Maze
*** ဝင်္ကပါ ဖြစ်ပေါ်လာသော အကြောင်းရင်း ***
စာရေးသူက တစ်ခါတစ်လေ အပိုင်းတစ်ပိုင်းပြီးတိုင်း စာဖတ်သူများသိစေရန် စာတစ်ချို့ ရေးသားလေ့ရှိသည်။ဒါကို တစ်ချို့စာဖတ်သူများက ကြိုက်ချင်မှ ကြိုက်ပေလိမ့်မည်။ဒီလိုဆို အားနာမှု့ မရှိပဲ မဖတ်ကျော်သွားလို့ ရပါသည်။
ဒီတစ်ခါတော့ ဒီအပိုင်း ၆၁ တွင်တော့ စာရေးသူက ဇာတ်လမ်းသစ်ပင် မတင်ပဲ စာရေးသူ၏ ဝင်္ကပါ ဘယ်လိုဖြစ်ပေါ်လာရသလဲ ဆိုတာ တမင် ပြောပြချင်ပါသည်။ ဇာတ်လမ်းသစ် စောင့်မျှော်နေသူများကိုတော့ အားနာပါသည်။
အဆန်းကြီးတော့ မဟုတ်ပါ။ဝင်္ကပါသည် စာရေးသူ အိပ်မက်မှ အစပြု ဖြစ်တည်လာရသော ဝတ္ထုဇာတ်လမ်းလေး တစ်ပုဒ်သာဖြစ်ပါသည်။
၂၀၀၄ခုနှစ် ဝန်းကျင်လောက်က ဖြစ်မည်ထင်သည်။ ဟုတ်ပါသည်။ ၂၀၀၄ပါ။ ခုဆို ၂၀၂၄ ဖြစ်နေ၍ အနှစ် ၂၀ လောက်ပင် ကြာနေပြီ ဖြစ်ပါသည်။
ထိုအချိန်ကာလလောက်က စာရေးသူ အိပ်မက်တစ်ခု မက်ခဲ့ပါသည်။အဲ့ဒါက စာရေးသူက ပွဲဈေးတန်းတစ်ခုလိုထဲ လူတန်းရှည်ကြီးနှင့် သွားလာနေသော လူတွေကြား ရောက်၍ပင် နေသည်။
ဟုတ်ပါသည်။စာရေးသူက ဒီဝတ္ထုကိုလည်း ဒီလိုပင် စခဲ့တာ စာဖတ်သူများ သတိရကြမည်ဖြစ်ပါသည်။
ငယ်စဉ်က စာရေးသူတို့ မောင်နှမများကို အဖေဖြစ်သူက နေထိုင်ရာ နယ်မြို့လေး၏ နှစ်စဉ်မပြတ် ကျင်းပတတ်သော ဘုရားပွဲများမှ ပွဲဈေးတွေရှိရာပင် အမြဲမပျက် ခေါ်ဆောင်သွားတတ်သည်။
စာရေးသူကလည်း ထိုသို့သွားရလျင် အမြဲပျော်ပါသည်။ထိုမှာ ပွဲဈေးတန်းမှ အစားအသောက်တွေစား လိုချင်သည့် အရုပ်လေးတွေဝယ် ချားရဟတ်များ စီးချင်စီး။ခင်းကျင်းပြသထားသော ပြပွဲလေးများကြည့် ဝါးထရံများနှင့်သာကာရံ ကဖြစ်ကညစ်လုပ်ထားသော ဝင်္ကပါထဲဝင်ကြည့် အဲ့ဒီလိုနှင့် ကလေးပီပီ အလွန်ပျော်ခဲ့ပါသည်။
ဒါကြောင့်လည်း Doll Maker ကိုလည်း ဒီလိုပင် ညပွဲလေးတစ်ခု သွားကြည့်ရာမှ ထူးခြားဇာတ်လမ်းလေးတစ်ခု ဖြစ်လာသည်နယ် ဇာတ်လမ်းဆင်ထားပါသည်။
ဒီလို အိပ်မက် မက်သည်ဆိုတာကလည်း ထိုသို့သွားလာစဉ် ဖြစ်ပေါ်လာသော အတွင်းစိတ်ထဲ အမှတ်မထင်စုသိမ်းထားလိုက်မိသည့် ကြောက်စိတ်ကို အခြေခံ အိပ်မက် မက်လာခြင်းဖြစ်သည်ဟု ထင်ပါသည်။
ဒီလိုပင် လူတွေမှာရှိတတ်သော အမှတ်မထင် မသိလိုက်သလို မသိစိတ်အတွင်း သိမ်းထားမိလိုက်သော အဖြစ်အပျက်လေးတွေ ခံစားမှု့လေးတွေက တစ်ခါတစ်လေ ခြောက်အိပ်မက်များလို ပေါ်လာတတ်သည်မဟုတ်လား ?
ဒီလို အိပ်မက်ထဲ စာရေးသူက လူတွေကြားသွားလာနေစဉ်ပင် ရုတ်တရက် လူက ဝင်္ကပါတစ်ခုအတွင်း ဝင်ရောက်သွားသည်။ထိုအထဲ စာရေးသူက တစ်ယောက်ထဲသွားလာ ဇာတ်လမ်းထဲ ဖော်ပြထားသလိုပင် တစ်ခန်းဝင်တစ်ခန်းထွက် ခန်းစီးစ အမဲတွေပင်ဖွင့် သွားလာနေရာမှ အဖော်တစ်ဦးပါ ပါလာခဲ့သည်။
ဒီဝတ္ထုထဲ ဖော်ပြခဲ့သလို နှစ်ဦးဖြစ်သွားပြီး သူနှင့်အတူပင် ဈေးဆိုင်တွေမှာ ဈေးဝယ် အစားအသောက် မျက်နှာဖုံးလေးတွေလည်းဝယ် ဒီလိုသွားလာနေရာမှ ရုတ်တရက် လူ့ဘီလူးကြီးရောက်လာ အသက်လု ထွက်ပြေးရပြီး အိပ်မက်မှ လန့်နိုးသွားပါသည်။စာရေးသူ အိပ်မက်က ဒီမျှပင် ဖြစ်ပါသည်။
စာရေးသူက ဒီအိပ်မက်လေး ကိုပင် အခြေခံ ဝတ္ထုတစ်ပုဒ် ဖြစ်အောင်ရေးရာမှ ဝင်္ကပါ ဇာတ်လမ်းတိုလေး ဖြစ်ပေါ်လာပါသည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Fantastiquelove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။