နာကျင်မှု့ များကြားမှ အမြင်အာရုံတို့ပိုမိုကြည်လင်လာချိန်တွင် မျက်စိတဆုံးမြင်တွေ့နိုင်သည့်အရာများကို
မျက်လုံးလှုပ်ရှားကာကြည့်နေခဲ့မိပြီး မှောင်ရိပ်သန်းလာခြင်း နှင့်အတူ အလင်းရောင်ပြည့်ဝစွာရရှိသည့်နေရောင်ခြည်အား ခံစား၍ရလာကာ မိမိမျက်လုံးဖွင့်ချိန်တိုင်း အပြုံးတို့နှင့်တွေ့မြင်နေရမြဲဖြစ်သည့် ချောင်ကျနေသောမျက်နှာလေးတစ်ခု ...ထိုမျက်နှာထက်မှ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ၊နာကျင်မှု့ များနှင့်ဆွေးမြေ့နေတတ်သည့်မျက်ဝန်းတစ်စုံအား တွေ့နေရမြဲဖြစ်သလို ၊မိမိနားထဲသို့ဝင်လာတတ်သော ကြင်နာဖွယ်တိုးညှင်းလှသည့် စကားလုံးများ ၊ နဖူးထက်သို့ကျရောက်လာတတ်သည့် ခပ်နွေးနွေးထိတွေ့မှု့ တို့နှင့်အတူ တခါတရံမိမိရင်ဘတ်ပေါ်သို့ကျရောက်လာတတ်သည့် စိုထိုင်းထိုင်းအထိအတွေ့များကို ခံစားသိမြင်နေရပါသော်လဲ လှုပ်ရှားမှု့ မပြုနိုင်၊ နှစ်သိမ့်မှု့ မပေးနိုင်သည့် မိမိကိုယ်အားကြီးစွာစိတ်ပျက်လာခဲ့မိသည်။ ခန္ဓာကိုယ်မှရှိသမျှအားအင်တို့ထုတ်သုံးကာ လှုပ်ရှားနေကြည့်မိသော်လဲ လက်ဖျားလောက်သာလှုပ်ရှားနိုင်ခဲ့ပြီး မိမိ၏နှုတ်ခမ်းများကို အားထည့်ကာဖွင့်ဟပြောနေခဲ့ပါသော်လဲ စကားသံတို့မှာထွက်မလာ စွံ့အနေခဲ့ပြီး မောပန်းမှု့ တို့သာကြီးစိုးလာခဲ့လေသည်။ မိမိကိုယ်ကိုအားမရဖြစ်မိသလို မိမိတွေ့မြင်နေရပြီး၊ မိမိအားပြောကြားနေခဲ့သည့်စကားတို့အား တုန့်ပြန်ပြောဆိုချင်နေပါသော်လဲ မတတ်စွမ်းသာဖြစ်နေရသည့်ခံစားချက်တို့များလာချိန်၌ အားပြုကာစကားပြောဖို့ကြိုးစားနေလျှက်ဖြစ်မလာသည့်ခံစားချက်တို့ရောထွေးကာပင် အမြင်အာရုံတို့ဝေဝါးလာခဲ့၍မျက်ဝန်းတို့၌ ယောကျာ်းတန်မဲ့ပင် မျက်ရည်တို့ရစ်ဝိုင်းလာရပြီး အေးစက်စက်မျက်ရည်တို့သည် ပါးပြင်ထက်သို့တိတ်တဆိတ်ပင်ကျဆင်းလာရလေသည်။
![](https://img.wattpad.com/cover/126847624-288-k298102.jpg)
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...