🔞 🖊️
နေ့လယ် 031 ၏ အခန်းကျဉ်းလေးထဲရှိ ရေချိုးခန်းထဲမှ သူမ ရေချိုးပြီး ထွက်လာတော့ သူကလည်း အခွံလွတ်တွေ ပုံမှန် သွားလုပ်နေကြ လေ့ကျင့်ခန်းလုပ် ခန္ဓာကိုယ်ကိုလည်း ရေမိုးချိုး သန့်စင်ဆေးကြောပြီးမှ ပြန်လာပုံရလည်း သူ့ပုံစံကြီးအတိုင်း ကုတင်လေးပေါ်တွင် ငူငူကြီးထိုင်နေတာ တွေ့လိုက်ရတော့ သူမလည်း သူ့ကြည့် သက်ပြင်းမောပင်ချလိုက်ရသည်။
သူမ ဒီနေ့ အလတ်အခန်းမှ အလုပ်ချိန်ပြီး ပြန်လာချိန် လမ်း၌ ကြောင်နက်မနှင့် မထင်မှတ် တွေ့ဆုံမိကာ သူမက မမြင်ဟန်ဆောင် ရှောင်သွားမည်ကြံလည်း ကြောင်နက်မက အတင်း လက်ဆွဲထားပြီးပင်
'ဟဲ့ နင် 031 နဲ့ sex လုပ်လို့ရလား ?´
'ဟင် ! ရှင် ?´
အမေးကြောင့် သူမပင် အတန်ရှက်ရွံ့ ယောင်နနဖြစ်သွားရသည်။
ကြောင်နက်မက သူမမျက်နှာပင်ကြည့် အကဲခပ်လိုက်ရင်း
'နင်လည်း ရမယ်မထင်ပါဘူး။031 က တစ်ကယ့်သစ်တုံးကြီးပဲဟာ။သူ့မှာ ပင်ကိုယ်အသိစိတ်တွေဖြစ်တဲ့ စားဖို့ အိပ်ဖို့ ဒါမှမဟုတ် sex လုပ်ဖို့တောင် စိတ်မဖြစ်တော့ဘူးပဲ။
ခု Alpha က သူ့ကြောင့် ပင်ပန်းနေတယ်ဆိုတာတော့ နင်သိတယ်မဟုတ်လား ?
Alpha က နေရာတကာ သူ့ကိုယ်ထဲဝင် အစာ စားပေးရ သန့်စင်ပေးရ တိုက်ခိုက်ပေးရနဲ့။ alpha က သူနိုးထလာဖို့ အတန်ကြိုးစား လုပ်ပေးနေလည်း သူက အတွင်းစက်အင်ဂျင်ကြီးလုံးလုံးပျက်နေတဲ့ ကားအဟောင်းကြီးလိုပဲ။
လုံးဝ နိုးထမလာတော့ဘူး။နင်တော့ 031 ရဲ့ mate ဖြစ်ရတာ ပင်ပန်းတော့မှာပဲ ? alpha ဝင်နေချိန် တစ်ခဏ သူက လှုပ်ရှားမှာမှန်လည်း ခု alpha ကလည်းတစ်မျိုး..
..ဘယ်သူနဲ့မှ sex မလုပ်ဖူးတဲ့။´
တိုးတိုးနှင့် ကပ်ပြောလိုက်သည်။ကြောင်နက်မက သူမ Queen ဟု သိသေးပုံမပေါ်။ သူတို့လို အကူ တစ်ဦးထင်နေပုံပင်။'..ဟွန်း ငါတော့ သူ့ အတော်စိတ်ကုန်တယ်။ကံကောင်းလို့ နင်ရောက်လာပြီး အကြီးက နင့် အဲ့အကောင်ကိုပြုစု ငါ့ကို ခု delta စီးနေတဲ့ 020 ကို ပြုစုခိုင်းလို့လေ။ဘဝက အတော် သာယာသွားတာ။
ဒါပေမဲ့ delta ရဲ့ mate က ငါ့ သူ့လူနဲ့နေလို့ အမြင်မကြည်ပြန်ဘူး။ဟွန်း ငါက delta ကိုမြှူစွယ်ပြီး သူ့နေရာ ဝင်လုမယ် ထင်နေတဲ့ပုံပဲ။
ကောင်မတွေက Alpha နောက်လိုက်တွေနဲ့ နေရတာနဲ့ သူတို့တွေရဲ့ mate ဖြစ်သွားတာနဲ့ အောက်ခြေတွေလွတ်သွားကြတာ။နင်လည်း ကြည့်နေကြည့်စား။ တစ်ကယ်လို့ Alpha ရဲ့ Queen ရောက်လာရင် ဒီအထဲ နင် နေရစားရ ပိုကြပ်လာလိမ့်မယ်။
သူတို့က သူတို့လင်တွေ အားကိုးပြီး အကူတွေ ဒါမှမဟုတ် ငါတို့လို အခွံလွတ်ကောင်တွေရဲ့ mate တွေကို လူလို့တောင် မထင်တတ်တဲ့ ကောင်မတွေ။ဒါမှမဟုတ် Alpha ကို အပိုင်ချုပ်ပြီး Queen ဖြစ်အောင် လုပ်နိုင်ရင်လုပ် ငါကတော့ delta ကို စွဲဆောင်ပြီး သူ့ mate ကို ဆွဲချမလို့ ...´
ဟု သူပြောချင်ရာတွေပြော ထွက်သွားတော့သည်။ကြောင်နက်မကလည်း တစ်ကယ်မလွယ်ကြောပင်။
ဘာပဲပြောပြော သူမထံမှလည်း သူမ မသိသေးသော အကြောင်းအရာတစ်ချို့ သိခွင့်ရလိုက်၍ သူနှင့်တွေ့ဆုံရတာလည်း အကျိုးအကြောင်းတော့ ရှိပါသည် ဒီလိုပင် ဖြည့်တွေးလိုက်ရလေတော့သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Fantastiquelove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။