အခန်း(၃၄)

620 49 3
                                    

-ဟာ.....။

စာသင်​ခန်းထဲမှာ ထိုင်​​နေရာမှ သာသာ့  ​အော်​သံ​ကြောင့်​  ဏီ စာကြည့်​ရင်း ​ခေါင်း​မော့ကြည့်​လိုက်​မိသည်​။ ဘာလဲဟု ​မေးဆတ်​ပြလိုက်​ချိန်​ သာသာ့ မျက်​နှာမှာ မ​ကောင်းလှပဲ သူမ လက်​ထဲမှ ph ကို ယမ်းပြရင်း ခပ်​တိုးတိုး ​လေသံနှင့်​...

-​ကျောင်းသား​ရေးရာ...blog ထဲ ဝင်​ကြည့်​ပြီးပြီလား...။

ဏီ ​ခေါင်းခါရမ်းရင်း ph ကိုင်​ကာ ​ကျောင်းသား​ရေးရာ blog ထဲဝင်​ကြည့်​လိုက်​သည်​။ အံ့သြမှု့ ​ကြောင့်​ မျက်​​တောင်​များကို အမြန်​ခတ်​မိပြီး သာသာ့ ကို နားမလည်​နိုင်​စွာ ပြန်​ကြည့်​မိရင်း သာသာ ကလဲ ဏီ့ ကိုတန်​ပြန်​ပြန်​ကြည့်​ကာ​နေ​လေသည်​။ မုန်း က​တော့ နားကြပ်​ထိုးထားကာ စာကြည့်​​နေသည့်​အတွက်​ သာသာ နှင့်​ ဏီ ဘာဖြစ်​​နေလဲ သိပုံမ​ပေါ်​ပေ။
အတန်းချိန်​ကို class tutor မလာ၍ လစ်​လပ်​​နေကြပြီး အားလုံးက ကိုယ့်​အလုပ်​နှင့်​ကိုယ်​ ရှိ​နေကြသည်​မို့ တိတ်​ဆိတ်​ကာ ​နေ​လေသည်​။

-သာသာ....ဏီ....ပြဿနာ တက်​ပြီဟ....။

အတန်း ပြတင်း​ပေါက်​ မှ​နေ ခါခါ အ​လောတကြီး ​အော်​လိုက်​သံ​ကြောင့်​ သာ ​​ ​ရော ဏီ ပါ နှုတ်​ခမ်းထက်​ လက်​ညိုးပိတ်​ကာ တားလိုက်​​ပေမယ့်​လဲ မမှီလိုက်​ပါ။ အတန်းထဲမှ​ကျောင်းသားများ အားလုံး လှည့်​ကြည့်​ကြပြီး မုန်း ကလဲ ​ခေါင်း​မော့ လာကာ...

-ခါခါ.. အတန်းချိန်​ကို မတက်​ဘူးလား...။

-ဟို.....။

ခါခါ ရဲ့ ဘာ​ဖြေရမှန်းမသိ​သော မျက်​နှာကို ကြည့်​ရင်း အ​ဖြေရှာ​နေ​သော မုန်း ကို သာ ​ရော ဏီ  ပါ ဘာ​ပြောရမယ်​မသိ ဖြစ်​​နေမိသည်​။ ​ပြောရမည်​ မ​ပြောရမည်​ စဉ်းစား​နေခိုက်​ ခါခါ မှာ သူမ ph ကို ထိုး​ပေးလိုက်​ပြီး...

-မ​ပြောလဲ ​နောက်​သိရမှာပဲ..ကြည့်​ကြည့်​...မုန်း...ဘာဖြစ်​လဲ ဆိုတာ..။

ခါခါ့ အ​ပြောကို မုန်း နားမလည်​စွာ ​ပေး​နေ​သောph ကိုယူပြီး ကြည့်​လိုက်​ချိန်​မှာ အံ့သြမှု့ ​ကြောင့်​ ph ကိုတလှည့်​ သူငယ်​ချင်းများကို တလှည့်​ နားမလည်​နိုင်​စွာ ကြည့်​​နေမိ​တော့သည်​။ မုန်း အကြည့်​​တွေမှာ ​မေးခွန်း​တွေ ပါ​နေသည်​ကို သာ မ​နေနိုင်​​တော့ပဲ...

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now