🖊️
တစ်ချို့ လူတွေကျတော့ တစ်မျိုး။သူတို့ကတော့ အရှက်အကြောက် လုံးဝ မရှိတော့သောသူများ ဒါမှမဟုတ် အလွန်ငတ်ပြတ်နေသူများ ဆိုရမလားပင်။
သားသမီးတွေကို ကိုယ်တိုင် ပိုင်းလုံးတွေ (Gold digger)ဖြစ်လာရန် သင်ကြားပေးနေကြသည်။တစ်ချို့ဆို အမေကိုယ်တိုင်ကိုက သမီးဖြစ်သူကို ချမ်းသာသည့် အဖိုးကြီး ဒါမှမဟုတ် သူများလင်ယောက်ျားတွေနှင့်ပင် ဖောက်ပြားရန် အငယ်အနှောင်းဖြစ်ရန်ပင် အားပေးကူညီနေကြသည်။
အံ့ဖွယ် လောကကြီးပင်။ရှင်းတို့ နယ်မှာနေစဉ်က မိဘတွေကိုယ်တိုင်ကိုက ဦးဆောင် သမီးဖြစ်သူအတွက် ချမ်းသာသည့်အိမ်မှ သားဖြစ်သူကို အလွန်လိုချင်နေ၍ သမီးဖြစ်သူနှင့် ထိုကောင် အိပ်နေစဉ် ရပ်ကွက်လူကြီးစုံရာနှင့်တက် ဖမ်းဆီးခဲ့မှု့ကြီးဖြစ်ပေါ်ခဲ့ဖူးသည်။
အလွန်အံ့ဩ ထိတ်လန့်စရာကြီးပင်။ချမ်းသာလိုမှု့အတွက် သမီးဖြစ်သူ၏ အရှက်နှင့် ဂုဏ်သိက္ခာကိုမှ မထောက်နိုင်တော့။ဒါပေမဲ့ သူတို့ဒီလိုမှ မလုပ်လျင်လည်း ထိုအကောင်က သမီးဖြစ်သူကို စိတ်ရင်းမှန်နှင့် မချစ်မနှစ်သက် လက်ထပ်လည်းယူမည် မထင်ကြ၍ ဒီလို ကြံမိကြံရာ ကြံကြတာ လည်း ဖြစ်မည်ထင်သည်။
အမှန်တော့ သမီးဖြစ်သူနှင့် မိဘတွေက ထိုအကောင်နှင့် သမီးဖြစ်သူ ဘယ်နေရာ ဘယ်ကာလတွင် အတူရှိနေမည် ငါတို့က ဘယ်အချိန်လာခဲ့မည် လက်ဝါးချင်းရိုက်ပြီးလည်းဖြစ်သည်။
သူတို့လိုအင် ဆန္ဒတော့ပြည့်ဝသွားသည်။ဒါပေမဲ့ သမီးဖြစ်သူ အိမ်ထောင်ရေးကတော့ မမြဲခဲ့။ဒါပေမဲ့ သူတို့အတွက် ချမ်းသာသည့်အိမ်မှ သားဖြစ်သူ မိဘများထံမှ လျော်ကြေးကောင်းကောင်းရခဲ့၍ ထိုလျော်ကြေးငွေဖြင့် တခဏတော့ သူဌေးဖြစ်ချင်ယောင် ဆောင်လိုက်နိုင်ကြသည်။ဒါပေမဲ့ အလွယ်ရ အလွယ်ပျောက်။ကိုယ်ကိုယ်တိုင် လုံ့လထုတ်ရှာထားသော ငွေကြေးလည်း မဟုတ်၍ တစ်ခဏနှင့်ပျောက်။နောက်တော့ ဒုံရင်းက ဒုံရင်း။သမီးဖြစ်သူသာ တစ်ခုလတ် နာမည်ပျက်စာရင်းဝင် ကျန်ခဲ့။
အဲ့ဒါလည်း အမှတ်မရှိသေး။သမီးဖြစ်သူ ဝတ်ကောင်းစားလှ ဆင်ယင်ခြယ်သစေပြီး အမေဖြစ်သူက ကိုယ်တိုင်ပင်လက်ဆွဲ ရပ်ကွက်ထဲ အသစ်ပြောင်းလာသော ဆရာဝန်လေးထံ ဖင်ကိုက်သည် ခေါင်းကိုက်သည် အကြောင်းအမျိုးမျိုးပြ ဆေးပြနေတတ်၍ ထိုဆရာဝန်လေးက သူတို့ကြောက် အိမ်မှ အမေ ဒါမှမဟုတ် အဒေါ်ဖြစ်သူ နေ့တိုင်းခေါ်လာ ဆေးခန်းထိုင်ရရှာတော့သည်တဲ့။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။