...-ဟား....ရူးချင်တယ်ဟေ့..ရူးချင်တယ်..တကယ်ကိုပဲ ကံဆိုး ချက်က ကိုယ့်စာပဲ လေ့လာရင်တောင် မလောက်တဲ့အချိန်ကို..ဒါတွေကပါ လုပ်နေရသေးတယ်ဟာ...။
မုန်း ၏ ညီးညူစွာ ပြောဆို နေသံကြောင့် သာသာ ရော ဏီ ပါ ရီမိသည်။ ဒီတပတ် Sunday မှာတော့ သာသာ တို့ ဘယ်ကိုမှ ခြေလှမ်း ခွင့်မရကြတော့ပါ။ အဓိက အကြောင်းအရင်းကတော့ မုန်း ၏ ကျောင်းသားရေးရာ အဖွဲ့မှ လုပ်ငန်းများပါလာသောကြောင့်ဖြစ်သည်။ သူမတယောက်ထဲ လုပ်နေရတာ မဟုတ်ပမဲ့ လဲ မုန်း မှာတော့ ညီးညူနေဆဲဖြစ်သည်။
-ငါတို့ပြောဖို့လဲ ထားပါ...ဒေါ်မုန်း...ရယ်...နင့်ကို ကူပေးနေတာပဲ....။
ဏီ ပြောလိုက်သည် ကိုပင် မုန်း ကလက်မခံနိုင်....
-နင်တို့က king,queen ဖြစ်တာလေ..ကိုယ်နေချင်သလိုနေနေလို့ရသေးတယ်..ငါ့မှာ ဒီအဖွဲ့ထဲ အလိုလိုနေရင်းအသွင်းခံရတာ...နေချင်သလိုလဲ မနေရ..စားနေရင်းတန်းလန်းလဲ ခေါ်ရင်ပြေးရသေးတယ်...စာတွေလဲ ဆရာတွေပို့ချတာ နားမထောင်ရပဲ နင်တို့ပို့ချတာပဲ ပြန်နားထောင်နေရတယ်..ဒီပုံစံဆို ငါပဲ exam ကျကျန်နေခဲ့မယ့်ပုံ ဖြစ်နေပြီ။
မုန်း ပြောမည်ဆိုလဲ ပြောချင်စရာဖြစ်နေသည်။ယခင်ကဆိုလျှင် သူမတို့သူငယ်ချင်း သုံးယောက် မှာတတွဲတွဲနေနေကြပမဲ့... မုန်း.. ကျောင်းသားရေးရာ ထဲရောက်သွားပြီးထဲက ထမင်းလဲ အတူမစားရ...။ အတန်းတိုင်းကို လဲ လိုက်မတက်နိုင်၍ သူမကို ကျန်သူငယ်ချင်း နှစ်ယောက်က အားချိန်များတွင် ပြန်ပြပေးနေရသည်။ တနေရာရာ အတူသွားမည် ဆိုလျှင်တောင် ရောက်နေရာမှ အရေးကြီးသည်ဟု ခေါ်ပါက မုန်း အပြေးအလွှား ပြန်ရသည်မှာ ခနခနဖြစ်လာခဲ့သည်။ကြာလာတော့ သူမ မပြောနှင့် သာသာ နှင့် ဏီ ပင်စိတ်မရှည်ချင်တော့။သူမဆို ပြောဖွယ်ရာ ရှိမည် မဟုတ်ပေ။
-ကျောင်းသားရေးရာ ဆိုတာ အလောက်ထိ အလုပ်များလို့လားဟ...။
သာ မေးသည်ကို မုန်း ကမဲ့ရွဲ့ကာနှင့်ပင်...
-ကျောင်းသားရေးရာ ကအလုပ်များတာမဟုတ်ဘူးဟေ့.. ငါတို့အထက် စီနီယာအဖွဲ့က တမင်ညစ်နေတာ.. ဘာများအလုပ်များစရာ ရှိလို့လဲ မော်ကွန်းထိန်း က.. ပြောပြီးသားငါတို့က ကွင်းဆင်းပြီး တချို့တလေပဲသူ့ကို ကူညီရမှာ..ခုလိုလုပ်နေရတာတွေက စိနီယာ တွေအလုပ်...။
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...