ကျောင်းပေါင်းစုံပွဲ ကြီးမှာ ခြိမ့်ခြိမ့်သဲသဲ ရှိလှသည်။ သုံးရက်ကျင်းပမှာ ဖြစ်ပြီး ယနေ့ ပထမရက်မှာ တော့ မုန်း ၏ ကြက်တောင်ရိုက်ပြိုင်ပွဲ ရှိလေသည်။ ယခင်ကတော့ မိမိတို့ကျောင်းတွင်းပြိုင်ပွဲ ဖြစ်သည်မို့ ကျောင်းတွင်းမေဂျာများသာ ရှိနေခဲ့ပြီး ယခုတော့ ခန်းမတစ်ခုလုံး လူအပြည့်ရှိသည်၊ မိမိတို့ကျောင်း ၏ ကိုယ်စားပြု များကို အားပေးရန်လဲ အဆင်သင့်ရှိနေကြသည်။ ထိုလူများထဲတွင် သာသာ ၊ ဏီ ၊ ဝသန် တို့ အပြင် စေတမန် နှင့် စိုင်းသော်ဇေရိန် တို့ပါ ပါကြသည်။ ပြိုင်ပွဲရက်လဲ ဖြစ်နေသည်မို့ သော် ကလိုက်ပို့ပေးခဲ့ပြီး အပြင်လူများပါ ကြည့်ရှု့  နိုင်သည့်အတွက် မိမိတို့သည်လဲ အားကစားဝါသနာ ပါသည်နှင့် ပြိုင်ပွဲများကို ဝင်ရောက်ကြည့်ရှု့ မိခြင်းဖြစ်သည်။ ကျောင်းပေါင်းစုံပွဲ ဖြစ်သည့်အလျှောက် ယှဉ်ပြိုင်သူများမှာ လက်ရွေးစင်များ ဖြစ်ကြပြီး ကျောင်းသားကျောင်းသူ တိုင်းသည်လဲ ထူးချွန်ကြသည်။သို့သော် လဲ မုန်း သည် ရွှေတံဆိပ်ဆုပေါင်းများစွာ ရရှိခဲ့ဖူးသူပီပီ ကျွမ်းကျင်မှု့ နှင့် အားသာမှု့ များကြောင့် ပြိုင်ပွဲ မှာ ထပ်တိုးမဆော့ရပဲ အနိုင်ရရှိခဲ့သည်။ မုန်း ၏ ကြက်တောင်ရိုက်ပြိုင်ပွဲသည် ကျောင်းပေါင်းစုံ ပွဲ ၏ အစပွဲစဉ်များဖြစ်သည့်အတွက် တာထွက်ကောင်းသည်ဟုပင် ဆိုရချေမည်။
-မုန်းရေ...ဟေးဟေး...မိုက်တယ်ကွာ ရိုက်ချက်တွေက...။
နိုင်ပွဲရရှိသွားခဲ့၍ မိမိနားသို့ ရောက်လာသော သူငယ်ချင်း သုံးယောက်လုံးကို မုန်း ဖက်ထားရင်းမှ အပြုံးတွေ ဝေဆာနေခဲ့ရသည်။ မိမိအရည်အချင်းကို ယုံကြည်ပါသော်လဲ မေဂျာတွင်းပြိုင်ပွဲ မဟုတ်သည်မို့ စိုးရိမ်စိတ် ရှိနေခဲ့ပြီး ပြိုင်ပွဲ မစခင်တနေ့ကပင် ဝမ်းလျှောသလိုလို ဖြစ်နေ၍ မုန်း မှာ ဒုက္ခ အကြီးအကျယ် ကိုရောက်နေခဲ့ရသည်လေ။ ယခုတော့ ကျောင်းပေါင်းစုံပြိုင်ပွဲ ၏ ပထမဆုံး ရွှေတံဆိပ် ကို မုန်း အရယူပေး နိုင်လိုက်ပြီဖြစ်သည်။ ထို့ကြောင့်လဲ ပို၍ပင်ပျော်မိသည် ပြီးတော့ မုန်း ၏ နိုင်ပွဲမှ မမြင်ခဲ့ဖူးသော နတ်ဆိုး ၏ အပြုံးတခု ကိုပါ မုန်း မြင်တွေ့ခဲ့ရသေးသည်။
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...