ဒီနေ့တော့ မနက်စောစော သူငယ်ချင်း သုံးယောက် ကန်တော်ကြီးထဲ အားကစားသွားလုပ်ရန် ချိန်းထားသည်မို့
သာသာ အစောကြီးထကာ ပြင်ဆင် နေလိုက်သည်။ ယခုလို ဝေလီဝေလင်း ချိန်မှာ သူမတွက်ထလေ့မရှိသည်မို့ သူငယ်ချင်း နှစ်ယောက်က အတင်းခေါ်၍သာလိုက်ရမည်၊စိတ်ဝင်စားလှသည်မဟုတ်သောကြောင့် ပေါ့ပေါ့ပါးပါး ဝတ်ပြီး တော်သင့်ရုံလုပ်မည်ဟုပင် စိတ်ကူးလိုက်သည်။မြန်မြန်ပင် ပြင်ဆင် ပြီးချိန်ထိ ဟိုနှစ်ယောက်မှာ ရောက်မလာသေး။
စောင့်လက်စနှင့် ဝရန်တာဘက်သို့ ထွက်လိုက်မိသည်။.....ဟင်....ဒါ ထိုလူ...။ သူမမျက်လုံးကိုပင် သူမမယုံချင်။ ထိုလူ လွန်ခဲ့သော တစ်လလောက်ထဲက သူမမမြင်ခဲ့တော့တာဖြစ်သည်။ နေ့နေ့ညည တွေ့လိုတွေ့ငြားနှင့် သူတို့ခြံဘက်ကြည့်ရတာ အမော၊ သို့သော် အရိပ်ကလေးမှပင် မတွေ့ခဲ့ရချေ။ ထို့အတွက်ကြောင့် မိမိအမြင်မှားသည်ဟုပင် ယူဆခဲ့ရသည်။ ပြီးတော့ နောက်ရက်များတွင်လဲ သူမတို့အိမ်နှင့် ထိုသူတို့အိမ်ကြားရှိ မလွယ်ပေါက်ကိုလဲ ပိတ်ပစ်လိုက်ပြီမို့ သူမ အလွယ်တကူ ကူးမရဖြစ်ခဲ့သည်။
သင်တန်းမှ ပြန်ရောက်ချိန်တိုင်းလဲ မာမီ့ ကို ဘေးအိမ်မှ လာလည်သေးလားဟု မေးခဲ့ရတာအမောပင်။
သိချင်သည်ကို အရမက စုံစမ်းမည်ဟု ဟိုနှစ်ယောက်ကို ကြွေးကြော် ခဲ့သော်လဲ ခုထက်ထိတိုင် ဘာမှ မသိခဲ့ရသေး။
နေ့တိုင်း ထူးခြားချက်ရှိသည် မရှိသည်များကိုသာ ပြောပြနေခဲ့ရသည်။လွန်ခဲ့သော တစ်လခန့်က အိမ်ပြောင်းလာနှုတ်ဆက်ပြီးထဲက နောက်ထပ်လဲမတွေ့ရ။ ထိုသူတို့ အိမ်ဘက်မှ လဲအဆက်အသွယ်မလုပ်၊ ထိုသူတို့ အိမ်၏ နေရာအနှံ့မှာတော့ ထူးခြားမှု့များသာ ဖြစ်ပေါ်လာခဲ့သည်။ အိမ်ပြောင်းပြီး၁၀ရက်ခန့်
အကြာမှာ...စိုင်းသော်ဇေရိန် ဟုခေါ်သောလူမှ လူအမြောက်အမြားခေါ်လာကာ အိမ်အနှံ့ cctv များကို နေရာလပ်မချန် တပ်ထားခဲ့သည်။ အိမ်နှစ်ခု ကူးသမ်းနိုင်သည့်နေရာများကို အခိုင်အမာ ပိတ်ပစ်သည်။သူတို့အိမ်ဘက်ကူးလာ
နိုင်သည့် သစ်ပင်ကြီးများကို ခုတ်ပစ်ခဲ့သည်။ မိမိတို့ ဒိုင်ဗင်ထိုး ခဲ့သော သစ်ပင်ကြီးတောင် အိမ်ဝန်းအလယ်မကျတကျရှိနေ၍ ကျန်နေခဲ့ခြင်းဖြစ်ပုံရသည်။ သူတို့အိမ်ရှေ့တွင်တော့ လှပသည့် ပန်းခြံတစ်ခုကို အလျင်အမြန် ဖန်တီးကာ အလှဆင်ထားပြန်သည်။
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...