အပိုင်း ၅၄

127 11 0
                                    

                     လူသားတွေသည် ကာယပိုင်း အင်အားကြီးမားရန် လိုအပ်သလို စိတ်ဝိညာဉ်ရေးပိုင်းလည်း အင်အားရှိဖို့လိုအပ်သည်။
               အကြောင်းက ရှင်းတို့နေထိုင်ရာ ကမ္ဘာလောကကြီးကို ကာယအစွမ်းထက် စိတ်ဝိညာဉ် အစွမ်းဖြင့် တည်ဆောက်ခဲ့ကြ၍ ဖြစ်သည်။
              လူတွေသည် အစဦး တိရစ္ဆန်ရိုင်းတွေလို သဘာဝအတိုင်း ဂူအောင်းနေထိုင်ကြရာမှ  ရွှံ့အိမ် တဲအိမ် သစ်သားအိမ် တိုက်အိမ် စသည်တို့ ဆောက်လုပ်နေထိုင်ကြပြီး ယခု မိုးမျှော်တိုက်မြင့်ကြီးတွေပေါ်မှာပင် နတ်ဘုရားတွေလို နေထိုင်နေကြပြီ။
              မကြာခင် မိုးကောင်းကင်အမြင့် တိမ်တိုက်တွေပေါ်မှာ ဒါမှမဟုတ် လ' ပေါ်မှာ ဒါမှမဟုတ် စကြာဝဠာထဲမှာပင် လူနေအိမ်များ တည်ဆောက် နေထိုင်နိုင်ကြတော့မည်မှာလည်း မြေကြီးလက်ခတ် မလွဲပင်။
              ထိုနေရာတွေကို သွားလာနိုင်ရန်လည်း future သိပ္ပံဇာတ်လမ်းရုပ်ရှင်တွေ ထဲမှာလိုပင် ယာဉ်ပျံကားတွေ အသုံးပြုရတော့မည်မှာလည်း မလွဲဧကံပင်။
             ဒါတွေကို ရှေးခေတ်အမြင်နှင့်ကြည့်လျှင် နတ်ဘုရားတွေသာ လုပ်နိုင်စွမ်းမည် ထင်ခဲ့ကြလည်း ယခုတော့ လူတွေကပင် လုပ်နိုင်နေလေပြီ။ဒါတွေအားလုံးက လူတွေစိတ်ကူးယဉ် အိပ်မက် မက်ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။
             လူတွေသာ အိပ်မက် မမက်နိုင်လျင် မည်သည့်အရာမှ ဖြစ်တည်လာလိမ့်မည်မဟုတ်။

                   လူကြံလျှင်လည်း အကုန်ဖြစ်နိုင်သည်။ချိုင့်ဝှမ်းတွေကိုဖြည့်ပြီး တောင်တွေကိုလည်း ရွှေ့ပစ်နိုင်လိမ့်မည်။ပင်လယ်တွေ သမုဒ္ဒရာတွေကိုလည်း ဖြတ်ပြီး တစ်ဖက်ကမ္ဘာခြမ်းမှ နောက်ကမ္ဘာစွန်း သို့ နာရီပိုင်းနှင့်ရောက်အောင် သွားနိုင်လိမ့်မည်။
              နောက် မကြာတော့မည်ဖြစ်သော အနာဂတ်ကာလတွေ၌လည်း star war ရုပ်ရှင်ကားတွေထဲကလို အကာသအတွင်း ဒိုးလိုမွှေ ရေလိုနှောက် ယာဉ်ပျံကြီးတွေနှင့် သွားလာနိုင်တော့မည်။
              သင်ဘယ်လောက်ပဲ ချောင်ထဲရောက်ရောက်၊သင်ဘယ်လောက်ပဲ အလုံပိတ်အခန်းတွေထဲပဲရောက်ရောက် ကျန်နေခဲ့လိမ့်မည်မဟုတ်။ယခုပင် သင်အလိုရှိက မိုးကောင်းကင်ပေါ်လည်း ပျံနိုင်လိမ့်မည်။တောတွေ တောင်တွေ မြစ်ချောင်းပင်လယ်တွေလည်း အတားအဆီး မရှိ ဖြတ်သန်းနိုင်လိမ့်မည်။
               သင့်ဝိညာဉ် အင်အားရှိရင် ရှိသလောက် စကြဝဠာကြီးထဲလည်း လွင့်မြောချင်သလောက် လွင့်မြောကြည့်နိုင်မည်။သင်အလိုရှိပါကလည်း အချိန်မရွေး နေရာမရွေး အင်အားကြီးသော စိတ်ဝိညာဉ် အစုအဖွဲ့ကြီးထဲလည်းဝင် မကောင်းဆိုးဝါးတွေ ​ချေမှုန်းသုတ်သင်နိုင်လိမ့်မည်။
                သင်သည် ထိုနေရာတွင် လူစွမ်းကောင်းတစ်ဦးပင် ဖြစ်လာနိုင်သည်။
  
                     ပြောချင်တာ သင့်တွင် အဘယ်မျှကြီးမားသော စိတ်ခွန်အားအစွမ်း ရှိနေသလဲ ပြန်သတိရ ခံစားကြည့်စေချင်၍ ဖြစ်သည်။ရှင်းတို့ကိုယ်ထဲရှိ ထိုအရာ၏ အစွမ်းကြီးမှု့ကို ဘယ်သောအခါမျှ လျှော့ မတွက်ထားသင့်ပေ။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now