Maze 🖊️
**၁၈နှစ်နှင့် အထက် အောက် စာဖတ်သူများသိစေရန်။**စာရေးသူသည် အလွန် worry များတတ်သော လူတစ်ဦးဖြစ်သည်။
စာရေးသူသည် sex နှင့်ပတ်သက်သော အကြောင်းအရာများရေးပြီးတိုင်း စာတင်ပြီးတိုင်းလည်း စိတ်မလုံဖွယ် ခံစားနေရသည်။အကြောင်းက စာရေးသူက စိတ်ကူးယဉ်၊ စာဖတ်သူများအကြိုက်ဖြစ်အောင် sex အကြောင်းအရာများ ထည့် ရေးသားတိုင်း၊ ထွင် ရေးသားတိုင်း စာဖတ်သူများက ဒါတွေကို အဟုတ်ထင် ယုံ လိုက်လုပ်ကြမည်ကိုပင်။
အဓိက စာရေးသူ၏ စာများအသက်မပြည့်သေးသူများ ဖတ်မိမှာ အလွန်စိုးရိမ်မိသည်။အသက်မပြည့်သေးသည့် ကလေးများက ဘာမျှသိသေးသူများမဟုတ်။လောကကြီးအကြောင်း မသိကြသေးသူများဖြစ်၍ စာအုပ်ထဲ ရေးသားထားသမျှ အကြောင်းအရာများ အမြဲအမှန်ဟု ထင်တတ်ကြ၍ ဖြစ်သည်။
စာရေးသူသည် ထိုကလေးများကို စာရေးသူစာများဖတ် လမ်းလွှဲမသွားစေချင်ပါ။သူတို့ လမ်းလွဲသွားပါက စာရေးသူသည်အလွန်လေးလံသော ကြိတ်ဆုံကျောက်ကြီး လည်မှာပင်ဆွဲကာ ပင်လယ်ထဲကျသွားသလိုနယ် ခံစားရပါမည်။အခုပင် အတော်ဇက်လေးနေပါပြီ။
ဒါကြောင့် ဒီနေရာမှာ ခဏရပ်တံ့ အားလုံးကို စာရေးသူ ရေးသမျှ အမှန်ဟုမထင် မယူဆ တစ်ကယ်လည်း လိုက်မလုပ်ကြရန် သတိပေးချင်ပါသည်။
အကြောင်းက စာရေးသူသည် ကိုယ်ရေးသည့် ဝတ္ထုထဲ ကိုယ်လိုချင်သည့် လူ့အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် အနေအထားတစ်ခုတည်ဆောက်ကာ စာရေးသူ ရေးချင်ရာ တွေးချင်ရာများ ထည့်သွင်းရေးသားနေခြင်းသာဖြစ်သည်။တစ်ကယ့် အပြင် လက်တွေ့ဘဝတွင်တော့ စာရေးသူလည်း လူအများသွားလာနေကြသော ပုံမှန် လူနေမှု့ ဘဝပုံစံရေစီးကြောင်းထဲ မသွေဖီနိုင် လိုက်ပါ မြောပါ သွားလာ နေထိုင်နေရသူတစ်ဦးသာဖြစ်ပါသည်။စာရေးသူတို့နေထိုင်ရာ မြန်မာပြည်၌လည်း ဒီလိုနေထိုင်ရုံအပြင် တခြားလမ်းမရှိပါ။
စာရေးသူတို့သည် ငယ်စဉ်က မိဘမျက်နှာကြည့်နေကြရသည်။နောက် ပတ်ဝန်းကျင်ကိုကြည့်ကြရသည်။နောက် ကိုယ်နေထိုင်ရာ နိုင်ငံ၏ ယဉ်ကျေးမှု့နှင့် ဓလေ့ထုံးစံများ လိုက်နာကျင့်သုံးရသည်။နောက် ကိုယ်ယုံကြည် သက်ဝင်ရာ ဘာသာတရားများ၏ အဆုံးအမများ ညွှန်ကြားမှု့များ သင်ကြားပေးမှု့များကို နာခံရသည်။
