အလုပ်စားပွဲပေါ်မှ ph မှာ အဆက်မပြတ်မည်လာသောကြောင့် လုပ်လက်စ အလုပ်ကိုရပ်လိုက်ပြီး စိတ်မကြည်စွာ ph ကိုင်လိုက်မိသည်။ အိမ်ph ဖြစ်နေ၍သာ စိတ်မကြည်သည်ကို လျော့ချလိုက်ပေမယ့် အမြန်ဆုံးအိမ်ပြန်လာရင် ကြားချိန်မှာတော့ စိုးရိမ်မှု့ က မေမေတခုခု ဖြစ်ပြီလား အတွေးပင်ရှိနေသည်။ ဒီရက်ပိုင်းမှာ မေမေ နေသိပ်မကောင်း၍ စေ့ ၏စိုးရိမ်စိတ်တို့ မြင့်တက်လာရပြီး ရုံးခန်းမှ ချက်ချင်းအထွက် သော့် ကိုတွေ့လိုက်ရ၍ မျက်မှောင်ကျုံ့မိလိုက်သေးသည်။ အလုပ်များနေလို့မလာနိုင်ဟု ဆိုထားပြီး အစည်းအဝေးရှိမှ လာတတ်သူမှာ အစည်းအဝေးမရှိပဲ ဘာကြောင့်လာသလဲ သိချင်ပေမယ့်လဲ အိမ်အမြန်ပြန်ရမည်မို့မမေးဖြစ်ပေ။ စေ ထွက်လာသည်ကို တွေ့သည်နှင့် သော် ကပင်...
-ဘယ်သွားမလို့လဲ စေ...
-အိမ်ပြန်မလို့...လှမ်းခေါ်နေတာနဲ့.. မေမေ ကဒီရက်ပိုင်းနေသိပ်မကောင်းဘူး..။
စေ့ ကို တီချယ်ဆွေ နေမကောင်း၍ ခေါ်တာမဟုတ်ကြောင်း မိမိကသိနှင့်ပြီမို့ ပြောသင့်မပြောသင့်တွေးနေချိန်ပင် စေ့ ကားလေးမှာ ထွက်သွားပြီဖြစ်သည်။ ဘာပဲပြောပြော အိမ်ထိလိုက်ကြည့်ရန်ဆုံးဖြတ်လိုက်ပြီး သော် လဲ နောက်မှ အမြန်လိုက်လာခဲ့လိုက်သည်။ မိမိသူငယ်ချင်းမှာ စိတ်မြန်သည် မမှားသင့်သော အမှားတချို့ကို ကျူးလွန်မှာ လဲစိုးရပြန်သည်။ အိမ်ရောက်၍ ယခု ဘာဖြစ်နေလဲ အခြေအနေသိလျှင် အမှန်ကိုပင် ပေါက်ကွဲသွားနိုင်သည်။
ပေါ်တီကို အောက်မှာ ကားရပ်လိုက်ကာ အိမ်ထဲကိုလှမ်းဝင်လိုက်သည်နှင့် လူစုံနေသော ဧည့်ခန်းမြင်ကွင်းကြောင့် စေ့ စိုးရိမ်စိတ် ပိုလို့ပင်မြင့်တက်လာသည်။ အလျင်အမြန် ရှိနေသူများကို ကြည့်မိတော့ မိမိမိသားစုအပြင် သော့် အမေပါရှိနေသည်။ ထို့ပြင် အန်တီထူး အပါအဝင် ဟေသီမုန်း ဆိုသည့်ကောင်မလေး ပါရှိနေပြီး သူမ အစ်မတွေကိုပါ တွေ့လိုက်ရ၍ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးပြီး ဘာကြောင့်လဲ ဟိုကိစ္စများလားတွေးလိုက်မိသည်။သို့သော် ထိုကိစ္စဆိုလျှင်လဲ ပြီးထားပြီးဖြစ်နေပြီဖြစ်သည်။ မျက်မှောင်ကျုံ့ကာ တွေးမိနေဆဲပင် အားလုံးအလယ်မှာ မေမေ့ကို ထိုင်လျှက်သား တွေ့ရ၍ သက်ပြင်းဖွဖွချလိုက်ပြီး စိတ်ပူနေတာ သက်သာသွားပေမယ့် မေမေကတော့ မိမိထံသို့ ဖြေးညှင်းစွာ လျှောက်လှမ်းလာလေသည်။အပြုံးနှင့် နှုတ်ဆက်ရန် စေ ပြင်လိုက်ပေမယ့်...
![](https://img.wattpad.com/cover/126847624-288-k298102.jpg)
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...