အခန်း(၈)

24 4 0
                                    

ကျောင်းဖွင့်ရက်သည်ပင် တစ်လနီးပါး ရှိနေခဲ့ပါပြီ ။ သို့သော် သာသာ ၊ ဝသန့်ကို ထပ်မတွေ့ခဲ့ရပါ။အစပိုင်း ကျောင်းတက်ရက်တွေမို့ မိမိလဲ သူငယ်ချင်း နှစ်ယောက် စီသို့ စောစောသွားနေရသည်။ မာမီက ကားသုံး စရာ ရှိနေသည့်အတွက် ကျောင်းကို သာသာ ကားမယူရ။ တခါတလေ မုန်း အိမ်မှ ကားနှင့် လိုက်ရပြီး၊ တခါတလေ ဏီ့ ကားနှင့်စုပြီးသွားကြသည့် အခါလဲ ရှိခဲ့ကြသည်။ ကျောင်းတက်ချိန်မှ စ၍ သာ စောစော ထနေပါသော်လဲ တစ်ဖက်အိမ်မှ ဝသန့်
ကိုတော့ မတွေ့ရပါ။ ကျောင်းပိတ်ရက်တွင်လဲ တက်လက်စ သင်တန်းများကို အချိန်ရွေ့ပြောင်း တက်ရောက်နေခဲ့သောကြောင့် အားလပ်ချိန်ပင် မရှိသလောက်ဖြစ်နေခဲ့ ရသည်။ ထို့အတွက် ဘယ်အချိန်မှာ ဝသန် အိမ်ထဲ မှထွက်သည်ကို သေချာမသိဖြစ်နေသည်။ ဝသန် တို့အိမ်ဘက်မှ ခွေးများ ဟောင်သံကြားလျှင် ဝသန့် အစ်ကိုပြန်ရောက်လာချိန်ဟု ထွက်မကြည့်ပဲ သာ သိနေခဲ့ပြီ။ တခါတရံတော့ လေချွန်သံ ထူးထူးဆန်းဆန်း ကြားမိတတ်ကာ ထိုအသံကြားလျှင် ခွေးအူသံများကိုလဲ ကြားရတတ်သည်။ ဘာကြောင့်လဲ ဟု သာ မသိသော်လဲ သိရန်လဲ စိတ်မကူးမိခဲ့ပါ။

မနက်စောစော ထကာ morning exercise အနေနှင့် gymဆော့ရသည်။ထို့နောက် ကျောင်းသွားဖို့ပြင်ဆင်နေရပြီး ၊ ကျောင်းပြန်ချိန် ညနေကျတော့လဲ အချိန်ပြောင်းထားသော သင်တန်းကိုသွားတက်ရပြန်သည်။ အိမ်ပြန်ရောက်ချိန်ဆိုလျှင်ပင် ညမိုးချုပ် နေပြီ ထမင်းစားသောက်ပြီးချိန်မှာ တော့ ကျောင်းစာနဲနဲပြန်ကြည့်ရသေးသည်လေ...။ Uni ဆိုပမဲ့ သာ ယူထားသည်က TU ဖြစ်သည့်အတွက် စာအဆက်မပြတ်ရန်တော့ ကြည့်ရမည်။ သာ လိုချင်သည်က uni မှာပျော်ပါးလွတ်လပ်စွာ နေထိုင်ပမဲ့လဲ စာကို စိတ်မပါ ဖြစ်နေပြီး အတန်းကျနေခဲ့မှာမျိုးတော့ အဖြစ်မခံနိုင်သည်မို့ တစ်ရက်စာ တစ်ရက်တော့မပျက်မကွက် ကြည့်နေမိသည်သာ။

ဝသန် နှင့်တော့ ကျောင်းစဖွင့်ရက်ကသာ တွေ့ခဲ့ရပြီး၊ မေဂျာလဲမတူ ၊ မေဂျာအဆောင်တစ်ခုနှင့်တစ်ခု ကလဲ ဝေးသည်မို့ သာ မရောက်ဖြစ်၊ အိမ်နီးပမဲ့လဲ သူမအိမ်ထဲမှ မထွက်ရလျှင် မတွေ့ရ။ အိမ်သွားလည်ရအောင်ဆိုရင်ဖြင့် သာ ကိုယ်တိုင်ပင် မအားသောကြောင့် စိတ်လဲမကူးမိချေ။ အန်တီ နန်းခေမာ ကတော့ အရင်တခေါက် မိသားစုများနှင့် စုံပြီးထဲက
ရံဖန်ရံခါ ဆိုသလို သာ တို့အိမ်ကို လာလည်တတ်ပါသည်...ထိုအချိန်တွင်လဲ သူမ လိုက်မလာသောကြောင့် သာ လဲမတွေ့ရ...။တကယ်လို့ ဝသန် ပါလာခဲ့လျှင်တောင် သာ အိမ်မှာ ရှိမနေသည့်အချိန်ကပိုများနေသည်မို့ သာ မသိတာလဲ ဖြစ်နိုင်ပါသည်။

SAME LOVE DIFFERENT FEELING    (Complete) Donde viven las historias. Descúbrelo ahora