စာရေးသူသည် အပြင်တစ်ကယ့်လက်တွေ့ ဘဝတွင် စာဖတ်သူများပင် စာရေးသူအား တစ်ကယ်လက်တွေ့မြင်ရပါက ယုံနိုင်ဖွယ်မရှိ အလွန်ရှေးရိုးကျ နေထိုင်နေသူပင်။စာရေးသူသည် အပြင်တွင် ခုလူငယ်တွေအခေါ်အဝေါ် social ကျသူမဟုတ်။အရင်လူတွေအခေါ် ဘိုဆန်သူမဟုတ်။ဒီဝတ္ထုထဲပါသော nurse သုံးဦးလိုပင် club သွားဖူးတယ်ရှိ စွန့်စားသွားဖူးသူပင် မဟုတ်။ဒီလောက်ဆို နားလည်ကြမည်ထင်ပါသည်။စာရေးသူက ဘယ်လိုလူစားလဲ ဆိုတာ။
စာရေးသူက စာရေးသူ၏တစ်ကယ့် လက်တွေ့ဘဝတွင် အပြစ်အနာအဆာလုံးဝ မရှိသော ပတ်ဝန်းကျင်က လူတွေ နဲနဲမှ လက်ညှိုးမထိုးနိုင်သော လူနေမှု့ဘဝနှင့် နေထိုင်နေသူဖြစ်ပြီး ထိုအထဲလည်း ပိတ်မိနေသူပင်။
ဒီ့အပြင် စာရေးသူသည် အပြင်တစ်ကယ့်လက်တွေ့ ဘဝမှ လူသားတွေ၏ တစ်ကယ့်ချစ်ခြင်းများကြည့် sick ဖြစ်နေသူပင်။ပြောချင်တာ sick ဖြစ်သည်ဆိုတာ စိတ်ပျက်သည်ထက်ပို စိတ်ပျက် ရွံရှာနေသည်ဟု။ဒီလိုပြော လွန်သွားမည်ထင်သည်။ဒါပေမဲ့ တစ်ကယ် စာရေးသူ ခံစားနေရသည့်အတိုင်း ရေးလိုက်ချင်းဖြစ်သည်။
အကြောင်းက စာရေးသူသည် အပြင် တစ်ကယ့်လက်တွေ့ ဘဝက လူသားတွေ၏ ချစ်ခြင်းများကို မယုံတော့။တစ်ကယ် အချစ်စစ် အချစ်မှန်ဖြင့် ချစ်နေကြသူတွေ ရှိနေသည်ဆိုဦးတော့ အတော်များများလူတွေ၏ ချစ်ခြင်းတရားများကို မယုံကြည်နိုင်တော့။
လူတွေသည် တစ်ကယ့်အချစ်စစ် အချစ်မှန်ထက် ပိုလှသော ပိုချမ်းသာသော ပိုဂုဏ်ရှိမည်ထင်သော ပို ပို၍သာ သာသော ကိုယ့်အတွက်အကျိုးအမြတ်ပိုရှိမည်ထင်သော အတုယောင် ချစ်ခြင်းများနောက်လိုက် အချစ်ငတ်နေကြသူတွေပင်။နောက် ပုန်းလျှိုးကွယ်လျှိုး ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယား ယောက်ျားများအား သစ္စာဖောက်နေသူများပင်။
