သူက သူမရင်ခွင်ထဲထား ခဏအနားယူနေရာမှ သူမမျက်နှာလေးပင် တမေ့တမောကြည့် သူမနှုတ်ခမ်းဖူးဖူးလေးပင် ထိတို့ကြည့် သူမမေးရိုးလေး မျက်နှာကျလေးပင် လက်နှင့်တိုင်းတာကြည့် စိတ်ကြိုက်လုပ်နေတော့ သူမက သူ့ငြူစူလာဟန် ရင်ကိုတွန်းထုတ် တစ်ဖက်လှည့်အိပ်သွားတော့သည်။
အမှန်တော့ သူမမှာ ဒီအောက် ဝင်္ကပါထဲ တစ်နေ့တစ်ည နေရရုံနှင့် အတော်ပင်ပန်းနေရှာသည်။
'..မ ကျွန်တော်သွားတော့မယ်။ မ အကိုရှိရာ စောစောပြန်သွားအုံးနော်။´
ဘေး နားနားကပ် တိုးတိုးငုံ့ပြောမိရတော့ သူမက သူ့စိတ်တိုသွားလျက်
' အုံး ´
ဟူ၍ပင်ရိုက် ပြန်အိပ်သွားသည်။သူ သူမအားကြောင့် ရင်ပိုင်းနာသွားလည်း လက်နှင့်ဖိ ပြုံးလိုက်ရကာ
'မောင်သွားတော့မယ်နော်။ မ ကောင်းကောင်းအိပ်။ နေမြင့်တဲ့ထိအိပ်။ ဒီထဲမှာဆို မ ဘယ်လိုနေနေ အပြင်ကို အကျိုးမသက်ရောက်ဖူး..´
'တစ်ကယ်လား ?´
သူမက ရုတ်ခနဲ ထလာ သူ့စိတ်ဝင်စား ဒီလိုဆွဲယူမေးလိုက်တော့ လန့်ပင်သွားရလည်း ပြုံးပင်ပြုံးလိုက်မိကာ
'ဒီထဲ အချိန်ရွေ့နေလည်း နဲနဲချင်းစီပဲ ရွေ့နေတာ။အဲ့ သဲနာရီပဲကြည့်။
သူ့ထဲက သဲတစ်ပွင့် အောက်ကျဖို့ နာရီပေါင်းများစွာကြာတယ်။ဒါကြောင့် အမဒီထဲ ဘယ်လောက်ပဲကြာကြာနေ ဘယ်လောက်ပဲ အချိန်ယူနေနေ အပြင်မှာ မိနစ်ပိုင်းလောက်ပဲ။ပြောရရင် အမက ဒီထဲ မီးခွက်ထဲက Genie လေးလိုပဲ။´
'ကောင်းတယ်။´
ပထမ သူမက သူပြောတာတွေပင် တွေနားထောင်ပြီး ထိုသို့ပင်ပြော ပြန်လှဲအိပ်သွားတော့
'ဒါပေမဲ့ ဒီလိုဆိုတိုင်း အမ အခန်းအောင်းနေလို့ မဖြစ်ဖူးနော်။အဲ့ဒါက အမကိုယ် အမပဲဖျက်ဆီးစေလိမ့်မယ်။
ဒီထဲအနေများလို့ လ' ရဲ့ အလင်းရောင်ကို များများစုပ်ယူနိုင်လည်း..´
'အမလေး မြန်မြန်သွားပါတော့ နားငြီး..အ ´
'ကျွန်တော့ကို နားငြီးတယ်လို့ ပြောတယ် ? ထပ်လာဦး။´
'ဟင့်အင်း..´
သူမက သူ့အနမ်းထပ်မခံရဖို့အရေး မျက်နှာလေးပင် ခေါင်းအုံးနှင့်အပ် ဖွက်ထားလိုက်တော့ သူပြုံးမိရရင်း ထုံးစံအတိုင်း သူမပခုံးဖြူဖြူလေးပင် တမြတ်တနိုးအနမ်းပေး အခန်းထဲမှ ထွက်လာခဲ့လိုက်လေတော့သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Fantastiquelove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။