' ကိုကြီးရှင်း !!´
'ဟ ! ကလေး ? ဘယ်လိုရောက် ..´
'ကိုကြီးနဲ့လိုက်လာတာလေ။အကိုရှင်းတို့ ညနေစာ စားပြီးပြီလား ?´
'ဘယ် ဒီအချိန် စားရဦးမှာလဲ ..ဇေကြီး ??´
'အေး ဒီမှာလေ ညီမလေးက ချက်ပြုတ်ပြီး မင်းဆီ ဟင်းပို့ချင်တယ် တဂျီဂျီ ပူဆာနေလို့ လိုက်ပို့ရတယ်။´
'ဟီး..´
'ရှင်းလေးကလည်းကွာ ဘာလုပ်ဖို့လဲ။နေလည်းကောင်းသေးတာ မဟုတ်ပဲနဲ့ အိမ်မှာနေတာ မဟုတ်ဖူး..´
'ဘာတွေလဲ ? ဟ ငါတော့ ဒီမှာထမင်းစားသွားဦးမှ။´
'ဟင်..ကိုကြီး Neo အတွက် မပါဘူး။´
'ဟား ဒီကလေး ငါ့ဆို..ဟေး Bro မတွေ့ရတာ ကြာပြီနော်။´
'ဟာ အကို Neo ! ခုချိန်ထိ မပြန်သေးဘူးလား ? ညနေတောင် စောင်းနေပြီ။ ဆိုင်ဖွင့်ဖို့ရော..´
'ခုပဲ ပြန်တော့မလို့။ဒါပေမဲ့ မင်းတို့ယူလာတဲ့ ဟင်းချိုင့်ကြီးတွေ့တော့ စားပြီးမှပဲပြန်တော့မယ်။´
'ဟင် !! ကျွေးဖူးဆို..´
'တွေ့လား လက်ပေါက်ကပ်မလေး။ငါ့ဆို လုံးလုံး မသဒ္ဒါဘူး။သူ့ ကိုကြီးရှင်းမှ ကိုကြီးရှင်း။
မင်းကော မင်းညီမက သူငယ်ချင်းဖြစ်သူကိုပဲ အသဲပိုနေတာ ဘယ်လိုခံစားရ..´
'ကျွန်တော်လား ? ကျွန်တော်ကတော့ ဘာမှမခံစားရပါဖူး။သူတို့ချင်း အဆင်ပြေနေကြရင် ချစ်နေကြရင် ပြီးတာပဲ။´
'ဟပ် တွေ့လား မင်းယောက်ဖတော်က မင်းအပေါ်ဘယ်လောက် ကောင်းလိုက်သလဲ ဆိုတာ..
ကဲ သွားပြီ။ Pachy သွားပြီ။´..သွားသွား နားငြီးတယ်။ ဟွန်း
သူမ ဟင်းချိုင့်တွေလှည်နေရင်းမှ စိတ်တွင်းမှပင် ဆိုလိုက်ပါလေတော့သည်။သူမက ကြက်သားဟင်းတစ်အိုးကြီးချက် ယူလာခဲ့တော့ သူနှင့် သူ့သင်တန်းသားတွေ အားလုံးလည်း အတူစားနိုင်ကြကာ တစ်အိုးလုံးလည်း တစ်ခါထဲ ပြောင်သွားပါလေတော့သည်။
သူက သူမတို့ မောင်နှမ ပြန်တော့မည်ဆိုတော့ လိုက်ပို့ရင်းပင် သူမကားပေါ် အတက်မခံသေးပဲ
' ရှင်းလေး ကိုယ့်ကလေးလေး လွမ်းလိုက်တာကွာ။မတွေ့ရတာ တစ်နေ့ခင်းပဲရှိသေးတယ်။ရှင်းလေးပြန်တောင် မလွှတ်ချင်တော့ဘူး..´
'ဟင် ကိုကြီးရှင်းကလည်း အကိုကြီးစောင့်နေပြီ။´
သူက သူမပင် နံရံမှာကပ် နမ်းရှိုက်ရန်ဟန်ပြင်တော့ ပြောလိုက်ရကာ သူက
'ခဏပါကွာ ခဏလေး။ဇေကြီးက ကားပေါ်မှာစောင့်နေမှာပေါ့။ခဏလေးကွာ..´
သူနှင့်တော့ ခက်နေတော့သည်။သူမလည်း သူ့အလွမ်းတွေနှင့် နမ်းရှိုက်တာခံနေရရင်း သူ့နောက်ကျောမိုးကောင်းကင်ပေါ် သာနေသော လမင်းကြီးကြည့် မှင်သက်နေမိသည်။
ဝတ္ထုထဲ လမင်းကြီးက တစ်ကယ့်အပြင်ကမ္ဘာမှာလိုပင်။သူမ သူတို့နှင့် နေရတာပင် ရူးတော့မည်။
ဝင်္ကပါထဲ သူကလည်း သူမချစ်လိုက်တာမှ တစ်စိုက်မတ်မတ်။ဝတ္ထုထဲက သူကလည်း သူမချစ်လိုက်တာမှအရူးအမူး။နှစ်ယောက်က တစ်ဦးတည်းဆိုလို့သာ။နောက်ဆို သူမက လှေနံနှစ်ဖက်နင်းထားသော မိန်းမဖြစ်နေပြီ။
သူမကလည်း သူတို့နှစ်ဦးထဲ ဘယ်သူ့ပိုချစ်နေသည် ဝေခွဲမရ။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။