အခန်း(၆၂)

323 32 11
                                    

ကုမ္ပဏီ၏​လှေကားထစ်​​များကိုတက်​လာရင်း တ​ဖြေး​ဖြေးနှင့်​ မုန်း..​ ​မောဟိုက်​လာခဲ့ရသည်​။ ကားparkingမှဓာတ်​​လှေကားနှင့်​တက်​လျှင်​ရပါ​သော်​လဲ ယခု​နောက်​ပိုင်းတွင်​ ဓာတ်​​လှေကားစီးဖို့ရာ မုန်း ​ကြောက်​ရွံ့သည်​မဆို​သော်​လဲ အနည်းငယ်​​တော့​သွေးလန့်​​နေခဲ့သည်​မှာအမှန်​ပင်​။ လူအများနှင့်​သွားလာ​နေ​သောကုန်​တိုက်​လို​နေရာမျိုးတွင်​​ ရဲရဲဝံဝံ့စီးနိုင်​​ပေမယ့်​ ကို​စေ့ ရုံးသို့လာချိန်​တိုင်းမှာ​တော့ ​လှေကားထစ်​များမှသာလမ်း​လျှောက်​၍တက်​လာခဲ့သည်​မှာ အချိန်​အတိုင်းအတာတခုပင်​ရှိ​နေပြီဖြစ်​သည်​။ကို​စေ့ ထံမှကြင်​နာခြင်းယုယခြင်းများ​ကြောင့်​ယခင်​ကထက်​ မိမိကိုယ်​ကိုရင်​ဆိုင်​လာနိုင်​ပြီ သတ္တိရှိလာပြီဟုထင်​​နေမိ​သော်​လဲ တစ်​ဦးထဲ​ရှိ​နေချိန်​များမှာ​တော့ ရုတ်​တရက်​​မှောင်​သွားခြင်းကို မုန်း ရင်​မဆိုင်​နိုင်​​သေး​ပဲ ​ကြောက်​ရွံ့​နေမိဆဲဖြစ်​သည်​။ယခုပို၍ပို၍စိုးရိမ်​​နေမိသည်​မှာ မုန်း..တစ်​ခုခုဖြစ်​သည်​ဟူ၍သိရသည်​နှင့်​ ဘာလုပ်​၍ဘာကိုင်​ရမည်​မသိ​အောင်​ ​ဆောက်​တည်​ရာမရဖြစ်​သွားတတ်​သည့်​ ​ယောကျာ်းဖြစ်​သူ​ကြောင့်​ တစုံတရာအ​ကြောင်းတိုက်​ဆိုင်​၍ဖြစ်​သွားရမည်​ကိုသတိထား​နေရမိပြီး မဖြစ်​ခင်​ကပင်​သတိထားကာ မုန်း ​ရှောင်​ရှားတတ်​ခဲ့ပြီဖြစ်​သည်​။ ထို့​ကြောင့်​လဲ ရုံးအလုပ်​များ၌သာအာရုံပိုစိုက်​နိုင်​လာသည့်​​ယောကျာ်းဖြစ်​သူမှာ ရုံး၌သာအချိန်​ကုန်​​နေ​ရ​ခဲ့ကာ အလုပ်​နှင့်​လက်​မပြတ်​နိုင်​​သော ​ယောကျာ်းဖြစ်​သူထံသို့လဲဝတ်​ရန်​အဝတ်​အစားတချို့နှင့်​ မနက်​စာထမင်းဗူး​လေးကိုင်​ကာ မုန်း လာခဲ့ခြင်းဖြစ်​ပြီး ယခု​တော့ဖြင့်​ အနည်းငယ်​မှတက်​လှမ်းရသည့်​​လှေကားထစ်​များ၏အလယ်​၌​မောဟိုက်​လာမှု့ ကို​ခြေလှမ်းများရပ်​ကာ ​ခေတ္တမျှအ​မော​ဖြေ​နေလိုက်​မိသည်​။
ဘာ​ကြောင့်​များ မုန်း..အရင်​ကထက်​ပို​မော​နေရတာလဲ ..အသက်​ကြီးလာ၍လား..ထိုသို့ဆိုပါလျှင်​လဲ ယခုလို​ဖြစ်​​နေရမည့်​အသက်​အရွယ်​မျိုး​တော့မဟုတ်​သည်​မှာအမှန်​ပင်​။ မုန်း.. ​သေချာသိ​နေမိသည်​ ဖျားနာ​နေမ​ကောင်းခြင်းမရှိ​သော်​လဲ ​ခေါင်းမူး​နေတတ်​သည်​၊  ​ညောင်းကိုက်​​နေတတ်​သည်​၊ ထိုမျှမကလှုပ်​ရှားမှု့ အနည်းအကျဉ်းနှင့်​ပင်​​မောလာတတ်​ပြီး လူတကိုယ်​လုံးနုံးချိလာရကာ အိပ်​ယာထက်​မှာအိပ်​​နေရချိန်​ကပိုများ​နေခဲ့သည်​။ယခင်​ထက်​ကျန်းမာ​ရေးပိုမိုညံ့​နေသည်​ကို မိမိဘာသာသိ​နေပါ​သော်​လဲ ပြင်းထန်​ခြင်းမရှိသည့်​အတွက်​ ကို​စေ့ အားမစိုးရိမ်​​စေချင်​၍ ​ပြောပြမိခြင်းမရှိပဲ တစ်​​ယောက်​ထဲကျိတ်​မှိတ်​၍သာ​နေ​နေလိုက်​သည်​။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now