခါးခေါက်လိုက်ရသည်။
'အလတ် ကျွန်မပါ။ 031 ရဲ့ mateပါ။´
ဟု ဆိုတော့ အထဲမှ
'အေး ဝင်လာခဲ့လိုက်။´ ဟု အသံကြားသည်။သူမလည်း ဝင်လာခဲ့တော့ သူမလို ခြုံထည်တွေ ဝတ်ထားသော မိန်းမ ၅ယောက်နှင့် အလတ်ကိုပင် အခန်းထဲရှိတာ တွေ့လိုက်ရသည်။
'အေး လာခဲ့။ဒီမှာလာထိုင်။ငါတို့ကို ကူပေး။´
'ဟုတ်။´
အလတ်အခန်းက အတန်ပင်သန့်ရှင်းသပ်ရပ် အလင်းရောင်လည်း ရှိနေပြီး နေချင့်စဖွယ်ပင်။အခန်းတွင်းရှိ ပစ္စည်းများ ကြည့်လိုက်သည်နှင့်လည်း အထိုးအချုပ်ခန်းဆိုတာ သေချာနေသည်။
'နင် နှစ်ချောင်းထိုး ထိုးတတ်လား ?´
'ဟုတ် ထိုး ထိုးတတ်ပါတယ်။´
သူမ အဖြေကြောင့် မိန်းကလေးတစ်ချို့က သူမ အတန်အံ့ဩ မော့ကြည့်ကြသည်။ဘာက သူတို့ကို အံ့ဩ သွားစေသည်လဲတော့ မသိ။
သူမက နှစ်ချောင်းထိုး ထိုးတတ်သည် ဆို၍များလား ?
အလတ်ကတော့ သူမအဖြေကြောင့် ပြုံးသွားရင်း
'ဟုတ်လား ? ဟန်ကျပြီ။ခုချိန် ဒီဝင်္ကပါထဲ အအေးလွန်လာတာကြောင့် ငါတို့က အခွံလွတ်တွေအတွက် အပေါ်ထပ်အင်္ကျီတွေ ထိုးဖို့ ပြင်နေကြတာ။
နင်ထိုးတတ်ရင် တစ်ထည်လောက် အရင်စမ်း ထိုးပြစမ်း။031 ကိုယ်တိုင်းလောက်နဲ့ပေါ့။´
'ဟုတ်´
သူမ အလွန်ဝမ်းသာ သွားသည်။ဒီလောက်အေးနေသော နေရာကြီးထဲ သူ့အတွက်နွေးထွေးမည့် အဝတ်တစ်ထည်လောက်တော့ ရှိစေချင်သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။