အခန်း(၁၉)

632 54 0
                                    

မ​နေ့ညက ​သော်​ တစ်​​ယောက်​အိမ်​ဘယ်​လိုပြန်​လာသလဲ သိချင်​၍ ph ဆက်​​ကြည့််​လိုက်​သည်​။ ph ဝင်​ပြီး ph ​တော့မကိုင်​။ အိမ်​ph ကိုဆက်​​တော့လဲ အန်​တီနန်း​ခေမာ က ည​တောင်​ပြန်​မအိပ်​ဟု ဆိုပြန်​သည်​။ ဒါဆိုရင်​ မူးမူးနှင့်​ ကားရုံမှာ အိပ်​​နေတာပဲ ဖြစ်​မည်​။ ​တော်​​သေးတာ​ပေါ့ မိမိက ကားရုံမှာ အခန်းလုပ်​ထား​ပေးမိလို့ မဟုတ်​လျှင်​ ကိုယ့်​သူငယ်​ချင်းကြီး ကားထဲမှာ ညအိပ်​မည့်​သ​ဘော ရှိသည်​။ အိမ်​ပြန်​အိပ်​လျှင်​ရ​သော်​လဲ မူး​နေလျှင်​ အိမ်​မပြန်​ချင်​ဘူး ​မေ​မေ​လေး နှင့်​ညီမ​လေး ကိုအားနာတယ်​ဟု ​ပြော​လေ့ရှိသည်​ ။ တခါတရံဆို ကိုယ့်​အိမ်​လိုက်​ကာ အမူး​ပြေမှ အိမ်​ပြန်​သည်​။ များ​သော အားဖြင့်​ကလဲ အလုပ်​ကိစ္စ dinner များတွင်​သာ ​သောက်​ရသည့်​အတွက်​ ​သော်​ ​ ​တော်​ရုံနှင့်​ မမူးတတ်​ပါ။ မ​နေ့ညကလို မရ​တော့ဘူးဟု​တော့ မ​ပြောခဲ့ဖူး​သေး။ သို့​သော်​လဲ ကိုယ်​က သိချင်​သည်​ကို မသိရပဲမ​နေနိုင်​သည်​မို့ ဇွတ်​​နေခိုင်းခဲ့မိသည်​။ ​နောက်​ပိုင်း ph ထပ်​ဆက်​ခဲ့သည်​ မကိုင်​​တော့.. ။ ခုလဲ ph မကိုင်​သည်​မို့ အိပ်​​နေတုန်း ဖြစ်​​ချေမည်​။

စေ ကားရုံ ​ရောက်​​တော့ ဦးညို အပါအဝင်​ ကျန်​အလုပ်​သမားများပါ သူတို့သက်​ဆိုင်​ရာ လုပ်​ငန်းများကို ​ဆောင်​ရွက်​​နေကြပြီဖြစ်​သည်​။ ​စေ့ ကို​တွေ့၍ ဦးညို အ​ပြေးလာပြီး ​သော်​ အလုပ်​မလာ​သေး​ကြောင်း ​ပြောသည်​။ ဒါဆို ကားရုံမှာ ညက ​သော်​ အိပ်​သည်​ကို သိပုံမရ​ချေ။ ထိုအခန်းကို ​သော်​ နှင့်​ မိမိသာ အဝင်​အထွက်​ လုပ်​ပြီး အလုပ်​သမားများ ဝင်​ထွက်​ခြင်း တားမြစ်​ထားကာ အခန်းမှာ အသံလုံခန်းဖြစ်​သည်​၊အထဲမှ​နေ၍ ​အောက်​ထပ်​၌အလုပ်​လုပ်​​နေသည်​ကို မြင်​​နေရ​သော်​လဲ ပြတင်း​ပေါက်​ ဖွင့်​မှ ​အောက်​ထပ်​မှ လူများသည်​ အ​ပေါ်ကအသံကို ကြားနိုင်​မည်​၊ မီးအလင်း​ရောင်​ကို မြင်​နိုင်​မည်​ဖြစ်​သည်​။ ထို့အတွက်​​ကြောင့်​ ​သော်​ အိပ်​​နေလဲ ​အောက်​ထပ်​ကသိမှာ မဟုတ်​သလို အ​ပေါ်တွင်​အိပ်​​နေ​သော သူမှာလဲ ​အောက်​ကအသံ​တွေကိုကြားနိုင်​မှာ မဟုတ်​။ ဦးညို ကို​ခေါင်းညိတ်​ပြလိုက်​ပြီး အ​ပေါ်ထပ်​သို့ တက်​ရန်​ ​ခြေလှမ်းပြင်​လိုက်​သည်​။

SAME LOVE DIFFERENT FEELING    (Complete) Where stories live. Discover now