အိပ်ခန်းထဲသို့ရောက်လျှင်ရောက်ခြင်းပင် အံကြိတ်ခဲ့သောမျက်ရည်များမှာကျဆင်းလာခဲ့ရပြီး ဏီ...အသံမထွက်မိစေရန် ပါးစပ်ကိုသာတင်းတင်းစိထားလိုက်မိသည်။ အခန်းတံခါးအား Lockချလိုက်ပြီးသည်နှင့် မမငယ်မှာ ဏီ့...လက်အားစုပ်ကိုင်လိုက်ပြီး....
-ငိုနေလို့လဲ ဘာမှဖြစ်မလာနိုင်တော့ဘူး ..မောင်လေးရဲ့..
ယောကျာ်းလေးဖြစ်ပြီး ဘာလို့ဒီလောက်ထိမျက်ရည်လွယ်နေရတာလဲ...
ကိုယ်လိုချင်တာ ဘာလဲ..ဘာလုပ်ချင်တာလဲ ဆိုတာကိုခေါင်းအေးအေးနဲ့တွေးရမယ်လေ။မမငယ်၏လေပြေသာသာအသံလေးများထွက်လာသောစကားများကြောင့် ဏီ.. ခေါင်းမော့လိုက်မိပြီး မမငယ်မျက်နှာအား နားမလည်သလိုကြည့်နေလိုက်မိသည်။ဏီ့...ပါးပြင်ပေါ်မှ မျက်ရည်များကိုခပ်ဖွဖွေသုတ်ပေးရင်း...
-မမငယ်လဲ ခုအခြေအနေကိုလက်မခံနိုင်ဘူး...နားလည်မပေးနိုင်ဘူး..
ဒါပေမယ့်လဲ မမမောင်ရဲ့မျက်ရည်တွေကိုလဲမမြင်ချင်ပြန်ဘူး..
အလိုပဲ ပါး ၊ မား ၊ မမကြီး နဲ့ ကိုလတ် ကရော
ဏီ့..မျက်ရည်တွေကိုမြင်ချင်လို့တင်းခံနေတာတော့ ဘယ်ဟုတ်ပါ့မလဲ..
လောကမှာ တချို့အရာတွေက ဘယ်လိုပဲကြိုးစားကြိုးစား မဖြစ်နိုင်ဘူးဆိုတာရှိတယ်လေ...
မဖြစ်သင့်ဘူးလို့ တားနေကြရတာလဲ မောင်လေး..အတွက်၊ ကိုစိုင်းအတွက်ရောပဲ..
ခုချိန်မှာနာကျင်ရတာက အချိန်ကြာလာရင်သက်သာလာမှာပါကွယ်..
ခုချိန်မှာသက်သာနေတယ်ဆိုရင်သာ အချိန်ကြာလာလေဒုက္ခရောက်လေဖြစ်လာနိုင်တယ်..
မိဘဆိုတာ ကိုယ့်သားသမီးအတွက် အကောင်းဆုံးဆိုတာတွေပဲဖြစ်စေချင်ကြတာပါ..
မမငယ်ရဲ့မောင်လေး မိသားစုအပေါ် စိတ်ငြိုငြင်သွားတာမျိုးကြီး မဖြစ်စေချင်ဘူး...မမငယ်စကားတွေကို ဏီ..နားလည်ပါသည်၊ စိတ်ငြိုငြင်သွားတာမျိုးလဲ ဏီ..မဖြစ်ပါဘူး...ဒါပေမယ့် ဏီ့ ရင်ဘတ်ထဲကအချစ်တွေက ထိန်းချုပ်လို့မရနိုင်အောင် ပေါက်ပွားဖြစ်တည်လာနေရသည်ကို ထိန်းချုပ်ဖို့ခက်ခဲသလို ရှဲလ်...အပေါ်သက်ရောက်နေသည့် ချစ်ခြင်းမှာ မိသားစုနီးပါးဖြစ်နေသလို ထိုမျှထက်ပင်ပိုမိုနေသည်ကို ကိုယ်တိုင်သိနေသည့်အတွက် ယခုလိုအတိုက်အခံနှင့်တင်းခံနေရသည့်ကြားမှာ ဏီ...မျက်ရည်ကျနေမိရုံမှလွဲ၍ ကျန်သည်ကိုလဲမတတ်နိုင်ပေ။ ခေါင်းညိတ်ကာငိုနေရသည်ကိုရှိုက်သံမထွက်အောင် တင်းခံထားသည့်အတွက် အမှန်တကယ်ပင် ဏီ..အသက်ရှုကျပ်နေရပါပြီ..။ ဏီ...တို့အချစ်တွေကို ဘာကြောင့်မကြည့်ကြပဲ နောင်ဖြစ်လာမည့်ကိစ္စအရေးနှင့် ယောကျာ်းလေးဖြစ်နေသည်ကိုပဲကြည့်နေကြသနည်း..တစ်ရက်လောက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်နာရီလောက်ပဲဖြစ်ဖြစ် ဏီ..တို့နှစ်ယောက်၏တစ်ယောက်အပေါ်တစ်ယောက်ချစ်ခင်ကြင်နာကြပုံကိုသာ တွေ့မြင်ကြမည်ဆိုလျှင် ယခုကဲ့သို့ထင်မြင်ချက်တွေ လက်မခံနိုင်မှု့ တွေရှိကြတော့မည်မဟုတ်ဟု ဏီ..ထင်ပါသည်။ အချိန်အတော်ကြာအောင်အထိ မမငယ်စကားမဆိုပါ ဏီ့..လက်အားပုတ်ကာနှစ်သိမ့်ပေးသည်မှလွဲ၍ အခန်းတွင်း၌ ငြိမ်သက်နေရသည်။ မျက်ရည်များကိုသုတ်ကာ နှာတစ်ချက်ရှိုက်လိုက်ပြီး မမငယ်၏ မျက်လုံးများကိုစိုက်ကြည့်၍ ဏီ...ခပ်တိုးတိုးလေးပြောလိုက်သည်။
ŞİMDİ OKUDUĞUN
SAME LOVE DIFFERENT FEELING (Complete)
Romantizmမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...