-မား......မား..နော်..မား...မား..ရာ.. လက်ခံပေးပါလို့ နော်...နော်..နော်...။
အပေါ်ထပ်မှ ဆင်းလာစဉ် လှေကားတစ်လျှောက်လုံး မား...ဘေးမှလိုက်ကာ..ဏီ...ကလေးဆိုးလေးလို လုပ်နေမိသည်။
Uniတွက်ဖောင်တင်ဖို့ အချိန်ရောက်လာပြီမို့...မားကို အရင်ကပ်ထားမှ ဖြစ်မည်။ ဏီ့ ရဲ့ ပါးပါး ကတော့ ခွင့်မပြုမှာ သေချာသလောက်ရှိသည်။သို့သာ်...မားကို ကပ်ချွဲပီး အတင်းပူဆာ လျှင်တော့ ပါးပါးလဲ ငြင်းနိုင်မှာ မဟုတ်မှန်းသေချာသိသောကြောင့်...မား ကို ကပ်နေရခြင်းဖြစ်သည်။ လွန်ခဲ့သောတပတ်ထဲက ဖောင်တင်လို့ ရပြီဟု... မုန်း...phလှမ်းဆက်သည်။ ထိုနေ့ထဲက ဂျီကျပူဆာနေသော်လဲ မား..ကတုတ်တုတ်ပင်မလှုပ်.။ ပါးပါး နေသိပ်မကောင်း၍ မဆူချင်ဘူးဟု သတိပေးပြောသော်လဲ...ဏီ..သိပါသည် မားက ဘယ်တော့မှ ဆူတတ်တာမှမဟုတ်တာ။ ပါးပါး ဆူ ငေါက်ရင်တောင် ကလေးပဲ ရှင်ပြောသလောက်သိတတ်နေရင် ကလေး ဖြစ်နိုင်မလားဟု အမြဲပြန်ပြောတတ်သည်လေ။ထို့ကြောင့် ဆူခံရမှာမဟုတ်မှန်းသိနေသောကြောင့် မား.. နားအတင်းကပ်လိုက်ကာ ဂျီထပ်ကျနေမိသည်။-မား....ကလဲ ခု သားပြောတာလဲ ကောင်းတာပဲလေ...ဆေးကျောင်းသား မှ မဖြစ်ချင်တာ...သားဆရာဝန်မဖြစ်လဲ မိသားဟု ဆရာဝန် ရှိတာပဲဟာ...နော်လို့ နော်နော်နော်...။
မား..မှ ဧည့်ခန်းထဲရောက်သည်နှင့် ဆိုဖာ ပေါ်ထိုင်လိုက်ရင်း...
-သားငယ်လေး...သားမှာ Dတွေအများကြီးနဲ့ ဆေးကျောင်းလဲ မှီသားနဲ့ မား..တို့လဲ ထောက်ပံ့နိုင်သားနဲ့ အားလုံးက perfect ဖြစ်နေပြီကို ဘာလို့သားဘက်ကမစဉ်းစားပေးနိုင်တာလဲ။
-သား ကဆေးကျောင်းလဲ မတက်ချင်ဘူး၊ ဆရာဝန် လဲ မဖြစ်ချင်ဘူး..TU ပဲ တက်ချင်တယ် ဒါတောင် Architect ပဲတက်ချင်တာ...အဒါပဲ ဝါသနာ ပါတယ်..နော် မား...သားဝါသနာပါတာကိုလုပ်ရင် ပိုအောင်မြင်မှာပေါ့..။
BẠN ĐANG ĐỌC
SAME LOVE DIFFERENT FEELING (Complete)
Lãng mạnမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...