အခန်း(၁၅)

653 61 0
                                    

ီ ကား​မောင်း ​နေရင်းမှ မိမိကားတခုခုဖြစ်​​နေသလို ခံစားချက်​မျိုး ခံစားမိပြီး သိပ်​ပင်​မကြာလိုက်​ပါ ဏီ့ ကား​လေးမှာ လမ်း​ဘေးမကျတကျ ​နေရာ၌ ထိုးရပ်​သွား​တော့သည်​။ ကားရပ်​သွားလို့ ကား​ပေါ်မှ ဆင်း၍ စက်​ဖုံးဖွင့်​ကာ ကြည့်​မိ​သော်​လဲီ ဘာဖြစ်​လို့ဖြစ်​မှန်းမသိပါ၊ ကြည့်​သာကြည့်​သည်​ စက်​​တွေ​တော့မြင်​သည်​ ဘယ်​ဟာ ဘာဆိုသည်​ကို လုံးဝမသိသည်​မို့ စိတ်​ပျက်​စွာ ကျွတ်​တချက်​စုတ်​လိုက်​မိသည်​။ ​ဖေ​ဖေက uniကို မိမိတက်​ချင်​တာ တက်​ခိုင်းသည့်​အတွက်​ အ​ပေးအယူအ​နေနှင့်​ လုပ်​ငန်းဖက်​စပ်​ဖြစ်​သည့်​ ဟို လူနှစ်​​ယောက်​ထံ ​လေ့လာခိုင်း​သော်​လဲ တကယ်​သွား​တော့ ကားရုံကို သွားခဲ့ရပြီး ကားနှင့်​ပတ်​သက်​သည်​များကို သင်​ကြား​နေခဲ့ရသည်​မှာ ၃လနီးပါးပင်​ ရှိ​နေပြီဖြစ်​သည်​။ ၃လဆို​သော အချိန်​တွင်ီ့ အတွက်​ ​လေ့လာ လျှင်​အ​ခြေခံ ​လောက်​​တော့ သိမှာ မှန်​ပမဲ့  ဘာမှကိုမသိတာဖြစ်​သည်​။ဏီ မသိတာလဲ  မဆန်းပါ ၊ ​နေ့တိုင်း သွားရမည့်​အချိန်​တွင်​ကားရုံ ကို အ​ရောက်​ သွားသည်​ ၊​ရောက်​တာနှင့်​ ဏီ့ ကိုကားများထံ အလုပ်​လုပ်​​နေသည်​ကို လိုက်​ပြကြပြီး၊ ဘာဘာညာညာ​ပြောကြ​သော်​လဲ မျက်​စိက ကြည့်​သည်​ သို့​သော်​ မမြင်​ပါ။ ​သေချာ သင်​​ပေးရန်​ ဟိုဝပ်​​ရှော့ဆရာ ​ပြောထားသည့်​ ဦးညို မှာလဲီ ကြည့်​ကြည့်​မကြည့်​ကြည့်​ သူလုပ်​စရာ ရှိသည်​ကို သာ လုပ်​​နေမြဲ ဖြစ်​ပြီး...တခါတ​လေ​တော့ အကို​လေး ဒီ​နေရာ​လေးက​နေကြည့်​​နေ ဒါသိသင့်​တယ်​​ပြောတတ်​​သေးပါသည်​။

ထိုသည်​ကို တရက်​​လောက်​သာ ကြည့်​ပြီး ​နောက်​ရက်​မှ စ၍ ကားရုံ ​ရောက်​သည်​နှင့်​ ဏီ သည်​ ဦးညို​ဘေးနားသို့ ခုံတလုံးယူထိုင်​ကာ မိမိ​ကျောင်းစာဖတ်​ရမည်​ရှိလျှင်​ စာဖတ်​​နေတတ်​သည်​။ တခါတ​လေ အင်​တာနက်​သုံးသည်​ သူငယ်​ချင်းမ နှစ်​​ယောက်​ နှင့်​ လိုင်း​ပေါ်မှ အပျင်း​ပြေ​စေရန်​ chat သည်​၊ အတာမှလုပ်​စရာမရှိလျှင်​ game ထိုင်​​ဆော့ ပစ်​လိုက်​သည်​။ တခါတ​လေဆို အိပ်​ငိုက်​ပြီး အိပ်​ချင်​လာပြီဆို ရင်​​တော့ ဦးညို ကိုင်​​နေသည့်​ ကား​နောက်​ခန်းထဲ ဝင်​ကာ အိပ်​​နေလိုက်​တာမျိုး ဖြစ်​သည်​မို့ ဘာဆိုဘာမျှကို မသိခြင်းဖြစ်​သည်​။ ထို့ပြင်​ ကားရုံပိုင်​ရှင်​ ဖြစ်​​သော ဝပ်​​ရှော့ဆရာ သည်​လဲ ဏီ ထိုသို့​တွေ ပြုမူ​နေတာ မြင်​​နေ​တွေ့​နေ​သော်​လဲ ဘာတစ်​ခွန်းမှ မ​ပြောခဲ့သည်​မို့ အားနာစရာပင်​မရှိခဲ့ ...တခွန်းတ​လေ ​ပြောလျှင်​​တောင်​ အားနာစိတ်​​လေး​ကြောင့်​ စိတ်​မပါလဲ ကြည့်​မိဦးမည်​ ထင်​သည်​။ ခု​တော့ ထိုသို့ မကြည့်​မိသည်​ကိုပင်​ ​နောင်​တရ ရ​တော့မလိုပင်​။

SAME LOVE DIFFERENT FEELING    (Complete) Opowieści tętniące życiem. Odkryj je teraz