မျက်နှာချင်းဆိုင် ထိုင်ရင်း ဏီ ပြောနေသည်ကို သာသာ နှင့် မုန်း နားထောင်နေမိသည်။ ပြောနေသော မိမိတို့သူငယ်ချင်း မျက်နှာမှာ ပျော်ရွှင်ကြည်နူးမှု့ ကိုပါ တွေ့ရှိနေရပြန်သည်။ ဏီ့ ကိုကြည့်ကာ မိမိတို့ပင် အပျော်ကူးဆက်လာသည်။
အချစ်စွမ်းအားသည် ကြီးမားလွန်းလှသည် မှာကိုယ်တွေ့လိုပင် ။ ယခင် ရီးစားထက် ခု ရီးစားကိုပိုနှစ်သက်သလို ဏီ တယောက်ပြောနေရင်း နှုတ်ခမ်းကိုက်သည် ၊ ပြုံးသည် တခါတလေ အသံလေးပင် ထွက်ရီနေသည်ဟု ထင်မိသည်။ ဏီ သည် ပျော်စရာနှင့် သူ့စိတ်အလိုကျလျှင် ထိုသို့ နှုတ်ခမ်းကိုက်တတ်သည်က မိန်းမဆန်သော်လဲ သူ၏ ထူးခြားမှု့ တစ်ခုပင်ဖြစ်သည်လေ။မုန်း ကတော့မိမိသာထင်မိသည်လား ဆို၍ သာသာ့ ကိုကြည့်တော့ သာသာ ကလဲမျက်ရိပ်ပြန်ပြသည် နှင့် နှစ်ယောက်လုံးရီမိကြသည်။-ဘာရီကြတာလဲ... ဏီ့ ကိုရီတာလား...။
ဏီ့ အမေးကို ခေါင်းညိတ်ကာ....
-ဏီ..အခု ကိုယ့်ကိုကိုယ် သတိထားမိလား...။
ဏီ ခေါင်းခါပြသည်နှင့် သာသာ ကခေါင်းတညိတ်ညိတ်နှင့်ပင်...
-ရီးစားရပါပြီ ဆိုပြီး ဟိုတယောက်နဲ့တုန်းက ဏီ့ မျက်နှာကလေ ရီးစားရတာနဲ့ကို မတူတာ..ခု ကိုသော် ကအဖြေပြန်ပေးတာကို ပြောနေတာ ဘယ်နှစ်ခါမြောက်ရှိပြီလဲ သိလား...။
သာသာ ပြောသည်ကို ရီနေရင်းနှင့်...
-အလိုမတွေးထားမိတော့ ခုအရမ်းပျော်နေမိတာ....ဏီ အရမ်းသိသာနေလား...။
-အင်း.....။
သူငယ်ချင်းမ နှစ်ယောက်၏ တပြိုင်နက် ထောက်ခံချက်ကို ရှက်ပြုံးပြုံးနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပါ။ တကယ်လဲ တွေးမိတိုင်း ရင်ခုန်နေရသည်။ မိမိကို ပြန်ကြိုက်ပါ့မလား အတွေးတွေနှင့် စိုးရိမ်စိတ်တွေသည် ဝပ်ရှော့ဆရာ ၏ အနမ်း..အပြောလေးတွေကြောင့်ကွယ်ပျောက်ကာ ယခုတော့ တွေးမိတိုင်း ရင်ခုန်နှုန်းတို့သည်အဆက်မပြတ်တိုးနေရတော့သည်။
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...