အပိုင်း ၄၉

176 12 0
                                    

    🔞

                      သူက သူမပင် နောက်မှ တမေ့တမော ထိကပ်နမ်းရှိုက်အပြီး မွေ့ရာပေါ်ပင် သူမ ခန္ဓာလေးတင် သူမ အပေါ် အပြည့်အဝ အုပ်မိုး ထပ်မံနမ်းရှိုက်နေတော့ သူမငြိမ်သက် သူ့အောက်ခံနေရသည်။
                 သူ့ကြောင့် သူမကိုယ်လုံးလေးက အိစက်သော ဖဲမွေ့ရာပေါ်ဝယ် အရုပ်လေးတစ်ရုပ်လို ဖြစ်နေရပြန်သည်။ဒါပေမဲ့ သူမစိတ်က သူ့ထံ အလျှင်းမရှိတော့။သူနမ်းတာတွေ ခံနေရလည်း လူလေးက တွေလျက် ငေးလျက် အနီးစာပွဲလေးပေါ် တင်ထားသော သူမ မှန်မီးအိမ်ငယ်လေးထံပင် အကြည့်တွေကရောက်နေရသည်။
                  သူကလည်း အရင်လို သူမ သူ့ထံ စိတ်မရှိတာ သိလည်း အရေးမစိုက်တော့။

                        ထို မီးအိမ်လေးကို မှတ်မှတ်ရရ သူကပင် သူမ ပေးခဲ့တာ။သူက ထိုအချိန်ကထဲက မှာထားခဲ့သလိုပင် သူမက ထိုမီးအိမ်ကို တမြတ်တနိုး အဖိုးထားကာ သူမသွားလေရာ အမြဲယူသွားတတ်ပြီး camp တဲထဲလည်း အမြဲမပြတ် ထွန်းထားခဲ့သည်။
                  နောက် သူမခန္ဓာက အလင်းလေးထွက်လာတော့ သိပ်မလိုအပ်တော့လည်း ဒီအတိုင်းပင် camp ထဲ အမြဲ ထွန်းညှိထားဆဲဖြစ်သည်။ထိုမီးအိမ် အလင်းမှ မရှိလျှင် သူမ အိပ်မပျော်တော့။
                  အရင်ကတော့ သူမ လာလာ သတိပေးသလို ခေါ်နေတတ်သော၊ ခိုင်းစေနေတတ်သော မိန်းမတစ်ယောက် အသံမှ ကာကွယ်ပေးခဲ့သည်။
                  ညက သူနှင့်ရှိနေစဉ် အချိန်ပြည့် ထွန်းညှိထားခဲ့လည်း မေခက်က သူ့အမိန့်နှင့် မနက်အစောပိုင်းဝင် မီးအိမ်အလင်း လျှော့ချလိုက်သည်တဲ့။ မီးအိမ်အလင်း မရှိတော့တာနှင့် သူမနားထဲ တံခါးခေါက်သံတွေပင် ဆက်တိုက် ကြားလာရတော့သည်။
                   ဒါကို သူ့လည်း ဖွင့်မပြောရဲ။
                   ပြောလိုက်လျင် သူက သူမကို သူ့ထံပို့ပေးမည့် စိတ် ပြောင်းသွားမှာ စိုးနေသည်။

                    သူကပြောခဲ့သည်။ သူမက အကို့ကို ပြန်မြင်ချင် တွေ့ချင်လျှင် သူမ အလင်းကို အားလုံးအတွက် ဒီစာအုပ်ခန်းထဲ ချန်ထားခဲ့ရလိမ့်မည်ဟု..

                   ဒီတောင်းဆိုမှု့က ရေသူမလေးကို စုန်းမကြီးက မင်းသားလေးနှင့် တွေ့ဆုံချင်လျှင် သူမအသံကို သူ့အတွက် ပေးခဲ့ရမည်ဟု တောင်းဆိုပုံနှင့် ဆင်တူနေသည်။
                   ငယ်ငယ်တုန်းကတော့ ရေသူမလေးက ဘာကြောင့် သူမ၏ တန်ဖိုးအရှိဆုံးအသံကို စုန်းမကြီးထံ အလွယ်တစ်ကူ ပေးအပ်ခဲ့သလဲ နားမလည်နိုင်ခဲ့လည်း ခုတော့ လွယ်လွယ်နားလည် နိုင်လာခဲ့ပြီ။ဒါကိုပဲ အချစ် ဟုခေါ်ဆိုကြလေသလော ? သူမ ရင်ထဲ နာကျင်နေရသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now