အခန်း(၇၁)

393 49 10
                                    

ကားဟွန်းသံကြားလိုက်​ကာ ​ပေါ်တီကို​အောက်​သို့အရှိန်​နှင့်​ဝင်​လာ​သောကားအား ဝရန်​တာမှာ​ငေး​မောကာရပ်​ကြည့်​​နေမိ​ရာမှ မုန်း...လှမ်းကြည့်​လိုက်​မိသည်​။ ရုံးပြန်​ချိန်​မဟုတ်​ပါပဲ ပြန်​လာသည့်​အတွက်​စိုးရိမ်​စိတ်​မကင်းစွာပင်​ အိမ်​​အောက်​ထပ်​သို့ ကြိုရန်​ဆင်းလာခဲ့ကာ ​လှေကားတစ်​ဝက်​တွင်​ပင်​ ကို​စေ နှင့်​​တွေ့လိုက်​ရပြီး​နောက်​ မိမိလက်​အားတွဲကာ ဧည့်​ခန်းထဲမှဆိုဖာထက်​သို့အတူထိုင်​လိုက်​ကြသည်​။ နှစ်​ဦးသားယှဉ်​ကာထိုင်​​နေခဲ့ကြပြီး​ အချိန်​အ​တော်​ကြာသည်​အထိ စကားမဆိုပဲ မုန်း...အား ကို​စေ ခပ်​​ငေး​ငေးနှင့်​စိုက်​ကြည့်​​နေသည်​ကို မုန်း..သတိထား​နေမိသည်​။ ပြန်​လည်​၍ကြည့်​ကာမျက်​လုံးစုံချိန်​ခဏ၌ပင်​ ရီ​ဝေ​နေ​သော ကို​စေ့ မျက်​လုံးအိမ်​အား မုန်း...တအံ့တသြနှင့်​မျက်​လုံး​လေးပြူးသွားမိသည်​အထိ ကြည့်​​နေမိပြန်​သည်​။ ကို​စေ..မျက်​ရည်​ဝဲ​နေခဲ့သည်​လား..ဘာများဖြစ်​လာခဲ့ပါသနည်း..။ ဤရက်​ပိုင်းအတွင်းမှာ ဏီ...နှင့်​ ကို​သော်​ တို့၏အချစ်​​ရေးမ​ကောင်းသကဲ့သို့ပင်​ ကုမ္ပဏီအ​ခြေအ​နေသည်​မှာလဲ ထို့အတူမတည်​ငြိမ်​ပဲရှိ​နေခဲ့သည်​ကို မုန်း...သိ​နေခဲ့ပါသည်​။ ယခုကဲ့သို့ ကို​စေ့...မျက်​နှာမသာယာသည်​ကိုမြင်​ရပြန်​​လေ​တော့ မထင်​မှတ်​ထား​သောအ​ခြေအ​နေများ​ကြောင့်​ မိမိချစ်​ရ​သော​သူမှာ စိတ်​ဆင်းရဲ​နေရသည်​ဟု ​တွေးလိုက်​မိကာ ရင်​ထဲမှာလဲအ​တော်​ပင်​ စို့လာခဲ့ရပြန်​သည်​။ မိမိပါး​လေးအားခပ်​ဖွဖွထိ​တွေ့ရာမှ တင်းကျပ်​စွာဖက်​လိုက်​​သော ကို​စေ့ အထိအ​တွေ့များ​အောက်​ မငိုမိ​သေး​သော်​လဲ မျက်​ရည်​များမှာအလိုလိုပင်​ မျက်​လုံးအိမ်​ထဲ၌ပြည့်​ကာလာရ​သည်​။

-ဘာလို့...ကို့...ကိုမ​ပြောရတာလဲ ဟန်​နီ...။

ကို​စေ့ စကားသံတိုးတိုး​ကြောင့်​ မုန်း...အ​တွေးတို့သည်​ရပ်​တန့်​ကာသွားခဲ့ရပြီး မိမိ​ယောက်ျားဆိုလိုချင်​သည့်​အရာအား နားမလည်​စွာနှင့်​ ဖက်​ထားသည့်​လက်​များအား​ဖြေ​လျော့လိုက်​ကာ နားမလည်​သည့်​မျက်​ဝန်းများနှင့်​ကြည့်​လိုက်​မိသည်​။ မိမိပါး​လေးအားထပ်​မံ၍ပွတ်​သပ်​​နေခဲ့ပြီး ဝမ်းနည်း​နေ​သောမျက်​လုံးများနှင့်​အတူ မျက်​ရည်​ဝဲ​နေခြင်းလားဟုထင်​​နေမိသည့်​ မျက်​ရည်​များသည်​ ကို​စေ့ ပါးပြင်​ထက်​သို့​ဖြေးညှင်းစွာလိမ့်​ဆင်းလာခဲ့ကြပြီး ထိုမျက်​ရည်​များအား
မုန်း...နားမလည်​စွာပင်​ခပ်​မြန်​မြန်​သုတ်​​ပေးလိုက်​မိသည်​။ မျက်​ရည်​သုတ်​လိုက်​​သော မုန်း...လက်​ဖဝါး​လေးအား သူ၏ပါးပြင်​နှင့်​ထိ​တွေ့ကာတိုး​ဝှေ့လိုက်​ပြီး မုန်း...လက်​သို့ထပ်​မံထိ​တွေ့လာ​သော မျက်​ရည်​စက်​များ​ကြောင့်​ ရင်​ထဲမှစိုးရိမ်​မှု့ လှိုင်းလုံးကြီးမှာပြင်းထန်​လာခဲ့ရပြီး ​ဖြေးညှင်းစွာပင်​ ​မေးလိုက်​မိသည်​။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now