စောင့်နေရသူများအဖို့ အချိန်တွေသည်ကြာမြင့်လွန်းလှပါသည်။ operationခန်းရှေ့၌ ရပ်သူကရပ်၊ ထိုင်သူထိုင်နှင့်နေရာမှမခွာစောင့်နေခဲ့ကြသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ လက်မှနာရီအားကြည့်လိုက် လက်သီးစုပ်မိလိုက်နှင့် စေ ဂနာမငြိမ်ဖြစ်နေမိသလို ၊ လက်အုပ်ချီကာဘုရားအာရုံပြုနေပုံရသည့် အမေဖြစ်သူနှင့်ညီမဖြစ်သူ၏ မလှုပ်မယှက်တောင်းဆုခြွေနေသည်မှာလဲ နေရာမှမရွေ့ခဲ့၊ မရပ်တန့်သွားခဲ့ပေ။ ၆နာရီခန့်ရှိနေခဲ့ပြီ... သာမန်မဟုတ်သည့်ခွဲစိတ်မှု့ ကြောင့်ပေလား ၊ မည်သည့်အတွက်ကြောင့်ဆိုသည်ကိုတော့ မသိရလေပဲ အချိန်အတော်ကိုပင်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ကြာရှည်လာသည့်အချိန်တို့နှင့်အတူ စိုးရိမ်မှု့ တို့မှာပိုမိုမြင့်တက်လာရလေဖြစ်ပြီးနောက် ၆နာရီခန့်ကြာရှည်စွာစိမ်းနေခဲ့ရသည့် operationခန်းမှမီးအလင်းသည် အနီရောင်သို့ကူးပြောင်းသွားသည်ကိုတွေ့လိုက်ရသည်နှင့်ပင် ကိုယ်စီကိုယ်စီရောက်ရှိနေသည့်နေရာမှ တံခါးဝသို့အလိုလိုရပ်တန့်မိလိုက်ကြလေသည်။ စောလျှင်စွာထွက်လာသော ဆရာဝန်နားသို့စုရုံးကာရောက်မိကြပြီး ဆရာဝန်၏စကားတစ်ခွန်းအားကြားရန်အတွက် ငြိမ်သက်စွာစောင့်ဆိုင်းနေမိကြသည်။
-အောင်မြင်ပါတယ်... ။
ဆရာဝန်၏စကားသံအဆုံးမှာ အားလုံးသက်ပြင်းပူကြီးအားချလိုက်မိကြရင်း စိတ်ကိုလျော့လိုက်နိုင်ကြကာ မိမိနှင့်အနီးမှာရှိနေသောသူထံသို့ဖက်သူကဖက်နှင့် ဆုတောင်းပြည့်သွားကြသည့်အမူအရာမျိုးနှင့်ရှိနေခဲ့သည်။
-လူနာရှင်မိသားစုဝင်တွေပဲ..ဆရာ့နောက်ကိုလိုက်ခဲ့ပေးပါ။
ထပ်မံဆိုလာသော ဆရာဝန်၏ခေါ်ဆောင်ရာသို့ ခေါင်းတညိတ်ညိတ်နှင့်လိုက်သွားခဲ့သည့် အန်တီနန်းခေမာ နှင့် ဝသန့် အားကျန်လူများမှာ ခေါင်းညိတ်ကာပင်ကြည့်နေလိုက်ကြသည်။ လိုက်သွားရမည်ကိုစိုးရိမ်သည့်အလား မိမိအားမျက်နှာငယ်နှင့်ကြည့်လိုက်သော ဝသန့် အားပြုံးပြကာခေါင်းညိတ်ပြလိုက်ရင်း လက်နှစ်ဖက်အားနှစ်သိမ့်ပေးခြင်းအလို့ငှါပုတ်ပေးလိုက်မိသည်။ အောင်မြင်သည်ဆိုတာနှင့်ပင် ကျေးဇူးတင်စရာကောင်းနေခဲ့ပြီး ကျန်ရှိသည့်အခြေအနေအားလူနာရှင်များသိသင့်သည်ကိုပြောရမည်မှာလဲ ဆရာဝန်တို့၏ဝတ္တရားပင်ဖြစ်သည်။ထွက်သွားသော ဝသန့်... နောက်ကျောအားသက်ပြင်းချကာလိုက်ကြည့်နေမိရင်း operationခန်းမှထုတ်လာသည့်တွန်းလှည်းပေါ်မှ ကိုသော့် အားမြင်လိုက်ရချိန်ခဏပင် သာ့ စိတ်ထဲ၌ဝမ်းနည်းခြင်းနှင့်အတူကြောက်စိတ်လဲဝင်မိပါသည်။ မိသားစုတွင်သာမက မိမိပတ်ဝန်းကျင်တွင်ယခုကဲ့သို့အခြေအနေမျိုးမတွေ့ရှိခဲ့ဖူးရသည့်အတွက် ရပ်တန့်နေသောခြေလှမ်းတို့သည် အနောက်သို့အနည်းငယ်ယိုင်သွားခဲ့သည်ဟု ထင်မိသည်။ ကြောင်ငေးကာရပ်ကြည့်နေခဲ့မိပြီး ကိုစေ ၊ မမှူး နှင့် ဦးညိုအပါအဝင် ကိုသော့် လက်အောက်မှအလုပ်သမားတချို့မှာ တွန်းလှည်းနောက်မှထပ်ကြပ်မခွာလိုက်သွားခဲ့ကြပြီဖြစ်သည်။
သို့ပေမယ့် သာ့..မှာထိုင်ခုံထက်၌အသာထိုင်ချလိုက်မိပြီး စိတ်ထဲတွင်ဝမ်းနည်းမိကာမျက်ရည်တို့ဝဲလာရပါသည်၊ ထို့အတူ ဤမြင်ကွင်းနှင့်အခြေအနေအား မိမိသူငယ်ချင်း ဏီ...သာမြင်တွေ့ရမည်ဆိုပါလျှင် ....ဖြစ်ပေါ်လာမည့်ခံစားချက်အား တွေးကြည့်၍ပင်မရနိုင်ချေ။ တဖြေးဖြေးနှင့်ဝေးကွာသွားသော လူများနှင့်အတူ ဝဲလာခဲ့သောမျက်ရည်တချို့မှာ ပါးပြင်ပေါ်သို့ကျဆင်းလာခဲ့ပြီး သက်ပြင်းပူကြီးကိုသာအကြိမ်ကြိမ်ချလိုက်မိပါတော့သည်။
ŞİMDİ OKUDUĞUN
SAME LOVE DIFFERENT FEELING (Complete)
Romantizmမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...