လူတွေ sex desire ကြောင့် ထိန်းမနိုင် သိမ်းမရ မတော်တရော် လုပ်တာတွေကတော့ အမျိုးမျိုးအထွေထွေတွေပင်။
တစ်ချို့ အပြင်ကမ္ဘာမှ အကြောင်းအရာတွေက အလွန်ပင် ညစ်ညမ်း စာနှင့်ပင် ရေးသားဖော်ပြဖို့ပင် မလွယ်သည့် အကြောင်းအရာများရှိ၍ စာဖတ်တိုင်းလဲ လောကကြီးအကြောင်း ကောင်းကောင်းမသိနိုင်။
တစ်ချို့ ပုံပြင်ရေးဆရာတွေက ထိုသို့ ဝှက်ကွယ်ထားရသည့်၊စာဖတ်သူတွေကို ဘွင်းဘွင်းလည်းဖော်ပြရန် မသင့်သည့် sex အကြောင်းအရာများကို စာဖတ်သူများသိအောင် အတန်ပင် သွယ်ဝှိုက်ရေးသားတတ်ကြသည်။
ပုံပြင်တိုင်းတွင် ခါးသီးသော နောက်ခံအကြောင်းအရာများ ပါရှိနေတတ်သည်။
ဥပမာ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါတွေ ပါဝင်သော ပုံပြင်တွေလိုမျိုး။
ထိုပုံပြင်တွေက အပြင်ကမ္ဘာတွင် ထိုသို့သော သတ္တဝါများ ဖြစ်မလာရန် ပုံပြင်ရေးဆရာတွေက သူတို့နည်း သူတို့ဟန်နှင့် ကာကွယ်ထားခြင်းမျိုး ဖြစ်သည်။ အဓိက လူတွေ၏ အတွင်းစိတ်ထဲမှာသာ ထိုထိုသော အကောင်တွေ ဖြစ်ပေါ်လာစေပြီး အပြင်လက်တွေ့ကမ္ဘာထဲ ဒါတွေဖြစ်ပေါ်မလာရန် ရည်ရွယ်ထားသည်။
နားလည်အောင် ပြောရမည်ဆိုလျင် လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း ပုံပြင်တွေ ဒါမှမဟုတ် ခြင်္သေ့တစ်ပိုင်း လူတစ်ပိုင်း ပုံပြင်တွေ ဒါမှမဟုတ် လူတစ်ပိုင်း ငါးတစ်ပိုင်း ပုံပြင်တွေက လူတွေ၏ စိတ်အတွင်း အမှောင်ထု ဒါမှမဟုတ် အရိုင်းသဘာဝဗီဇတွေ၏ လိုအပ်ချက် ဆန္ဒစိတ်ရိုင်းတစ်ချို့ကို ပြည့်ဝမှု့ရရန်လျှိုဝှက် ဖြေရှင်းပေးထားခြင်းမျိုးဖြစ်သည်။
တစ်ကယ့် အပြင်ကမ္ဘာမှာတော့ ဝူခုန်းပုံပြင်ထဲကလို မျောက်တစ်ပိုင်း လူတစ်ပိုင်း၊ ဝက်တစ်ပိုင်း လူတစ်ပိုင်း ပါးကျဲ့တို့ ရှိနေလျင်မလွယ်။ကြားဖူးတာလေးတစ်ခု ပြန်ပြောပြရမည်ဆိုလျင် တောရွာလေးတစ်ရွာမှ ဝက်မွေးထားသည့် မိသားစုထဲမှ ကောင်လေးတစ်ကောင်က သူ့အိမ်မှ ဝက်မတစ်ကောင်နှင့် sex လုပ်နေသည်ကို လူကြီးတွေကတွေ့ အလွန်ကြောက်ရွံ့သွားကြသည်တဲ့။
အမှန်ပင် ဘယ်လောက်များ ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းကြီးဖြစ်နေမည်လဲ ? လူတောင်မဟုတ် ဝက်မကြီးနှင့်တဲ့။
ဟို ပုံပြင်တစ်ခုထဲကလို နှစ်တစ်ထောင် မြေခွေးမလေးက လူယောင်ဆောင်နိုင်လာ၍ လူက သူနှင့်နေသလိုလဲမဟုတ်။အပြင်ကမ္ဘာမှာ တစ်ကယ်ပင် တိရစ္ဆာန်တစ်ကောင်နှင့် ဖြစ်နေတာဖြစ်၍ စိတ်ကူးယဉ်ကြည့်ဖို့မပြောနှင့် ကြားပင်မကြားချင်ကြ။ အလွန်ပင် အကျည်းတန် အရုပ်ဆိုးသော လုပ်ရပ်ပင်ဖြစ်မည်ထင်သည်။
ဒါကိုမျက်ဝါးထင်ထင် မြင်လိုက်ရသော မိဘတွေက ဘယ်လိုခံစားကြရမည်နည်း ? နောက် ဘာလုပ်ကြမည် ထင်သနည်း ?
ဗမာပြည်က မိဘတွေ၏ ဖြေရှင်းနည်းက အလွန်ပင် လွယ်ကူ ရိုးရှင်းပါသည်။သားဖြစ်သူကို အနီးနားက ဖုန်းကြီးကျောင်းတွင် နှစ်တိုင်းလုပ်နေကျ ယဉ်ကျေးလိမ္မာ သင်တန်းကျောင်း ပို့လွှတ်လိုက်ကြသည်တဲ့။သူမ အမြင်တော့ ယဉ်ကျေးလိမ္မာသင်တန်းနှင့် သားဖြစ်သူ၏ sex desire ဖြစ်နေမှု့က တစ်လမ်းစီပင်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။