အခန်း(၇၈)

306 32 4
                                    

ခြံဝန်းတံခါး​ရှေ့သို့ မိမိကားဆိုက်​​ရောက်​သည်​နှင့်​ တံခါး​နောက်​ကွယ်​မှ​အော်​ဟစ်​ဆူညံကာ​ပျော်​ရွှင်​စွာ
အ​ပြေးအလွှားကြိုဆိုတတ်​ကြသည့်​ မိမိ၏ချစ်​စရာ​ကောင်း​သော​ခွေးကြီးသုံး​ကောင်​မရှိသည်​မှ လွဲ၍​အရာအားလုံးမှာ​ပြောင်းလဲသွားခြင်းမရှိခဲ့ပါ​ချေ။ ​ဆေးရုံဆင်းသည်​ဆို​ချိန်​၌ သူငယ်​ချင်းအားလုံးလိုက်​ပို့ရုံသည်​သာမက ဟမ်း...နှင့်​အတူ ညီမဖြစ်​သူ၏သူငယ်​ချင်းများပါအိမ်​သို့လိုက်​ပါပို့​ဆောင်​ကြသည့်​အတွက်​ မိမိအိပ်​ခန်းထဲသို့​​ရောက်​ချိန်​၌ပြုံးလိုက်​မိ​ပါသည်​။ မိမိတစ်​​ယောက်​​ကြောင့်​ မိမိပတ်​ဝန်းကျင်​ရှိလူအားလုံးမှာ အ​တော်​ပင်​ပင်​ပန်းကုန်​ကြရပြီဖြစ်​​လေသည်​။ မိမိမရှိချိန်​၌​မိမိ မိသားစုအား ​စောင့်​​ရှောက်​မှု့ ​ပေးရုံပင်​မက​ဆေးရုံသို့​လာရောက်​​ပေးကြသည့်​ မိတ်​​ဆွေများအားလုံးအ​ပေါ်​ကျေးဇူး​ကြွေးမှာ အ​တော်​​လေးပင်​တင်​မိပြီဖြစ်​သည်​။ ယခုထက်​မက မိမိပြန်​​ကောင်းလာချိန်​တွင်​ အားလုံးကို​ကျေးဇူးပြန်​ဆပ်​နိုင်​ဖို့ ​ပို၍ကြိုးစားရမည်​ဟုစိတ်​ကူးထားလိုက်​မိပါသည်​။

-ရှဲလ်​...လှဲ​နေ​လေ...။

မိမိအခန်းထဲသို့ဝင်​လာရင်း အခန်းဝမှ​နေ၍​ပြောလိုက်​​သော ဟမ်း...အသံ​လေး​ကြောင့်​ အသာပြုံးပြလိုက်​မိပြီး ကုတင်​စွန်းမှာထိုင်​​နေရင်းလက်​နှစ်​ဖက်​အား ဟမ်း... ရှိရာသို့ဆန့်​တန်းကာပြလိုက်​သည်​နှင့်​အလိုက်​သင့်​ပင်​ မိမိလက်​အတွင်းသို့ဝင်​​ရောက်​လာခဲ့ပြီး မိမိခါးအားဖက်​လျှက်​ ပခုံးထက်​သို့​ခေါင်း​လေးတင်​ကာထား​ထား​လေသည်။ ဟမ်း...ပခုံးထက်​သို့ ​မေး​စေ့​အားအသာ​ထောက်​လိုက်​ကာ တင်းကျပ်​​နေ​အောင်​ဖက်​ထားရင်း...

-ရှဲလ်​....သက်​သာ​နေပါပြီ..အချစ်​ရဲ့... ။

-သက်​သာတယ်​ဆို​ပေမယ့်​ အရာတိုင်းကို ဂရုစိုက်​​နေရဦးမှာ ...အလုပ်​​တွေလုပ်​ဖို့ ​တွေးမ​နေနဲ့ဦး...
စိတ်​ညစ်​စရာလဲ မ​တွေးနဲ့...​ဘာဆိုဘာမှမလုပ်​နဲ့ ​တွေးတာ​တွေလဲမလုပ်​နဲ့..​နော်​..​နော်​လို့...ကြားလား...။

SAME LOVE DIFFERENT FEELING    (Complete) Tempat cerita menjadi hidup. Temukan sekarang