မနက်ခင်းလေနုအေးလေးကိုပြတင်းတံခါးနားရပ်ကာပြည့်ဝစွာရှုရှိုက်ရင်း အချိန်များအကုန်မြန်လှသည်ကို ဏီ တွေးနေမိသည်။ ဘာလိုလိုနှင့်ပင်ကျောင်းပိတ်ရက်ရှည်မှာကုန်ဆုံးတော့မည်။ချစ်သူများအဖို့ကျောင်းဖွင့်ရက်သည် ပျော်ရွှင်စရာဖြစ်ပေလိမ့်မည်။သို့သော် ဏီ့ အတွက်တော့ထင်သလောက်မပျော်ရပါ ယခုလို ရှဲလ် ဘေးမှာအချိန်ပြည့်ရှိနေရသည့်အချိန်မှာတောင် အလွမ်းမပြေနိုင်ရှိရသည်။တရက်မှာ ၂၄နာရီရှိပါသော်လဲ ဏီ့ အနား ရှဲလ် ရှိနေပေးသည်မှာ လွန်ရောကျွန်ရောမှ နေ့ဝက်တောင်မရှိပါ။ ရှိနေခဲ့သောနေ့ရက်များတွင်လဲ အလုပ်တွက်အချိန်ပေးရသည်မှာ အမြဲထပ်တူကျနေတတ်ပြန်သည်။ ဏီ..စိတ်ကောက်ဂျီကျချိန်များတွင်သာအနားကမခွာချော့မြူနေတတ်ကာ သာမန်အချိန်များမှာတော့ ဏီ့ မှာအတင်းပင်ကပ်နေရသည်။တခါတလေ ဏီ့ ကိုယ် ဏီ သခင်ချစ်သောခွေးတကောင်လို ကပ်ပါးတစ်ကောင်လိုတောင်ထင်မိသည်အထိတွေးမိသည်။ မျက်နှာတစ်ချက်အညိုးမခံသော်လဲ အချိန်ပြည့်ဂရုတစိုက်နှင့် ထွေးပွေ့ထားသည်တော့လဲမဟုတ်ပြန်ပေ။ အလုပ်ပြီးရင်းအလုပ်နှင့် အလုပ်နှင့်အိမ်ထောင်ကျနေသည့်ချစ်သူအား ဘာကိုအားမရသည်လဲတော့ ဏီ ကိုယ်တိုင်ပင်မသိပါ။
ယခုလဲမနေ့ညကစာရင်းများညနက်သည်အထိလုပ်နေခဲ့ပြီး မနက်ပိုင်းမှအိပ်ယာဝင်ခဲ့၍ မနိုးသေးပဲအိပ်ယာထက်မှာအိပ်မောကျနေသော ချစ်ရသူကိုကြည့်ရင်း ဏီ.. ခေါင်းခါရမ်းမိသည်။ ရှဲလ်..အိမ်မှာလိုက်နေခဲ့စဉ်ကလဲ ညီမဖြစ်သူကိုစိတ်မချ၍ ၁ပတ်ခန့်အိမ်ပြန်လာနေခဲ့ကာ အလုပ်ပြန်ပိလာသည်ဆိုပြီး ကားရုံတွင်သာပြန်နေခဲ့သည်မဟုတ်ပါလား။ ပြန်လာခဲ့ချိန်တိုင်း ၊ ညဘက်တိုင်းမှာအနမ်းများနှင့်နှစ်သိမ့်ပေးတတ်ကာ ရင်ခွင်ထက်နွေးနွေးထွေးထွေးအိပ်စက်ခဲ့ရပေမယ့်
ချစ်သူရင်ခွင်ထဲရှိနေရသည့်အချိန်များမှာ ပြီးပြည့်စုံတယ်ရယ်မရှိပါပဲ ထပ်ကာထပ်ကာထာဝစဉ်အမြဲလိုအပ်နေဆဲဖြစ်သည်။ထိုသို့ပင် ရှဲလ် ရင်ခွင်ထဲမှာရှိနေရသည့်အချိန်များသည် ဏီ့ အတွက်လုံလောက်သွားသည်မရှိပါ လိုအပ်နေသောကွက်လပ်ကိုဖြည့်ရင်းပို၍ပို၍လိုအပ်လာခဲ့သည်..ထိုမျှလောက်ထိကို ရှဲလ် အပေါ်မှာချစ်ခင်မြတ်နိုးတွယ်တာမိသည်။

YOU ARE READING
SAME LOVE DIFFERENT FEELING (Complete)
Romanceမင်းဘယ်သူလဲ?မင်းဘယ်မှာမွေးလဲ?မင်းဘယ်ကလာလဲ?မင်းဘယ်ကိုသွားမလဲ?မင်းဘာတွေလုပ်သလဲ?..ငါ ဂရုမစိုက်ဘူး...ငါ့ကိုချစ်တာတခုပဲဂရုစိုက်နေမိတယ်...