အပိုင်း ၅၉

220 7 0
                                    

              ..စားပြီးလည်း သေချာသွားတိုက်ပြီးမှအိပ်နော်။မတော် ရှင်းသွားလေးတွေ ပိုးစားကုန်မှဖြင့်..

             ဟွန်..!!
            သူ့ထံမှ ဒီလိုပင် အကြောင်းပြန်မှု့ရ သူမနှုတ်ခမ်းလေးစူလိုက်မိလည်း မကြာမီ ပြုံးလိုက်မိရင်း
          ..ဒီကိုကြီးရှင်းကတော့ ရှင်းထောင်ချောက်ထဲ ဝင်မလာဘူးပဲ။အမှန်တော့ သူလာလျင် ရှင်းက သူ့စိတ်ဝိညာဉ်ကို တွင်းနက်ထဲရှိ သူ့ထံခေါ်ဆောင်သွားလိုချင်းသာ။
           ဟိုးအရင်ကတည်းက ဝတ္ထုထဲ ကိုကြီးရှင်းက သူမထံ ဒီလိုပင် စိတ်ဝိညာဉ်လွှင့်ရောက်လာနိုင်တာ သိထားသည်။
           ဒါက ခု သူမရောက်နေသော သူ့၏ Sins of chocolate ဝတ္ထု ၏ ပင်မ ဇာတ်ကြောင်းပင်။ဇာတ်ကောင်မလေးက သူပေးသည့် ချောကလက်စား အိပ်သည့်ညတွေဆို သူက သူမထံရောက်လာ အိပ်နိုင်သည်။
           အဓိက ထိုအချိန် သူက သူမနှင့် မကောင်းဆိုးဝါးတစ်ကောင်လို ပေါင်းဖက်အိပ်နိုင်ချင်းပင်။ဘာအကြောင်းကြောင့် သူက ဒီလိုလုပ်နိုင်သည်လဲ ဖြေရှင်းမှု့ကတော့ သူက ငယ်ရွယ်စဉ် သေကာနီး အချိန်တစ်ခုထဲ ခန္ဓာမှ သူ့ဝိညာဉ်ထွက်ခွာတာ မြင်ရာမှ ထိုသို့ သွားလာနိုင်သည် ဆိုခဲ့သည်။
            သူက ဒလိုင်းလားမား ဖုန်းကြီးတွေလို မကျင့်ကြံပဲ စိတ်ဝိညာဉ်လွှင့်သွားလာနိုင်သော အတတ်ပညာ အလိုလို ရသွားလို့ပဲလား ဒါမှမဟုတ် choclolate တွင်ပါဝင်သော ဓာတ်တစ်ခုခုကြောင့်ပဲလား သူမ မသိတော့။
            ဒါပေမဲ့ ခုခေတ်လူငယ်တွေ ချစ်သူများနေ့ရောက်လျှင် chocolate တွေ ဝယ်ပေးကြသည်ကိုကြည့် ဒါလည်းထည့်စဉ်းစားရမည့် အချက်ပင်။ဒါကြောင့် ဝတ္ထု ထဲမှ ရှင်းလေးက ကျောင်းတုန်းက ယောက်ျားလေး သူငယ်ချင်းများထံမှ chocolate များ လက်ဆောင်ရလည်း တစ်ခြားကလေးများ ပေး​ကျွေးလိုက်သည်တဲ့။
           သူမ စားတာ ကိုကြီးရှင်းထံမှ ရသော ချောကလက်ပင်။ဒီလောက် ရှင်းလေးကလည်း သူ့အပေါ် အစွဲအလမ်းကြီးသည်။ဒါပေမဲ့ သူ့ဝတ္ထုက အဆုံးသတ် မကောင်း။
            ဝတ္ထုထဲမှ ရှင်းလေးက နောက် သူ့အပေါ်တစ်မျိုးမြင် သူကလည်း သူမအပေါ်အထင်အမြင်တွေလွဲ တစ်ဦးနှင့်တစ်ဦး သေးငယ်သော အကြောင်းအရာလေးမှစ တဖြည်းဖြည်း ပိုလို့ဝေးကွာ အဆုံးသတ် သေကွဲ ကွဲသွားကြသည်။
            သူ့ကိုလည်း ရှင်းလေး၏ ကိုယ်စောင့်နတ် ဒါမှမဟုတ် သူမကိုယ်စောင့်နတ်ကပင် မသေသေအောင် လိုက်သတ်နေ၍လည်းပါသည်။သူမမျက်မြင် တစ်ခါလည်း ဝင်သတ်ဖူးတာကြုံဖူးလိုက်သည်။သူမကိုယ်စောင့်နတ်ကို ထိုသို့မလုပ်ရန် ဘယ်လိုတားမြစ်ရမည်မသိတော့။
            မျက်လှည့်ဆရာလေးကတော့ ကိုယ်စောင့်နတ်တွေက သူတို့စောင့်ရှောက်ရမည့်သူတွေ၏ ချစ်သူ မုန်းသူတွေကို အလိုလို သိနိုင်သည်တဲ့။ဒါဆို သူမကိုယ်စောင့်နတ်က သူ့ဘာလို့သတ်ချင်ရသည်လဲ ?
           ထိုအချိန်က သူမကို သူက အန္တရာယ်ပေးနေသည် ထင်မြင်ခဲ့ပုံပင်။ဒါကြောင့် သူ့အသေ ဓားနှင့်ထိုးသတ်သွားသည်ပဲလား ?
           ဒါကြောင့် သူ့ခန္ဓာပေါ် ကပ်ငြိနေသော မကောင်းဆိုးဝါးက သေဆုံးသွားသည်လား။ တွေးရင်းပင် ခေါင်းတွေကိုက်လာတော့သည်။
           ဝတ္ထုထဲ အခြေအနေတွေနှင့် အပြင်ကအခြေအနေတွေက ရောထွေးဆက်နွယ်နေသည်။ဒါကလည်း သူမက သူ့ဝတ္ထု ကို သူမစိတ်တိုင်းကျ ပြန်ပြင်ရေးနိုင်သော အခွင့်အရေးလည်း ဖြစ်လာနိုင်မည်ထင်သည်။
           ဝတ္ထုထဲ ဇာတ်ကောင်တွေမှန်လည်း ကိုယ်ကျရာနေရာ ကိုယ်ရှိသည့်အစွမ်းနှင့် အစွမ်းကုန်ကြိုးစား ထကြွ ရုန်းကန်လျှင် သူတို့ကို ဖန်တီးထားသော ဝတ္ထုရေးဆရာပင် လိုက်မမှီအောင်ပြောင်းလဲမှု့မျိုးတွေ ရလာနိုင်သည်ဟု သူမက ယုံကြည်လို့ထားသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now