-လင်ဗန်းချင်းရိုက်တော့ လင်ဗန်းသံပဲထွက်မှာပေါ့ကွာ ဟားဟား...။
-ဟာကွာ ရင့်သီးတဲ့စကားတွေ မသုံးစမ်းပါနဲ့..။
-ရင့်သီးတာမဟုတ်ဘူးကွ လောကမှာ မျိုးတူရာစုတယ်ဆိုတာ ဒါမျိုးတော့မဟုတ်ဘူးလေဟ...
ဒါတွေအတွက်နေရာမရှိတာတော့အမှန်ပဲ လူအများစုကရွံစရာကောင်းတယ်လို့ပဲ ခံယူထားကြတာ....။-အချစ်မှာမျက်စိမပါဘူးလေကွာ..။
-အချစ်မှာမျက်စိမပါပေမယ့် လူမှာတော့ဦးနှောက်ပါတယ်လေကွာ ..
-ဘာဆိုင်လဲ....။
-ဆိုင်တာပေါ့ကွာ အမေမွေးထဲက စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်ပါတယ် မျက်စိစုံမှိတ်ပြီး
အချစ်အချစ်အော်နေမဲ့အစား ကိုယ့်brainလေးကိုယ်သုံးသင့်တာပေါ့။-တော်ကြပါကွာ ပြောရင်းရွံလာပြီ တော်တော်...။
အားကစားရုံထဲသို့မရောက်ခင်ထောင့်အကွယ်မှ ကျောင်းသားတချို့၏စကားများကြောင့် လမ်းလျှောက်နေရာမှ ဝသန့် ကို ခါ မသိမသာလေးအကဲခတ်ကြည့်လိုက်မိသည်။ သွားနေဆဲဖြစ်သော်လဲ သေချာစွာကြားရပါသောပြောစကားများကြောင့် အကဲခတ်ပြီးကြည့်မိသော်လဲ ဝသန့် မျက်နှာပေါ်မှာတော့ တစုံတရာပြောင်းလဲသွားခြင်းမရှိချေ။ မကြားလိုက်သည်လား တမင်ဟန်ဆောင်နေသည်လားတော့ ကာယကံရှင်ကိုယ်တိုင်သာသိပေလိမ့်မည်။ ခါ..ကိုယ့်အတွေးနှင့်ကို သက်ပြင်းမသိမသာလေးချလိုက်ချိန်မှာတော့...
-သက်ပြင်းမချပါနဲ့ ခါ... လောကမှာလူတိုင်းတော့ အမြင်ဘယ်တူကြပါ့မလဲ..သူတို့ပြောတာတွေလဲမှန်နေတာပဲ ....။
-ဝသန်.....။
ဝသန့် ထဲမှစကားသံကြောင့် ဝသန့် နာမည်လေးကိုခပ်ဖွဖွခေါ်မိလိုက်ပြီး ဝသန့် ထံမှအပြုံးတချို့တို့ပေါ်ပေါက်လာကာ..
ESTÁS LEYENDO
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...