အခန်း(၅၅)

376 36 8
                                    

.....အိပ်​မက်​တို့မည်​သည်​မှာ မိမိ၏တ​နေ့တာအ​ပေါ်စွဲလမ်းမှု့ ​ကြောင့်​ဖြစ်​​ပေါ်လာသည့်​ အာရုံများနှင့်​ မသိစိတ်မှလိုချင်​​တောင်းတသည့်​အရာများ၏ ​စေညွှန်းရာဟု မုန်း ကြားသိခဲ့ဖူးသည်​။ မုန်း..၏မသိစိတ်​မှ အ​တောင်းတဆုံးအရာမှာ ယခုမက်​​နေသည့်​ အိပ်​မက်​သာအမှန်​ဆိုလျှင်​ အင်​မတန်​မှရှက်​ရွံ့ဖွယ်​​ကောင်း​​ပေလိမ့်​မည်​ သို့​သော်​လဲ ​ပျော်​ရွှင်​​နေမိပြန်​သည်​။ နူးညံ​သောအနမ်းများနှင့်​ ​နွေး​ထွေး​သောအထိအ​တွေ့များ ၊ မြန်​လိုက်​​နှေးလိုက်​ဖြစ်​​ပေါ်​နေခဲ့ရ​သောရင်​ခုန်​သံများသာမက ရံဖန်​ရံခါမှာ အဆုံးအစမရှိ​သော တိမ်​တိုက်​များကြား ​ပြေးလွှားကာ​ဆော့ကစား​နေရသလို ​ပျော်​မြူးခြင်းခံစားချက်​၊ တစ်​ခါတ​လေမှာ ​ကြောက်​မက်​ဖွယ်​​ချောက်​ကမ်းပါးမှခုန်​ဆင်းလိုက်​ရသလို ​ ​ကြောက်​လန့်​မှု့ နှင့်​အတူ ​အေးမြသွားသည့်​ခံစားချက်​ ၊ တစ်​ခါတစ်​ခါမှာ​တော့ မိုး​ရေများကြားလမ်း​လျှောက်​​နေရသကဲ့သို့ ဦး​ခေါင်းမှတစ်​ဆင့်​​ခြေဖျားအထိ ​အေးစိမ့်​မှု့ ၏အနှစ်​အရသာ​ကြောင့်​ လက်​ဖျား​ခြေဖျားများ ​အေးလာရပြီး ထိုအချိန်​ကို​ကျော်​လွန်​သည်​နှင့်​တပြိုင်​နက်​ အ​ပြောင်းအလဲမြန်​သည့်​ ရာသီဥတုဒဏ်​ကိုခံစားလိုက်​ရသလို မီးနှင့်​အပူ​ပေးခံလိုက်​ရသလို ပူ​လောင်​ကျိမ်းစပ်​လာရသည့်​ ခံစားချက်​.... ခံစားချက်​​ပေါင်းများစွာအား စက္ကန့်​ပိုင်းတွင်း အ​ပြောင်းအလဲမြန်​စွာခံစား​နေရရင်း ထိုခံစားချက်​များထဲမှ ပုံမှန်​မ​ပြောင်းလဲသည်​မှာ​တော့ ရင်​ခုန်​သံ​လေးတစ်​ခုသာ ဖြစ်​သည်​။ ထိုပြင်​ထိုအရာများအား ခံစား​စေသည့်​ ရင်​ခုန်​​သံပိုင်​ရှင်​အား ဝိုးတဝါးသာမြင်​​တွေ့​နေရ​သော်​လဲ ပိုင်​ရှင်​မည်​သူမည်​ဝါဆိုသည်​ကို နှလုံးသားမှသိ​နေပြီးဖြစ်​သည်​။

အေးစက်​စက်​နဲ့ထိ​တွေ့လာသည့်​ ​လေ​အေး​အေးတစ်​ချက်​အ​ဝေ့မှာ မုန်း... အိပ်​မက်​တို့မှလန့်​နိုးလာခဲ့ရသည်​။ မှိတ်​ထားသည့်​မျက်​လုံးများအား ​ဖြေးညှင်းစွာဖွင့်​ကြည့်​လိုက်​မိပြီး ပတ်​ဝန်းကျင်​မှာ မိမိအိပ်​ခန်းဖြစ်​​နေ​သော​ကြောင့်​ မျက်​လုံးအားအသာပြန်​မှိတ်​ရင်း နှုတ်​ခမ်းစူမိသွားသည်​။ အိပ်​မက်​​ကောင်းတို့မက်​​နေချိန်​မှ လန့်​နိုးလာရသည်​ကို မ​ကျေမနပ်​ဖြစ်​မိပါ​သော်​လဲ အိပ်​မက်​တို့အားတစ်​ဖန်​​တွေးမိလိုက်​ချိန်​မှာ​တော့ အပြုံးတို့တွဲခိုလာရပြန်​သည်​။ မုန်း..စိတ်​မှထင်​သည်​လား မ​သေချာပါပဲ ​လေ​အေး​အေးများတိုက်​ခတ်​​နေသည်​မှာ ယခင်​​နေ့များထက်​ပို​အေး​နေသည်​ဟု ထင်​မိသည်​။ အိပ်​ယာထက်​မှထရန်​အချိန်​ဆွဲ​နေမိပြီး ခြုံ​စောက်​အားလည်​ပင်းထက်​သို့​ရောက်​သည်​အထိ ဆွဲယူကာခြုံလိုက်​ချိန်​မှာပင်​ မိမိ၏ခါး​ပေါ်သို့ကျ​ရောက်​လာသည့်​ လက်​တစ်​ဖက်​​ကြောင့်​ ​ခေတ္တမျှငြိမ်​သက်​သွားမိသည်​။ စိတ်​တို့မှာလျင်​လျင်​မြန်​မြန်​နှင့်​ လက်​ရှိအ​ခြေအ​နေကို​တွေးလိုက်​မိသည်​။ တ​ဖြေး​ဖြေးနှင့်​နီးကပ်​လာသည့်​ လူတစ်​​ယောက်​၏အ​ငွေ့အသက်​ကိုခံစားမိလာရပြီး မိမိခါးအားသိမ်းပိုက်​ကာဖက်​ထားသည်​မှာ တင်းကျပ်​လာခဲ့ပြီး မိမိလည်​ပင်းနားသို့ကျ​ရောက်​လာသည့်​ အသက်​ရှုသံနှင့်​အတူ ပုံမှန်​ထိ​တွေ့လာသည့်​ ဝင်​သက်​ထွက်​သက်​​နွေး​နွေးတစ်​ခု...။

SAME LOVE DIFFERENT FEELING    (Complete) Donde viven las historias. Descúbrelo ahora