မနေ့ညထဲက မအိပ်ရသေးပဲ ခုတော့ မနက်မိုးသောက်ချိန်သို့ပင် ရောက်လာခဲ့ပြီ ဝရန်တာလက်ရမ်းကို မှီကာ ခေါင်းခါမိလိုက် ရီမိလိုက်နှင့် အရူးတစ်ယောက်လို ဖြစ်နေရသည်။ သူငယ်ချင်းတွေနဲ့တွေ့ပြီး.စားခဲ့သောက်ခဲ့၍ ရီဝေဝေဖြစ်နေသော စိတ်တို့သည် မူးချိန်တောင်မရနိုင်ခဲ့ကြ။ မိမိကို အနောက်ကဖက်လိုက်ချိန်ကို တွေးမိတိုင်း ကျေနပ်နေမိသလို ၊ နှုတ်ခမ်းက ထွက်ကျလာတဲ့ ချစ်တယ် ဆိုတဲ့ စကားတခွန်းတိုင်းစီကလဲ နှလုံးသားအနက်ဆုံးထိ ဝင်ရောက်နေသည်။
ရုတ်တရက်ဆိုတော့လဲ ဘာပြောရမှန်းမသိ အနမ်းတစ်ခုကိုသာ ဖန်တီးမိတဲ့ ကိုယ့်ကိုကို အားမရလဲ ဖြစ်မိသည်။
မိမိစိတ်ထဲမှာ နိုင်မဏိ ဆိုသည့်ကောင်လေးကို အမြဲတွေးမိနေသလို ၊ထိုကောင်လေးကို တွေ့တိုင်း မြတ်နိုးစွာ နမ်းရှိုက်ချင်နေမိသည်။ ထွေထွေထူးထူး ပြောစရာမရှိ သော်လဲ ထိုကောင်လေးကို မြင်နေရရုံဖြင့် ရင်ထဲမှာနွေးထွေးသွားခဲ့ရဖူးသည်။ မဖြစ်နိုင်သည့် အတွေးပေါင်းမျိုးစုံ နှင့် မိမိစိတ်ကိုနှစ်သိမ့်ပေးခဲ့ဖူးသည်။ မိမိစိတ်ကိုထိန်းနိုင်အောင်လဲ အချိန်ပြည့်ကြိုးစားနေခဲ့ဖူးသည်။ မထင်မှတ်ပဲတွေ့မိတဲ့ သူ့အမူအရာတချို့ကြောင့် မိမိမှာ ရင်မခုန်သင့်သည်ကို ရင်ခုန်ခဲ့မိခဲ့သည်။ ဇွတ်အတင်းတိုးဖို့ စိတ်ကူးမိခဲ့ဖူးသော်လဲ မိမိကသာ ပုံမှန်မဟုတ်သည့်အတွေးတွေးမိသည်ဟု ယူဆမိခဲ့ပြီး ၊ ထိုကောင်လေး မှာတော့ ချစ်သူရီးစားပင် ရှိနေခဲ့သည့်အတွက် အချိန်တစ်ခု ယူကာပင် မိမိနှလုံးသားကို ဖုံးကွယ်ထားပစ်လိုက်သည်လေ။ ယခုလို သူ့ဘက်မှ ချစ်တယ်... ဆိုသည့် စကားလုံးနှစ်လုံးမှာ မိမိအတွက် အာရုံစုစည်းဖို့ အလွန်ခက်ခဲသည့် စကားလုံးသာ ဖြစ်သည်။ အလိုချင်ဆုံးသော စကားဖြစ်ခဲ့သော်လဲ ယခုလိုမဟုတ်ခဲ့သောကြောင့် ယခု တယောက်ယောက်က မိမိအား surprise လုပ်ပေးသလို ခံစားချက်ဖြစ်နေရသည်။ သက်ပြင်းချလိုက် ၊ ပြုံးမိလိုက်နှင့် ဘယ်အချိန်ရောက်နေသည်ကိုပင် မသိလိုက် အတွေးများနေရာမှ ညီမလေး ခေါ်သံကြောင့် အသိတို့ပြန်ဝင်ခဲ့ရသည်။
ESTÁS LEYENDO
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...