စာရေးသူက အပြင်လက်တွေ့ကမ္ဘာမှ လူသားတွေ၏ ဖန်တစ်ရာတေ ထပ်နေပြီဖြစ်သော ရွေးချယ်မှု့များ သစ္စာဖောက်မှု့များ ဂတိသစ္စာ မခိုင်မြဲနိုင်မှု့များတွေ့ စိတ်ကုန်နေသူဖြစ်သည်။ဒါကြောင့် စာရေးသူက စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာ ဒါမှမဟုတ် အိပ်မက်ကမ္ဘာထဲမှာသာနေသည်။စာရေးသူ၏ စာဖတ်ပရိသတ်ကိုလည်း စာရေးသူ နေထိုင်ရာ စိတ်ဝိညာဉ်ကမ္ဘာထဲ ခဏမျှ အလည်အပတ်ခေါ်ချင်ရုံမျှသာ။
စာရေးသူ၏ ချစ်လှစွာသော စာဖတ်ပရိသတ်များက စာရေးသူ၏ ဝတ္ထုကို ဖတ်လိုက်သည်နှင့် စာဖတ်သူ၏ စိတ်ဝိညာဉ်က ကမ္ဘာသစ်တစ်ခုထဲရောက်သွားမည်။ထိုမှာ အပြင်ကမ္ဘာမှ အပူအပင်တွေ စိတ်နောက်ကျိစိတ်ကုန်ဖွယ်ရာတွေ နာကျည်းမုန်းတီးမှု့တွေ ပင်ပန်းခက်ခဲမှု့တွေ ခဏထားခဲ့လိုက်နိုင်မည် မေ့ဖျောက်ခဲ့နိုင်မည် ဆိုပါက စာရေးသူ၏ အောင်မြင်မှု့ပင်။
စာဖတ်သူများက ဝတ္ထုထဲမှ စာရေးသူ ဖန်တီးထည့်ထားသော ဇာတ်ကောင်လေးတွေကိုယ်ထဲ ခဏဝင် သူတို့နှင့်အတူ အဆိုးအကောင်းသဘာဝလေးများ လိုက်ခံစား။သူတို့နှင့်အတူ ဘာမဟုတ်သည့် အခက်အခဲလေးများ ပျော်ရွှင် ဝမ်းနဲမှု့များလိုက်မျှဝေခံစား။ နောက် သူတို့ကြုံတွေ့နေကြရသော ချစ်ခြင်တရားများ အမုန်းတရားများ ကိုယ်ဖြစ်နေရသကဲ့သို့ ခံစား၊ အပြင်မှာမတွေ့ကြုံခဲ့ဖူးသော လုံးဝလည်း တွေ့ကြုံရမည် မဟုတ်သော လူဆိုးကြီးများ သတ္တဝါကြီးများ မကောင်းဆိုးဝါးကြီးများနှင့်လည်းတွေ့ဆုံ သူတို့နှင့်တိုက်ခိုက် ဒါမှမဟုတ် ပေါင်းသင်းနှင့် ဒီလို အပြင်လက်တွေ့ ကမ္ဘာနှင့် လုံးဝဆန့်ကျင်ဘက် ကမ္ဘာငယ်လေးတစ်ခု၏ အထိအတွေ့ဆန်းလေးတွေကို ခံစား သိမြင်မိလျင် ကျေနပ်ပြီ။ဒါက စာရေးသူက စာဖတ်သူများကို တစ်ကယ်ပေးအပ်လိုသော အိပ်မက်လက်ဆောင်မွန်ပင်။
ဒါပေမဲ့ ဒီအိပ်မက် လက်ဆောင်မွန်ကိုပင် အပြင်ကမ္ဘာမှာ လက်တွေ့ဖန်တီးလိုသူတွေ ခံစားလာလိုသူတွေ ရှိလာမှာ စိုးရိမ်မိသည်။ စာရေးသူက ငယ်ရွယ်သည့် ကလေးငယ်များ မဖတ်ရန် 18 & up 🔞 ဒီလိုသင်္ကေတကို ပြထားလျင်တောင် ဒီလိုသင်္ကေတပါတာကိုပင် လိုက်ရှာဖတ်နေသော ကလေးငယ်များရှိလျင်လည်း ရှိနေလိမ့်မည်။ဒါကြောင့် စာရေးသူက ထိုကလေးငယ်များရှိလျှင် သတိပေးလိုက်ချင်သည်။
