- အမေ့...ဆီပေါက်တယ်ဟ....မုန်း... ရေ လုပ်ပါဦးဆို...။
မီးဖိုခန်းမှဆူညံသံများကြောင့် မီးဖိုခန်းဝသို့ ရောက်လာသော အမေများကို ကြည့်ကာ ဝသန် နှင့် မုန်း ပခုံးလေးများ တွန့်သည်အထိရီမိလိုက်ကြသည်။ မာမီ ၏ မျက်စောင်းအောက်မှာ သာသာ လျှာထုတ်ပြကာ...
-မီးဖိုချောင် ဆိုတာကြီးက ချက်တတ်ဖို့ သိပ်ခက်တယ်နော် အန်တီ... ။
သာသာ့ အပြောကို ဝသန် အသံတိတ်ရီမိပြီး မေမေ မှာလဲ ခပ်ပြုံးပြုံးနှင့်....
-ဒါပေါ့ သာသာလေးရဲ့..လွယ်ကူတဲ့ အလုပ်မဟုတ်လို့ သင်ယူရတာပေါ့ မိန်းကလေးဆိုတာ အိမ်ထောင်ပြုသည်ဖြစ်စေ ၊ မပြုသည်ဖြစ်စေ အိမ်ထောင်မှု့ နိုင်နင်းရတယ် ဒါမှကိုယ့်အိမ်ထောင်ဖက်က သဘောကျမယ် ကိုယ့်ဘဝနောင်ရေးလဲ အဆင်ပြေမှု့ ရှိမှာပေါ့.. သမီးလေးရဲ့ သာသာလေးကို အများကြီးသင်ပေးရမှာပဲ...
-ဟုတ်တယ်...ခေမာ ရေ...ကိုယ်တွေခေတ်တုန်းက လူကြီးသူမတွေက ဆုံးမတယ် ''စီးတဲ့ရေ ဆည်တဲ့ကန်သင်း''...
အရှေ့ကယောကျာ်းရှာ မိန်းမကအနောက်ကနေထိန်းသိမ်း နိုင်ဖို့ အိမ်ထောင်မှု့ ကို အလေးပေးသင်ယူခဲ့ရတာ အခုခေတ်
ကလေးတွေကျတော့ အိမ်ထောင်မှု့  ဆိုတာ အိမ်အကူရဲ့အလုပ်လို ထင်နေကြပြီ...ဘာမှကိုမတတ်ကြဘူး..။-ဒါကတော့ အိမ်ကသမီးလဲ တူတူပဲ...ထူး ရေ...တို့ကတော့ မမဆွေကို သိပ်အားနာတာပဲ.. အသက်ကငယ်ငယ် အိမ်ထောင်မှု့ ဆိုတာ ဘာလဲမသိ မလုပ်တတ်မကိုင်တတ်... ကဲ အပြင်မှာ ပင်ပင်ပန်းပန်းအလုပ်က ပြန်လာမယ့် ယောကျာ်းတွက် ရင်လေးစရာ..သင်ပေးခဲ့တာတွေ တတ်ခဲ့လားတောင်မသိဘူး..။
-မေမေ.. ကလဲ မုန်း..နဲနဲ ပါးပါး တော့ တတ်ပါတယ်နော်..။
အမေ့ ပြောစကားကို မကျေနပ်သလို စူပုတ်ကာ ပြန်ပြောလိုက်မိသည်။ ထိုသည်ကိုပင် မုန်း..၏ တီချယ်ကြီး ဆိုလဲ ဟုတ်သည် ယောက္ခမကြီး ဟုလဲ ဆိုရမည့် တီချယ်ဆွေ မှ မုန်း..လက်ကို ခပ်ဖွဖွကိုင်ကာ ပြုံးလိုက်ပြီး..
![](https://img.wattpad.com/cover/126847624-288-k298102.jpg)
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...