..ဟင် ! ဟ ..အ အား ....
ကို ကိုရယ် အ နာလိုက်တာ...
သူမ ဝင်္ကပါအတွင်း Queen အခန်းထဲရှိ အိပ်ရာကြီးပေါ် ပြန်ရောက်နေလည်း လူကခန္ဓာကိုယ်တစ်ခုလုံး ရိုက်ခံထိထားသလိုနယ် နာကျင်နေ၍ သူ့ကိုပင်တ အိပ်ရာပေါ် တစ်ဦးထဲ ကိုယ်လေးကွေး လိမ်တွန့်နေရသည်။
နာတာမှ တစ်ကိုယ်လုံးအပြည့်ပင်။ဘယ်နေရာမှ မနာဘူးဆိုတာရယ် မရှိ။ဒါက သူမ မကောင်းဆိုးဝါးတွေနှင့်အိပ်မိရသော အကျိုးဆက်တွေပင်။
သူမ ကုတင်နား သဲနာရီလေးပင် လှမ်းကြည့်ပြီး အိပ်ရာမှ မထနိုင် မထချင်လည်း ကြုံးထလိုက်ရသည်။
..အ !!
ဗိုက်နေရာ သားအိမ်နားနေရာက အလွန်ပင်ထိုးအောင့်သွား၍ ခဏလက်ကလေးနှင့်ဖိ ငြိမ်သက်နေရသည်။
...ငါ သူတို့ကလေးများ ရချင်လာလို့များလား ?
ရုတ်ခြည်းဒီလိုတွေး မျက်နှာလေးဖြူဖျော့ သွားရသည်။..ဒါ ..ဒါဆို ကလေးအဖေက ဘယ်သူများ ဖြစ်မည်လဲ ?
သူမနှင့် sex လုပ်ခဲ့တာက ပထမ သူ။ ဝင်္ကပါထဲ ဝင်ကာစ သူနှင့် စတွေ့ခဲ့ရပြီး ပြေးလွှားတော့လည်းအတူတူ စားတော့လည်းအတူတူ သွားတော့လည်းအတူတူနှင့် သူမနှင့်ရှိနေပေးခဲ့သောသူ။
သူနှင့်အတန် ကွဲကွာသွားခဲ့ရပြီး ပြန်တွေ့ရပြန်တော့လည်း အရင်ရှိနေနှင့်သော အချစ်စိတ်တွေက ပြန်ယိုဖိတ်လာကာ နှစ်ယောက်စလုံး စာအုပ်ခန်းထဲမှာပင် ချစ်တင်းနှောခဲ့မိကြသည်။သူက သူမ၏ ပထမဦးဆုံး ပန်းဦးလေး ချွေပေးခဲ့သူဖြစ်ပြီး သူမအပေါ်တစ်ကယ် မြတ်နိုးသူ ဖြစ်ခဲ့၍လည်း သူမက သူ့ တစ်ကယ်ပင် အားကိုးချစ်မိခဲ့ရသည်။
သူနှင့်လည်း အပြင်ကမ္ဘာပြန်ရောက်သည်အထိ အတူရှိနေချင်ခဲ့ကာ မတော်အပြင်ပြန်ရောက်သွားလျင်လည်း သူနှင့်ပင် ရှေ့ခရီးဆက်သွားလိုသည်။သူက သူမအတွက် တစ်ဘဝစာ လက်တွဲဖော် ဖြစ်လာစေလိုသည်။သူနှင့်ဆို သူမ ရှေ့ဆက်နိုင်မည် ယုံကြည်ချက်မျိုးလည်း ရရှိခဲ့သည်။
ဒါပေမဲ့ မထင်မှတ်ပဲ ကံကြမ္မာက သူမတို့ သူ့ဝတ္ထုမူကြမ်းစာအုပ်တစ်ခုထဲပင် ဆင့်ခေါ်သွားကာ သူနှင့်ကွဲကွာသွားခဲ့ရပြန်သည်။
သူမက သူ့အထင်နှင့် ပေါင်းသင်းနေရာမှ သူက သူ့စိတ်ဝိညာဉ်ကိုယ်ခွဲ မျက်လှည့်ဆရာလေး ဖြစ်နေခဲ့ပြန်သည်။
မျက်လှည့်ဆရာလေးက ဝတ္ထုထဲမှ သူမ ဝင်္ကပါထဲပြန်ခေါ် သူနှင့် အနက်ဆုံး အမှောင်မိုက်ဆုံး အခန်းတွေရှိရာပင် ခေါ်ဆောင်သွားကာ သူနှင့် sex လုပ်ခဲ့ပြန်သည်။
သူမ သိသည်။အဲ့ဒီအချိန်တုန်းက သူက သူမထဲ သူ့မျိုးစေ့တစ်ချို့ ချထားခဲ့သည်ဆိုတာ...
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။