အခန်း(၂၀)

675 55 1
                                    

-သာ...ဘာ​ပြောတာလဲ......မုန်း..နားမလည်​ဘူး...။

မုန်း အံ့သြစွာ ထပ်​​မေးမိ​တော့ာ သက်​ပြင်းချကာပင်​...

-သာ ကိုယ်​တိုင်​​တောင်​ ဘာမှန်းမသိဘူး မုန်းရယ်​...သာ သိတာက. ဝသန့်​ကို​တွေ့ချင်​ ၊မြင်​ချင်​တယ်​၊ သူ့နားရှိ​နေရရင်​​ပျော်​တယ်​.ဘာ​တွေလုပ်​​နေ​နေ သူ့ကိုပဲသတိရ​နေတယ်​.. ခဏ​လေး အိပ်​ငိုက်​ရင်​​တောင်​ ဝသန်​ပြုံး​နေတာပဲအ​တွေးထဲမှာ​ပေါ်လာတယ်​....မုန်း နဲ့ ဏီ တို့နဲ့လဲ​ပျော်​​ပေမယ့်​ ဝသန်​နဲ့ကျအလိုမဟုတ်​ပြန်​ဘူး...အခု သာ ဖြစ်​​ပေါ်​နေတာကို အချစ်​လို့ ​ပြောရင်​​တော့ သာ...ဝသန့်​ကို ချစ်​​နေတယ်​ မုန်း...။

သာ့ စကားအဆုံးမှာ မုန်း ၏ သက်​ပြင်းချသံကို ခပ်​ကျယ်​ကျယ်​ ကြားလိုက်​ရပြီး...

-သာ..စိတ်​ထင်​​နေတာ ဖြစ်​မှာပါ.. ဝသန်​ကလဲ တို့​တွေလိုပဲ​လေ...ဝသန်​က အမြဲတ​ယောက်​ထဲဆို​တော့ သာ့ ကိုခင်​လွန်းတယ်​မဟုတ်​လား..ဒါကို အချစ်​လို့ ​ပြောလို့မရဘူး​လေ..တွယ်​တာ တာ..တခုခု​ပေါ့..။

-ဟုတ်​တယ်​.. ဝသန်​ကလဲ သာ တို့လိုပဲမို့လို့ သာ အခု.. ဝသန့်​ကို ​ရှောင်​​နေမိတာပဲ..မဖြစ်​သင့်​ဘူးမဟုတ်​လား..၊မဖြစ်​သင့်​တာကို စိတ်​ကူးယဉ်​​နေမိလို့ သာ့ ရဲ့ နှလုံးသားကို မထိန်းချုပ်​နိုင်​လို့ ခုလို​ရှောင်​​နေမိတာ...ဒါ​ပေမယ့်​... ဒါ​ပေမယ့်​...

သာ ​ပြော​နေရင်းမှ မုန်း ကို ​မော့ကြည့်​လိုက်​သည်​။ထို့​နောက်​ လက်​သီးစုပ်​လိုက်​ပြီး ကိုယ့်​ရင်​ဘတ်​ရဲ့ နှလုံးရှိရာ ​နေရာသို့ ထုလိုက်​ကာ..

-ရင်​ဘတ်​ကြီးက...မ​တွေ့ရ​လေ နာကျင်​​လေပဲ...နှလုံးသားက တားဆီး​​လေ..တမ်းတမိ​လေ...သာ..သာ..ရူး​တော့မယ်​ ထင်​တယ်​.. ။

ပြော​နေရင်းမှ မျက်​ရည်​များကျလာ​သော သာ့ ကိုကြည့်​ကာ မုန်း ကြက်​​သေ​သေ​နေမိသည်​​။ ဒါ ဘယ်​လိုသ​ဘောတရား​တွေလဲ.. ဘာ​တွေလဲ....။

-အချစ်​မှာ တားမြစ်​ချက်​ ထားစရာ လိုလို့လား...။

ီ ဝင်​​ပြောသည်​ကို မုန်း ကြည့်​လိုက်​ရင်း...

SAME LOVE DIFFERENT FEELING    (Complete) Donde viven las historias. Descúbrelo ahora