အခန်း(၆၁)

361 37 18
                                    

...ခရီးတို​လေးတစ်​ခုသွားခဲ့ပြီး​နောက်​မှာ​တော့ တစ်​ဦးကိုတစ်​ဦးထပ်​မံ၍ပိုမိုနားလည်​လာခဲ့ကြပြီး ရင်​တွင်းခံစားချက်​များမှာလဲ ​သေချာစွာဖြစ်​တည်​လာခဲ့ကြကာ ပိုမို၍ရင်းနှီးခဲ့ကြသည်​၊ သ​ဘောထားမတိုက်​ဆိုင်​သည်​များကို ညှိနှိုင်းယူတတ်​လာခဲ့​ကြသည်​။ တစ်​ဦးကိုတစ်​ဦးတန်​ဖိုးထားအ​လေး​ပေးမှု့ များပိုမိုလာခဲ့ချိန်​မှာ​တော့ ပြဿနာအများစုအား လျစ်​လျူရှု့ နိုင်​လာကာ ​ပျော်​ရွှင်​ဖွယ်​​နေ့ရက်​များကို​တော့ဖြင့်​ ပိုမို၍ဖန်တီးနိုင်​လာခဲ့ကြသည်​။
တစ်​ရက်​မှသည်​ တစ်​လဆီသို့အချိန်​များသည်​တ​ရွေ့​ရွေ့ကုန်​ဆုံးခဲ့ရပြီး ​ပျော်​ရွှင်​ခြင်း ၊ဝမ်းနည်းခြင်း ​နေ့ရက်​များအားဖြတ်​သန်းရင်းနှင့်​ပင်​ မုန်း..တို့၏အချစ်​သက်​တမ်း​လေးမှာ တစစ​ရွေ့လျားလာခဲ့​လေပြီဖြစ်​သည်​။ ကြိုးစားမြဲကြိုးစားလျှက်​နှင့်​ပင်​ မုန်း..တို့အားလုံး၏ semesterကာလအတွက်​​မနားမ​နေ အစွမ်းကုန်​ကြိုးစားခဲ့ကြရသည်​။ ​ကျောင်းပျက်​ရည်​ရှည်​များ​ကြောင့်​​နေ့ညမအားပြန်​လည်​၍ စာများကိုကျက်​မှတ်​ယူခဲ့ကြရပြီး examအချိန်​နှင့်​ကပ်​​နေခဲ့​သော်​လဲ မုန်း..တို့​အားလုံး​ဖြေဆိုနိုင်​ခဲ့ကြပါသည်​။ ​ဤနှစ်​၏​နွေရာသီပိတ်​ရက်​သည်​ ပြီးခဲ့ပါ​လေ​သော ​နွေရာသီပိတ်​ရက်​များထက်​ ရင်​ခုန်​စရာ​ကောင်း​နေခဲ့ရပြန်​သည်​။ပြန်​လည်​၍အထစ်​အ​ငေါ့မရှိ​ပြေလည်​​နေ​သော အချစ်​ခရီးလမ်းတို့နှင့်​အတူ  အကြီးတန်းအမှတ်​များနှင့်​ ယခုထက်​မြင့်​​သောဘွဲ့လက်​မှတ်​များကို သင်​ယူဖို့ရာအခွင့်​အလမ်းများရရှိနိုင်​သည့်​အချိန်​ဖြစ်​ပြီး scholarship​ကျောင်းသားအခွင့်​အ​ရေးများအတွက်​ ​လျှောက်​ထားနိုင်​သည့်​အခွင့်​အ​ရေးတို့ရှိ​နေခဲ့ခြင်း​ကြောင့်​ဖြစ်​သည်​။  scholarshipအခွင့်​အ​ရေးအားနှစ်​သက်​လှသည့်​ ဏီ မှာ​တော့သက်​ပြင်းပူကြီးအားရင်​​မောစွာချလျှက်​ပင်​ အဆင်​သင့်​ပြင်​ဆင်​ထားခဲ့​သော ​လျှောက်​လွှာ​ဖောင်​အား မျက်​စိစုံမှိတ်​ကာစုတ်​ဖြဲခဲ့ပြီး ​သူချစ်​မြတ်​နိုးလှသည့်​ ကို​သော့်​ စကားကိုသာနား​ထောင်​ဖို့​ရွေးချယ်​ခဲ့​လေသည်​။ မုန်း..အတွက်​မှာ​တော့ ဤသည်​မှာလိုအပ်​သည့်​အရာမဟုတ်​ခဲ့သလို ယခင်​ကပင်​စိတ်​ဝင်​စားခြင်းလဲမရှိလှ​ပေ။ ထို့ပြင်​ယခုအခါမှာ​တော့  မိမိအမျိုးသားနှင့်​ အ​ဝေးမှာ​နေထိုင်​ဖို့မှာ ခက်​ခဲမှု့ တစ်​ခုဖြစ်​​နေရပြီဖြစ်​သည်​။ 
ပိုမိုရင့်​သန်​​သော​တွေး​ခေါ်မှု့ များနှင့်​ဤ​နွေမှသည်​ မုန်း..တို့၏အသက်​များမှာလဲ ဆယ်​​ကျော်​သက်​အရွယ်​ကိုပင်​​ကျော်​လွန်​​တော့မည်​ဖြစ်​​လေသည်​။ လူငယ်​ပိုင်းအသက်​အရွယ်​ကို ​ရောက်​ရှိ​တော့မည်​ဟူ​သောအ​တွေးတို့နှင့်​ ထပ်​မံကြုံ​တွေ့ရင်​ဆိုင်​လာရမည့်​အ​ခြေအ​နေတို့ကို ကိုယ်​စီ​တွေးမိကြ​ပေမယ့်​ မည်​မျှပင်​ဆိုဆိုမ​ပြောင်းလဲ၍ကျန်​​နေသည်​မှာ
တစ်​ဦးနှင့်​တစ်​ဦး အသက်​ထက်​မကချစ်​မြတ်​နိုး​နေကြခြင်းသည်​သာဖြစ်​​လေသည်​။

SAME LOVE DIFFERENT FEELING    (Complete) Où les histoires vivent. Découvrez maintenant