စာရေးသူ၏ စာများက ကလေးငယ်များအတွက် အိပ်မက်ကောင်း မဟုတ် အိပ်မက်ဆိုးသာ ဖြစ်သည်ဟု။
ဒီလိုပြောလည်း ဒီလိုအထိပင် ခြိမ်းခြောက်ထားလည်း သကောင့်သားလေးတွေ သကောင့်သမီးလေးတွေက ခိုးဖတ်နေကြဦးမည် ဆိုလျင်တော့ မတတ်နိုင်တော့။စာရေးသူက စာရေးသူ လည်မှာဆွဲထားသော ကြိတ်ဆုံကျောက်ကြီး လည်မှဖယ်ရှားလိုက်ပြီဟု။
နောက် ပြောချင်တာ တစ်ခုလည်း ရှိသေးသည်။တစ်ခြားသူတွေတော့ မသိ။စာရေးသူ၏ 18 & up 🔞စာလုံး သင်္ကေတအပေါ်နားလည် ထားပုံပင်။
အဲ့ဒါကတော့ နိုင်ငံတကာတွင် အသက် ၁၈နှစ်ပြည့်သူများကို လူရာသွင်းပြီဖြစ်သည်။သူတို့သည် အကောင်းအဆိုး ခွဲခြားသိမြင်နိုင်ကြပြီ။တွေးတော ဆင်ချင်တတ်ကြပြီ၊ စဉ်းစားချင့်ချိန်တတ်ကြပြီ။သူများတွေပြောတိုင်း လိုက်မလုပ်တော့။မယုံတော့။သူတို့ ကိုယ်ပိုင်ဘဝကို ကိုယ်တိုင်ဖန်တီးနိုင်ကြပြီ၊ရွေးချယ်နိုင်ကြပြီ၊ပုံသွင်းနိုင်ကြပြီ။ဒီလိုဖြစ်သည်။
၁၈ နှစ်ပြည့်ပြီးကလေးငယ်များသည် Santa ကို မယုံကြည်တော့။ပုံပြင်များကိုလည်း တစ်ကယ်အဟုတ်ဟု မထင်တော့။ပြောချင်တာ မျက်စိမှိတ်မယုံကြတော့။ဒါကြောင့် သူတို့ကို မိဘဆရာများက သူတို့ကိုယ်ပိုင် ရွေးချယ်မှု့များကိုပင် ဦးစားပေး လုပ်ဆောင်ခိုင်းလာကြပြီ။
ပြောချင်တာ နေရာတကာ မိဘများက လိုက်မပါတော့။သူတို့နေထိုင်ကြီးပြင်းရာ နိုင်ငံတွေကလည်း ၁၈နှစ်ပြည့်ပြီးတာနှင့် နိုင်ငံ့အရေးကိစ္စ ရွေးကောက်ပွဲများ ရှိလာပါက သူတို့ထည့်သွင်း vote ပင် ပေးခိုင်းနေကြပြီ။ဒါကြောင့် သူတို့က ချင့်ချိန်တွေးခေါ်နိုင်ပြီ၊အကောင်းအဆိုး ခွဲခြားနိုင်ပြီ၊ဘယ်ဟာ အစစ်အတု ခွဲခြားနိုင်ပြီ စသည်ဖြင့် ယေဘူရ သတ်မှတ်ထားချင်းဖြစ်သည်။
တစ်ကယ်လက်တွေ့တွင်တော့ ၁၈နှစ်ပြည့်ပြီးသူများအားလုံးတော့ တစ်ကယ် လူလားမြောက်ချင်မှ မြောက်လိမ့်မည်။အကောင်း အဆိုး အတုအစစ်ကိုလည်း ခွဲခြားနိုင်ချင်မှ နိုင်လိမ့်မည်။
