ရုပ်ရှင်ရုံမီးများ အမှောင်ကျပြီး ပိတ်ကားထက်မှ သီချင်းသံများလဲ တိတ်သွားကာ နိုင်ငံတော်အလံကို အလေးပြုပြီး ပြန်အထိုင်မှာ သာသာ့ အနမ်းတစ်ပွင့်သည် ဝသန့် ပါးပြင်ထက်သို့ကျရောက်လာသည်။ရုတ်တရက်ဖြစ်လို့ ထိုင်ရမလို ရပ်နေရမလိုနှင့် ဝသန် တယောက်ကုန်းကုန်းကွကွ အခြေအနေနှင့် အမှောင်ကြားမှာ သာသာ့ ကိုကြောင်တောင်တောင်ကြည့်နေမိသည်။ ဝသန့် အခြေအနေကို သာသာ ရီလျှက်နှင့် လက်ကိုစွဲကာ ထိုင်ခိုင်းလိုက်ရသည်။ သာသာ တစ်ယောက် မိမိကို ယခုလို လုပ်တိုင်း ရင်ခုန်ရကာ နေမသိထိုင်မသာလဲ ဖြစ်စေသည်။.ထိုင်ပြီးသည်အထိ ကြောင်တောင်တောင်ဖြစ်နေသော မိမိကို ပခုံးမှနေ၍ ဖက်လိုက်ပြီး အားရပါးရကို ရီနေသေးသည်။ ရီနေသည်ကို မရပ်၍ ဝိုးတဝါးသာမြင်ရသော်လဲ သာသာ့ ဘက်လှည့်ကာ...
-ဘာလို့ရီနေတာလဲ....
-ခုနက.. ဝသန့် ပုံလေးကို ချစ်လို့... ကြောင်တောင်တောင်ပုံလေးနဲ့ ..တနေရာရာကို ဝင်ပုန်းချင်နေသလိုလေး..အသဲယားလို့...။
မိမိမျက်စောင်းကို သာသာ မမြင်နိုင်မှန်းသိသော်လဲ မကျေမနပ်တော့ ဖြစ်ကာ မျက်စောင်းထိုးလိုက်သည်။
-သာ...အလိုနမ်းလိုက်တိုင်း.. ဝသန် ဘယ်လိုနေရမလဲ မသိဘူး..လူကြားထဲမှာ တော့မနမ်းပါနဲ့ကွာ...။
-လူကြားထဲမှာ မဟုတ်ဘူးလေ.. ကိုယ်ခုံနဲ့ကိုပဲ မီးလဲမှောင်နေတယ်....ဒါပေမယ့်... အင်း..လူနှစ်ယောက်ရုတ်တရက်ကြီးနီးသွားတာလောက်ပဲ မြင်ကြမှာပါ...
-သာသာ....။
ဝသန့် ရဲ့ ခပ်ကြိတ်ကြိတ်အော်သံကို သာသာ မှနှုတ်ခမ်းနားလက်ကာရင်း ရှူးတိုးတိုးလုပ်နေသောကြောင့် နှစ်ယောက်လုံး ရီလိုက်မိသည်။ ထို့နောက် အမှောင်ထဲမှာ မျက်နှာချင်းဆိုင် ဖြစ်နေသော မျက်နှာလေး နှစ်ခုထိကပ်ကာ အချစ်တို့ထုံမွှမ်းနေသော အနမ်းတစ်ခု ဖြစ်ပေါ်၍ အချစ်တို့ဖြင့်ပြည့်နေစေသည့် သာယာချိန်တစ်ခုကို နှလုံးသားနှင့်အပြည့် နှစ်ဦးသား ခံစားရကာ အပြုံးတို့က အနမ်းကို အပြီးသတ်စေလိုက်သည်။
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...