အိပ်ယာထက်မှာ ဘယ်လှည့်ညာလှည့်နှင့် ဏီ အိပ်မပျော်သည့် ညတွေများနေသည်။ မျက်စိရှေ့မှာ မြင်တွေ့ခဲ့ရသည်များကို စိတ်တိုနေရုံမှလွဲ၍ လည်းမတတ်နိုင်။ ဘာများတတ်နိုင်မှာတဲ့လဲ ဏီ့ မှာတားပိုင်ခွင့်မှ မရှိတာ၊ ဏီ တို့ကဘာမှလဲ မဆိုင်ကြပေ။ မဆိုင်ပေမယ့်လဲ စိတ်တိုသည် ၊ မုန်းသည် ၊ စိတ်ထဲမှာ ဘာမှန်းမသိသည့် ခံစားချက်ကြောင့် မိမိကိုယ်ကိုပင် အမြင်ကတ်မိသည်။ စိတ်ထဲမှာ မကြည်တော့ မျက်စိရှေ့သို့ ရောက်လာသည့် အရာရာတိုင်းကလဲ အမြင်ကတ်စရာကောင်းနေသည်။ ယခုလဲ မနေ့ညကအိပ်ရေးမဝခဲ့၍ ခုံပေါ်မှောက်နေရာမှ ပြတင်းပေါက်နားမှ ရီသံကို အာရုံကစိုက်မိနေသည်။ မကြာခင်မှာ အတန်းပြန်စတော့မှာဆိုတော့ ကျူတာရောက်နေတာ ဖြစ်နိုင်သည် နောက်ထပ်ကြားရသည်က ဝပ်ရှော့ဆရာအသံ သူ့အသံကိုတော့မှားစရာလဲအကြောင်းမရှိ။ ဆရာကန်တော့ပွဲ အတွက်ဆွေးနွေးသည်လား..ကျောင်းသို့ စော်ရှာထွက်လာသည်လား မခွဲခြားနိုင်။ နေ့တိုင်းလာသည် ၊ လာတိုင်းရီမောနေသည် ၊ သွား၃၂ချောင်း ပေါ်အောင်ကို ပြုံးသည် ။အရင်နေ့တွေက အတန်းထဲ နှင့် တခြားmajor များမှ သတိမထားမိကြ။ ခုရက်တွေမှာတော့ ဟိုနားတိုးတိုး ဒီနားတိုးတိုးနှင့် သူ့ကို majorကျူတာ၏ ချစ်သူဟု ပြောဆိုနေကြပြီ။ ဒင်းတို့ကလဲ အတန်းရှေ့ထိ ပို့ကြ ပြောကြ ရီမောကြနှင့် မုန်းစရာ ကောင်းလွန်းနေသည်။
-ဟဲ့...ဏီ...အိပ်နေရာကနေ ဘယ်လိုဖြစ်တာလဲ...။
Deskကို လက်သီးနှင့်အားပြင်းပြင်းထိုးလိုက်သောကြောင့် အရှေ့နှင့် ဘေးမှာထိုင်နေသော သူငယ်ချင်းမနှစ်ယောက်ကပြိုင်တူပင် မေးကြလေသည်။အံကိုကျိတ်ထားမိရင်း သူတို့ကို ဘာမှမပြောပဲ ပြတင်းပေါက်ဘက်သို့ မေးငေါ့ကာ ပြလိုက်သည်။ ထိုအခါမှနှစ်ယောက်လုံး ရီလိုက်ကြပြီး ခေါင်းတခါခါနှင့် သူတို့နှစ်ယောက်တွေးလိုက်သည်က အိပ်မရ၍စိတ်တိုသည်ပေါ့...တကယ်ကိုယ့်စိတ်ထဲ ဖြစ်နေတာက အလိုခံစားချက်မဟုတ်တာ သေချာသည်။ အတန်းတက်ပြီး ရှေ့မှာ စာသင်နေတော့လဲ အာရုံကမရ ၊ကျူတာပေါက်စ ၏ လှုပ်ရှားပုံတွေကိုသာ နေရာလပ်မကျန်လိုက်ကြည့်မိနေသည်။
ဘယ်နေရာများ စိတ်ဝင်စားစရာ ကောင်းသလဲရှာနေမိသည့် မျက်လုံးမျိုးနှင့်...။
YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...