စာရေးသူက ဒီအသက်အရွယ်ရောက်လာတော့ လမ်းမှာ သွားလာနေကြသော ၁၀တန်း ၁၁တန်းအရွယ် ကျောင်းသူ ကျောင်းသားလေးများတွေ့
..ဪ သူတို့ တယ် ငယ်ရွယ်ကြသေးပါလား။ဘာမျှမသိကြသေးပါလား။
ဒါမှမဟုတ် ဘာပူပင်သောကမှ မရှိ ပျော်ရွှင်နေကြသည့်တက္ကသိုလ် ကျောင်းသားကျောင်းသူ အရွယ်လေးတွေ တွေ့ပါကလည်း
..ဪ သူတို့ အတော် ငယ်ရွယ်ကြသေးပါလား။လူလားမမြောက်ကြသေးပါလား။ဘာပဲဖြစ်နေနေ ပျော်ရွှင်နိုင်နေကြတုန်းပါလား။
ဒီလိုပင် တွေးမိပြန်သည်။ဒါပေမဲ့ စာရေးသူတို့ ငယ်ရွယ်စဉ် သူတို့လို အချိန်တွေတုန်းကတော့ စာရေးသူတို့သည် ကိုယ့်ကိုကိုယ် မာန်တက်နေတော့၏။ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေတော့၏။ကိုယ့်ကိုကိုယ် အားလုံး သိပြီတတ်ပြီ ယူဆနေတော့၏။
နောက်များမှ အသက်အရွယ်တွေ ရလာကာမှ
..ဪ ငါ ဘာမျှ မသိခဲ့ပါလား။လူ့သဘော လူ့မနောတွေ ငါ ဘာတစ်ခုမျှမသိခဲ့ နားမလည်ခဲ့ ပါလား။ငါ ဘာမှလည်း မသင်ယူခဲ့ မတတ်မြောက်ခဲ့ပါလား။လူတိုင်းဟာ ငါထင်သလို မဟုတ်ခဲ့ပါလား။ ငါ့ သဘောအတိုင်း ငါဖြစ်ချင်သည့်အတိုင်း ငါ့ဆန္ဒတွေအတိုင်း မဖြစ်နိုင်ပါလား သင်ယူနိုင်ခဲ့တော့သည်။
ဒါကြောင့် စာရေးသူ မျက်စိထဲတွင် ၁၈နှစ်ပြည့်ပြီး ကလေးများကလည်း အသက်မပြည့်သေးသောသူများ ကလေးများ ဖြစ်နေတော့၏။ဒါကြောင့် စာရေးသူ၏ စာများဖတ်နေကြသော ၁၈ နှစ်ပြည့်ပြီး ကလေးများသိရန် အောက်ပါစာကို ရေးသားလိုက်ပါသည်။
Warning : ဒီဝတ္ထုထဲပါဝင်သော ဇာတ်ကောင်များ လူနေမှု့အဖွဲ့အစည်းများ ယုံကြည်သက်ဝင်မှု့များ၊ ဇာတ်လမ်းပါ အကြောင်းအရာများ အားလုံးသည် စာရေးသူ၏ စိတ်ကူးယဉ် ဖန်တီး ရေးသားထားချက်များသာ ဖြစ်ပြီး အပြင် လက်တွေ့ကမ္ဘာနှင့် မည်သို့မျှ မသက်ဆိုင်ပါကြောင်း။
စာရေးသူ၏ ဝင်္ကပါသည် အသက်ပြည့်ပြီး သူများအတွက်၊ အပြင်လက်တွေ့ကမ္ဘာတွင် ထုတ်ဖော်ရန် မသင့်၍ ပိတ်လှောင်ထားရသော စိတ်ခံစားမှု့များအတွက် စိတ်ထွက်ပေါက်တစ်ခုသာဖြစ်ပါကြောင်း ....
မှ
Dora ထူး
(Dreams collector)
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။